ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

နှလုံးသားလွင်ပြင်ပေါ်မှ တပွင့်တည်းသောပန်းစံပယ်

Wednesday 5 December 2012


သံယောဇဉ်တွေ
ထပ်ထပ်ပေးပြီး
ချစ်ခြင်းရဲ့ မြက်ခင်းလေးမှာ
အတ္တကင်းတဲ့
ရိုးသားတဲ့ ခြေလှမ်းတစ်စုံနဲ့
ငါ့ရင်ခွင်နန်းကို
နင်ဝင်လာတုန်းက
ကာရံနမ်းတဲ့
ကဗျာပန်းတွေ
စံပယ်ရနံ့နဲ့
ထုံထုံသင်းတာ
ငါ့နှလုံးသားလွင်ပြင်ပေါ်မှာဝယ် ။

မချစ်ဖူးလို့
အချစ်ရူးတာ မဟုတ်ပါဘူး
မဖြစ်ဖူးတဲ့
သံယောဇဉ်ထူးမို့
မေ့လို့မရ
အမုန်းသင်ခန်းဆိုတာ
နှလုံးသားက သင်ခွင့်မပြုတဲ့
တားမြစ်စာမျက်နှာမို့
အလွမ်းအစား
အနမ်းတွေပြည့်တဲ့
နှုတ်ခမ်းဖျားက
မုသား ပလီပလာတွေ 
မဆိုးထားမှတော့
နှလုံးသားစကား
တိုက်ရိုက်ကြား
အမှားတွေကင်း
ဆူးတွေရှင်းတဲ့
ပန်းစံပယ်က
နှလုံးသားလွင်ပြင်မှာ
အပြည့်စိုက်ထား
ဒါကို အရူးတစ်ယောက်လို့ ခေါ်မလား ။

ငါအမှားတွေရှိပေမယ့်
နားလည်မှု့တွေ ထားတတ်တဲ့
နင့်ရဲ့ ဖြူစင်တဲ့ နှလုံးသားပေါ်ဝယ်
အရောင်လဲ မဆိုး
ဒဏ်ရာမပေး
ဝေဒနာ ဟို့..... အဝေးပြေးစေပြီး
နှလုံးသားနှစ်စုံ
ချစ်ခြင်းတစ်စုံနဲ့
နှစ်ယောက်တစ်ဘဝ
ခဏလေးတောင်
ဝေးမနေနိုင်ပေါင် ။


လွင်ပြင်လှိုင်းငယ်
 

19 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

အားကျချစ်ခင်စရာ ကဗျာလေး...
ချစ်လဲချစ်နိုင်ကြပါပေတယ် မနာလိုတောင် ဖြစ်လာတယ်း))

Anonymous said...

ကိုလွင်ပြင်ရေ .. အားပေးခဲ့ပါတယ်ရှင် ..

ရွှေအိမ်စည် said...

နှလုံးသားနှစ်စုံ
ချစ်ခြင်းတစ်စုံနဲ့
နှစ်ယောက်တစ်ဘဝ
ခဏလေးတောင်
ဝေးမနေနိုင်ပေါင် ။

:) :)

ကေပိုး said...

စာသားလေးတွေ အရမ်းလှတာပဲ.. ကိုလွင်ပြင်ရေ..

မမစံပယ်တော့ မသိဘူး.. ညီမလေးတော့ ကဗျာလေးကို သဘောကျတယ်..

3rdthameetaw said...

ဆထက် ထမ်းပိုး ချစ်ကြဗျိုး

လရိပ်အိမ် said...

အချင်းချင်းသိပ်ချစ်ကြတယ်နော်။ အားကျတယ်။
ဒီမှာတော့ အလွမ်းအဆွေးနဲ့ဘဲဇတ်သိမ်းမယ်ထင်တယ်။ :)))

Unknown said...

နှလုံးသားနှစ်စုံ
ချစ်ခြင်းတစ်စုံနဲ့
နှစ်ယောက်တစ်ဘဝ
ခဏလေးတောင်
ဝေးမနေနိုင်ပေါင် ။
မောင်လွင်ပြင်နှင်.စပယ်လေး
ရိုးမြေကျပေါင်းဖက်လို.
ပျော်၇ွှင်ချမ်းမြေ.တဲ.ဘ၀လေး
ပိုင်ဆိုင်ကြပါစေကွယ်။
ခင်တဲ.အန်တီလေးမေခင်

ညီလင်းနိုင် said...

မဂျက် ကံကောင်းတာပေါ့ .....

ကဗျာရဲ့ ရနံ့က ဝန်းကျင်ကိုပါ

ပျံ့နှံ့ ကြည်မွေ့သွားစေခဲ့ပြီဗျာ ။

ဆက်လက်ထုဆစ်နိုင်ပါစေ ။

သူကြီးမင်း (တုံးဖလား) said...

အင်း... မဟုတ်မှလွဲရော...
မိစံပယ်တစ်ယောက် စိတ်ကောက်နေလို့
ကဗျာလေးတွေနဲ့ ချော့နေပုံဘဲ။း))

mstint said...

ဖေ့ဘုတ်မှာဖြတ်လမ်းနည်းနဲ့ ဖတ်ခဲ့ပေမယ့် ကဗျာလေးက ကောင်းလို့ တစ်ခေါက်ထပ်ဖတ်သွားတယ်။ လိုက်လဲလိုက်တဲ့ ကဗျာပါရမီရှင်စုံတွဲလေးး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Yoemyaykya said...

ဒီမောင်နှံကတော့အားကျနေပါတယ်ဆို။ တစ်ပွင့်တည်းသောစံပယ်လေးအတွက်အသက်ဆက်နေတဲ့အစ်ကိုလွင်ပြင်ရေ။

Anonymous said...

ချစ်နိုင်ကြပါစေဗျာ...
သာအေးတို့ ခမျာတော့ လှည်းတွေ နွားတွေ နဲ့
ဝေးတုန်းကိုး သို့ပေသိ တစ်နေ့တော့
ကြည့်ကြဦးပေါ့လေး)))။


သင့်၏
သမက်လောင်း....
( မင်းမြတ်သက်စံမူနမ်း )

Anonymous said...

ချစ်နိုင်ကြပါစေဗျာ...
သာအေးတို့ ခမျာတော့ လှည်းတွေ နွားတွေ နဲ့
ဝေးတုန်းကိုး သို့ပေသိ တစ်နေ့တော့
ကြည့်ကြဦးပေါ့လေး)))။


သင့်၏
သမက်လောင်း....
( မင်းမြတ်သက်စံမူနမ်း )

အိပ်မက်ကောင်းကင် said...

ကဗျာလေးတွေနဲ့တစ်ပုဒ်ပြီးတစ်ပုဒ် တင်စားနေတာ အားတောင်ကျလာပြီ
ခရစ်မစ်မှာလည်း နှစ်ယောက်စလုံးပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

လေပြေချို said...

လွင်ပြင်ရေ... အချစ်တွေ အနှစ်တွေနဲ့ စံပယ်ပန်းရနံ့လေးတွေ သင်းထုံနေတဲ့ ကဗျာလှလှလေးကို အားပေးသွားတယ်နော်... ခရစ်စမက်မှာ နှစ်ယောက်သား ပျော်ရွှင်ပါစေ...
ခင်တဲ့
လေပြေ

ချင်းမလေး said...

ငါအမှားတွေရှိပေမယ့်
နားလည်မှု့တွေ ထားတတ်တဲ့
နင့်ရဲ့ ဖြူစင်တဲ့ နှလုံးသားပေါ်ဝယ်
အရောင်လဲ မဆိုး
ဒဏ်ရာမပေး
ဝေဒနာ ဟို့..... အဝေးပြေးစေပြီး
နှလုံးသားနှစ်စုံ
ချစ်ခြင်းတစ်စုံနဲ့
နှစ်ယောက်တစ်ဘဝ
ခဏလေးတောင်
ဝေးမနေနိုင်ပေါင် ။
ကဗျာကောင်းလေး လာအားပေးသွားပါတယ်.. :)

အလွမ်းမြို့ said...

လွင်ပြင်ရေ...

နှာ့အဖော်ရှိတွားပြီကွ။
ခဏလေးတောင် ဝေးမနေနိုင်ပေါင်တဲ့။

နှလုံးသားနှစ်စုံ
ချစ်ခြင်းတစ်စုံနဲ့
နှစ်ယောက်တစ်ဘဝ
ခဏလေးတောင်
ဝေးမနေနိုင်ပေါင် ။

ကောင်းလိုက်တဲ့ ခံစားချက်ပြည့် ရင်တွင်းသံစဉ်.
အားပေးတယ်။။ ဖြောင်း...ဖြောင်း..ဖြောင်း..

ချစ်စံအိမ် 2028 said...

ခေါင်းစဉ်လေးကအစ မိုက်ပါ့ :D

~ Kk ~

Unknown said...

မိတ်ဆက်တယ်နော်လွမ်းငယ်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :