ကောင်းကင်က တိမ်ငိုသံဟာ
အမြဲမဟုတ်ပေမယ့်
ငါ့ရင်က
နင့်ကို လွမ်းတဲ့နှလုံးသားငိုသံတွေရင်ခွင်လွင်ပြင်ပေါ် ရွာသွန်းတော့
လွမ်းဆွေးခြင်း မြစ်ငယ်
ဆယ်ကမ္ဘာခြားလဲ
မပြတ်စီးဆင်း
နှလုံးသားမှာ အလွမ်းအိုင်ဖြစ်နေပါပြီ ချစ်သူ ။ နှင်းတွေမြူတဲ့
ဆောင်းမနက်မှာ
တွဲလက်တစ်စုံနဲ့
ချစ်ခင်သူတို့ရယ်
ဆီးနှင်းတွေ ချစ်ရည်လူးတော့
အေးစက်တဲ့ ငါ့လက်တစ်စုံက
နှလုံးသားကို မျက်နှာငယ်လေးနဲ့ကြည့်နေရှာတယ်
တွဲလက်က နှုတ်မဆက်ပဲထွက်ခွာသူရေ ။ ကောင်းကင်ကကြယ်တခင်းအမြဲမလင်းပေမယ့်ငါ့ရင်ကနင့်ကိုချစ်ခြင်းကတော့နှလုံးသွေးတွေရပ်အိပ်မက်တွေ လွင့်ပျောက်သွားလဲနင်က သံသရာတလျှောက်ငါ့နှလုံးမှာထင်ကျန်နေမယ့်ချစ်ခြင်းကျောက်ဖြစ်ရုပ်ကြွင်းသစ္စာရဲ့ အလင်းတံခါးလေးတစ်ခုပါ ။ အနေမနီးပေမယ့် ဖြေတွေးစရာရိုးသားတဲ့ နင့်ရဲ့စိတ်ထားဓါတ်ပုံငါ့မှာရှိတယ် ရေမြေခြားနေလဲအတွေးမှာ နင်ကအမြဲရှိတော့အလင်းမှာ နင်ကအရိပ်အမှောင်မှာ မနေ့ကအတိတ်နင့်အကြောင်းများနဲ့အိပ်စက်တော့လဲအိပ်မက်မှာ နင်ကရှိတော့ဝေးတယ်မထင်အမြဲအနီးအနားငါ့အပါးမှာ နင်ကရှိနေတာပါဟာ ။ ဝေးမယ့်အဖြစ်ကိုမတွေးထားပေမယ့်ဆွေးရတဲ့ရင်မှာ ခံနိုင်ရည်ကိုအချိန်နဲ့ ကုစားနီးရမယ့် တချိန်မှာပြောင်းလဲခြင်းတရားတွေနင့်ရင်မှာ မရှိပါစေနဲ့လို့တောင်းဆုတွေခြွေရင်းမနေ့ကထက်ဒီနေ့က နင်နဲ့နီးဖို့ပိုနီးသွားပြီပေါ့ ။ လွင်ပြင်လှိုင်းငယ်
14 comments:
အလွမ်းရဲ.ငိုသံနှင်.ပြောတဲ.စကား
ကဗျာလေးကောင်းတယ်ကွယ်။
အားပေးလျက်ခင်တဲ.အန်တီလေးမေခင်
ဆွေးရတယ်ဗျာ
ကဗျာလေးက
တော်တော်ကောင်းတယ်
ရေမြေခြားနေလဲအတွေးမှာ နင်ကအမြဲရှိတော့အလင်းမှာ နင်ကအရိပ်အမှောင်မှာ မနေ့ကအတိတ်နင့်အကြောင်းများနဲ့အိပ်စက်တော့လဲအိပ်မက်မှာ နင်ကရှိတော့ဝေးတယ်မထင်အမြဲအနီးအနားငါ့အပါးမှာ နင်ကရှိနေတာ.......
ကဗျာလေးကဖတ်နေရင်းနဲ့ရင်ကိုထိတယ်ကိုကြီး
ကောင်းလိုက်တဲ့ ကဗျာလေးဗျာ
အမှတ်တရ အနေနဲ့ သိမ်းထားပါ
နောင်အခါကျရင် သူ့ကိုပေးဖတ်ဖို့လေ
ယောက္ခမ အဲဒါ သမက်အတွက်ရေးတာမို့လား
သည်စကားတွေ ချစ်သူကြားပါစေဗျာ။
သင်၏
သမက်လောင်း
ချစ်သူ
ကောင်းကင်က တိမ်ငိုသံဟာ
အမြဲမဟုတ်ပေမယ့်
ငါ့ရင်က
နင့်ကို လွမ်းတဲ့နှလုံးသားငိုသံတွေရင်ခွင်လွင်ပြင်ပေါ် ရွာသွန်းတော့
လွမ်းဆွေးခြင်း မြစ်ငယ်
ဆယ်ကမ္ဘာခြားလဲ
မပြတ်စီးဆင်း
နှလုံးသားမှာ အလွမ်းအိုင်ဖြစ်နေပါပြီ ချစ်သူ ။
အလွမ်းအိုင် တကယ်ဖြစ်နေပြီလား.. ဟီးး
နောက်တာနော်.. ကဗျာကောင်းလေးလာဖတ်သွား
ပါတယ်...း)
အိမ်မက်ထဲမှာသူအမြဲရှိတော့
ဝေးတယ်မထင်ပါတဲ့
အရမ်းလှတယ်။
သိင်္ဂါရ ရသကဗျာလေးကို
မျှဝေခံစားခဲ့ပါတယ် ။
ဆက်လက်ထုဆစ်နိုင်ပါစေ ။
ကိုလွင်ပြင် ရဲ့ ကဗျာလေး ဖတ်ပြီး အလွမ်းရဲ့ ငိုသံ နဲ့ စကားပြောမယ့် ချစ်သူတစ်ယောက်လောက် အရမ်းလိုချင်သွားတယ်..း)
ခင်တဲ့
အိမ်မက်
ကိုလွင်ပြင်
ဒီကဗျာလေးအရမ်းကြိုက်တယ်။
ကိုလွင်ပြင်နဲ့မစံပယ်ကဗျာစာအုပ်ထုတ်ပါလား။
ခံနိုင်ရည်ကိုအချိန်နဲ့ ကုစားနီးရမယ့် တချိန်မှာပြော ဝေးမယ့်အဖြစ်ကိုမတွေးထားပေမယ့်ဆွေးရတဲ့ရင်မှာ င်းလဲခြင်းတရားတွေနင့်ရင်မှာ မရှိပါစေနဲ့လို့
စကားလုံးတွေကြိုက်တယ်ဗျာ
ဘယ်သူ့အတွက်ရေးတဲ့ ကဗျာတုန်း မောင်လွင်ပြင်။
သူရို့ဇနီးမောင်နှံကိုကြည့်ရတာ ဇာတ်တော်ထဲက ကိန္နရီကိန္နရာအကြောင်း ဖတ်ရသလိုလိုဘဲ။ တစ်ခါလေးဝေးရပြီဆိုရင် ကဗျာတွေက အပုဒ်ခုနစ်ရာ ရှစ်ရာ။ လွမ်းလဲ လွမ်းတတ်ကြပါ့။ ခေတ်သစ်ကိန္နရီမောင်နှံလို့ တင်စားခေါ်ရတော့မလို ဖြစ်နေပြီ။ ဟာ ဟ။
နူးညံ့တဲ့ ချစ်ခြင်းတွေကို ဒီနှစ်ယောက်ရဲ့ ကဗျာလေးတွေမှာ အမြဲတွေ့ရတယ်.. ဘာဖြစ်ဖြစ် ဒီလို မြင်ရ ဖတ်၇တာ သိပ် စိတ်ချမ်းသာတာပဲ..
မမဝသုန်
လှပတဲ့ လွင်ပြင်မှာ စပယ်တွေ ဆယ့်နှစ်ရာသီပွင့်တာ ဒါကြောင့်ကိုး ...
ခံစားချက်နဲ့တိုက်ဆိုင်တာအောက်နားကစာသားတွေပဲ။
ရေမြေခြားနေလဲအတွေးမှာ နင်ကအမြဲရှိတော့အလင်းမှာ နင်ကအရိပ်အမှောင်မှာ မနေ့ကအတိတ်နင့်အကြောင်းများနဲ့အိပ်စက်တော့လဲအိပ်မက်မှာ နင်ကရှိတော့ဝေးတယ်မထင်အမြဲအနီးအနားငါ့အပါးမှာ နင်ကရှိနေတာပါဟာ ။
Post a Comment