ဒီဇင်ဘာနှင်းတွေကြာမှာ
စံပယ်ဖြူ တစ်ပွင့်
ရိုးသားတဲ့ ၀တ်ရုံကိုဆင်မြန်းလို့ရယ်
စမ်းချောင်းရဲ့ ဂီတသံနှင့်အတူ
မွေးရနံ့တွေဖက်ဖျန်း
ဒီကမ္ဘာမြေပြင်ကို သူ ရောက်လာခဲ့တယ် ။
ကြင်နာတတ်ခြင်းအပြည့်
သည်းခံခြင်းအပေါင်း
ရင်တွင်းမှာအောင်းနေသူလေးမို့
ရိုးရိုးလေးပဲ အမည်ပေးခဲ့ဖူးတယ်
ဒီဇင်ဘာယုန်ဖြူလေးရယ် ။
ချူချူချာချာနဲ့ လူဖြစ်လာရပေမယ့်
အများတကာရဲ့ အကျိုး သယ်ပိုးဖို့ဆိုရင်
မြင့်မိုရ်တောင် အကြိမ်ကြိမ်တက်
အကြိမ်ကြိမ်ဆင်းရစေအုံးတော့
မမောမပန်း ပိတိအပြုံးပန်း
ထာဝရပွင့်လန်းနေတတ်သူ ။
အများတကာအလယ်
သနားစဖွယ် ယုန်သူငယ်
ဆိုစေပေမယ့်
မတရားတာဆို
ကျားရဲတောလဲ
ရဲရဲဖြတ်ကျော် ရင်ဆိုင်ဝံ့သူ ။
အလှူတွေရက်ရောတဲ့ သူ့လက်က
ကဗျာတွေလဲထွက်တယ်
စကားတွေမချိုတတ်ပေမယ့်
စေတနာတွေပိုတတ်တယ်
အရာရာကို ရိုးသားစွာမြင်တတ်သူမို့
ဒီကမ္ဘာမှာ တန်ဖိုးရှိတဲ့ ပန်းစံပယ်လေးမို့
ထာဝရ ချစ်မြတ်နိုးရလေတယ် ။
လွင်ပြင်လှိုင်းငယ်
18 comments:
အရမ်းကို အစွမ်းထက်တဲ့ ကဗျာလှလှလေးပဲ.. ဒီနေ့က အမရဲ့မွေးနေ့လား.. အမအတွက် ဂုဏ်ယူမိပါတယ်... လွင်ပြင်နဲ့အမတို့ရဲ့ ကမ္ဘာလေး အေးချမ်းသာယာစွာနဲ့ ထာဝစဉ်တည်တံ့ပါစေနော်...
ဒီဇင်ဘာနှင်းတွေကြာမှာ
စံပယ်ဖြူ တစ်ပွင့်
ရိုးသားတဲ့ ၀တ်ရုံကိုဆင်မြန်းလို့ရယ်
စမ်းချောင်းရဲ့ ဂီတသံနှင့်အတူ
မွေးရနံ့တွေဖက်ဖျန်း
ဒီကမ္ဘာမြေပြင်ကို သူ ရောက်လာခဲ့တယ် ။
ဒီဇင်ဘာမြူနှင်းတွေရဲ့ကြား ရိုးသားဖြူစင်တဲ့ ဂုဏ်သတင်းတွေနဲ့ ဒီကမ္ဘာမြေပြင်ကိုရောက်လာတဲ့ အမစံပယ် ယခုမွေးနေ့မှသည် နောင်မွေးနေ့ပေါင်းများစွာထိ ချစ်တဲ့သူနဲ့အတူ အေးချမ်းသာယာစွာနဲ့ ဘ၀ကိုလျှောက်လှမ်းနိုင်ပါစေနော်...:)
ခင်တဲ့
လေပြေ
ကျေးကျေးနော်
ကက္ကတစ်လေးပေါင်းထားတယ်....ချဉ်စပ်လေး
အဲဘုစု
အစ်မာကီးကတော့ အားကြီးဝမ်းသာနေလေရဲ့
အားကျတယ်ဗျာ...ဟီ...
အလှူတွေရက်ရောတဲ့ သူ့လက်က
ကဗျာတွေလဲထွက်တယ်
စကားတွေမချိုတတ်ပေမယ့်
စေတနာတွေပိုတတ်တယ်
အရာရာကို ရိုးသားစွာမြင်တတ်သူမို့
ဒီကမ္ဘာမှာ တန်ဖိုးရှိတဲ့ ပန်းစံပယ်လေးမို့
ထာဝရ ချစ်မြတ်နိုးရလေတယ် ။
စပယ်လေးသက်ရှည်ကျန်းမာစွာဖြင်.မောင်လွင်ပြင်နှင်.
အတူကဗျာတွေစာတွေရေးကြရင်းသက်ဆုံးတိုင်ချစ်ပျော်ရွှင်ပြီးအေးချမ်းသာယာတဲ.ဘ၀လေးဖြတ်သန်းနိုင်ပါစေဆုတောင်းလျှက်။ခင်တဲ.အန်တီလေးမေခင်
ကိုလွင်ပြင်ရေ .. ဘာပြောရမှန်းကို မသိပါဘူး .. ရင်ထဲက သံစဉ်လေး သိပ်လှတယ်ရှင် ..
ပျော်ရွှင်ဖွယ်နေ့ရက်လေးများတိုင်းကို မဂျက်နှင့်အတူ ဖြတ်သန်းရပါစေလို့ ...
ချစ်သူ အတွက် ရေးတဲ့ကဗျာလေး ကို
လာပြီး အားပေးသွားတယ် ဗျိုး
ချစ်သူ နှစ်ယောက် ရာသက်ပန်
ရိုးမြေကျ ပျော်ရွင်ကြပါစေ ဗျာ
ဒါမျိုးတွေ မရိုးအောင် ခံစားနေနိုင်ပါစေ ... မွေးနေ့ရှင်လည်း ပီတိအပြုံးနဲ့ တစ်သက်လုံးပျော်ရွှင်နိုင်ပါစေ ...
သူရို့ဂျနီးမယားတွေများ ချစ်တတ်လိုက်ကြတာနော်။
ကဗျာတွေ စာတွေနဲ့။
ဆုတောင်းပေးထားခဲ့ပါတယ်။ နှစ်ယောက်လုံး ရွှင်မြူး ကြည်နူးနိုင်ကြပါစေ။
ကြည်နူးစရာလေးပဲ လွင်ပြင်လေးရေ။
သတိလည်းထားအုံးနော် သူကြီးအားကျနေပုံပဲ :P
ဂျက်တစ်ယောက် ကျေနပ်နေပြီပေါ့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အိုးးးး ချစ်စရာကဗျာလေးပဲရှင်
အကိုကော..မမ နှစ်ယောက်စလုံးအေးချမ်းပျော်ရွှင်ကြပါစေနော်။
ညီမက ကဗျာမရေးတတ်လို့ :))
တီတင့်ပြောတာ မှန်ပါအိ..
သူကြီးတစ်ယောက် အားကျနေပါအိ..
ထို့ကြောင့် လှတပတလေးများရှာနေပါအိ..
ကောင်မလေး ချောချောလေးများ
သတိထားကြပါ......စေတနာနှင့် အသိပေးအိ
ပုံ.....မိုးနတ်မင်း...:)
လောလောဆယ်တော့ မိမိုးနတ်လဲ
အားကျသွားပါအိ...ချစ်မကြီးကိုယ်စား..:P
Ma Jas ကတော့ ဒီကဗျာကို အကြိုက်ဆုံး ဖြစ်လိမ့်မယ် ထင်တယ်.. :)
ပန်းစံပယ်လေး ကျန်းကျန်းမာမာနဲ့ စာတွေအများကြီး အများကြီး ရေးနိုင်ပါစေ။
စမ်းချောင်းရဲ့ ဂီတသံနှင့်အတူ
ကိုလွင်ပြင်ရဲ့ ရင်ဘတ်ထဲမှာလဲ
သံစဉ်တွေပြည့်နေတယ်။
နာမည်နဲ့လိုက်အောင် တကယ်ဖြူစင်တဲ့ ဒီဇင်ဘာယုန်ဖြူလေးအကြောင်း ဖတ်သွားတယ်။ ချမ်းမြေ့ပါစေ...
စကားမစပ် လိပ်စာပြောင်းသွားပီ လွင်ပြင်ရေ အားလပ်ရင် ပြောင်းချိတ်ပေးပါဦးလို့...
ချမ်းမြေ့ပါစေ
လွင်ပြင်ချစ်သော ဂျက် ကျန်းမာပျော်ရွှင်သော မွေးနေ့ ပေါင်းများစွာ ပိုင်ဆိုင်ပါစေ..
ကိုကြီးလွင်ပြင်ရေ
မိုးသူ ဆုတောင်းလေးနောက်ကျသွားတယ်
မကြီးဂျက်မွေးနေ့ မှသည် နောင်နှစ် 100 ကျော်တိုင်
ပျော်ရွှင်မှုတွေနဲ့ ဖြတ်သန်းနိုင်ပြီး ကိုကြီးလွင်ပြင်နဲ့ 
အတူတကွ ကြည်းနူးပေါင်းဖက်နိုင်ပါစေဗျာ
ကိုကြီးလွင်ပြင်နှင့်မကြီးဂျက်တို့ ကိုခင်မင်တဲ့
မိုးသူ(တောင်ကြီး)
ကဗျာလေးက ရိုးရိုးလေးနဲ့ ခံစားလို့ကောင်းမှကောင်း
ကိုကိုလွင်ပြင်လှိုင်းငယ်တို့လည်း ကဗျာရေးတဲ့နေရာမှာ တယ်လက်စွမ်းထက်လှသကိုး
နှစ်သစ်မှာပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)
Post a Comment