ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အားမငယ်ပါနဲ့ လောကကြီးရယ်

Wednesday 9 January 2013

ငိုရင်လွယ်
ရှိုက်ရန်ခက်
သေရင်လွယ်
ရှင်ဖို့ခက်
ချစ်ခြင်းအတွက်
စစ်ပွဲတွေဖြစ်နေသလို
မြစ်ပြင်မှာ
မီးထွန်းချင်သူတွေလဲရှိတယ်
မေတ္တာတွေရှင်သန်နေပေမယ့်
သစ္စာတွေကျွမ်းလောင်တော့
ချစ်ခြင်းတွေ ပြာတို့နယ်
လေအဝေ့ ဘယ်တကွေ့မှာ
ပျောက်သွားမှန်းမသိခဲ့ဘူး ။

ဟန်ဆောင်မျက်နှာဖုံးတပ်
မာယာတွေပွဲတော်ဆက်
မနာလိုမှု့တွေ ဆင်မြန်းရင်း
လူ့လောကဇာတ်ခုံ
ဖားက က ရင်း
ရိုးသားသူတို့ မျက်ရည်ပင်လယ်
အတ္တလှေနဲ့ ဇိမ်ခံစီးရင်း
ဒီဘ၀မှာ ပျော်နေသူလဲ ဒုနဲ့ဒေး ။

တစ်ကျပ်ရှိရင်
ငါးမူးလှူ
တစ်မတ်ဖိုးနဲ့
စားသောက်ရောင့်ရဲ
လက်ကျန်ကိုစုဆောင်း
လောကဒဏ်ဘယ်လောက်ထောင်းထောင်း
မပြောင်းတာ ရိုးသားတဲ့အားမာန်
ငတ်လို့သေရင်သေ
သတ်လို့မသေတဲ့
စိတ်ထားလှလှနဲ့
ဒါနတွေကျောပိုး
အများအကျိုးအတွက်
အသက်ရှင်နေသူတွေလဲရှိသေးတယ် ။

ထို့ကြောင့်
ထို့ကြောင့်
အကောင်းအဆိုးတွေ တွဲဖက်
နေထွက်နေ၀င်ရှိနေသေးလို့
အားမငယ်ပါနဲ့ လောကကြီးရယ် ။

(အခုတလောအလုပ်တွေများနေလို့ စာလဲမရေးနိုင် အိမ်လည်လဲမထွက်စာဖတ်ပေမယ့် ကော့မက်တွေမချန်ခဲ့နိုင်တာကို နားလည်ပေးကြပါရန်)

အားလုံးကိုလေးစားချစ်ခင်လျက်

လွင်ပြင်လှိုင်းငယ်

 

18 comments:

witch83 said...

အကောင်းနဲ့ အဆိုးတွေ အမြဲတွဲဖက်နေပြီး နေထွက်နေ၀င်ဟာလည်း ကမ္ဘာတည်သရွေ့ ရှိနေသေးမှာမို့ လောကကြီးက အားမငယ်ပါဘူးတဲ့။ :)

Aunty Tint said...

အလုပ်တွေရှုပ်နေတဲ့ကြားက လောကကြီးကို အားပေးစကားလေးတွေနဲ့ ဖေးမထားတဲ့ ကဗျာကောင်းလေးတစ်ပုဒ် ဖတ်ခွင့်ရလို့ ကျေးဇူးပါ လွင်ပြင်လေးရေ။ အမြဲနားလည်ပေးထားတယ် ဒီ၂ယောက်ကိုး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အိပ်မက်ကောင်းကင် said...

အဓိပ္ပာယ်ရှိလွန်းလှတဲ့ ပိုစ့်လေးတစ်ခုပါပဲ
သည်ကဗျာလေးက ဘ၀အတွက် အားဆေးတစ်ခွက်လိုပါပဲ ကျေးဇူးပါ ကိုကိုလွင်ပြင်ရေ
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

cho cho chit said...

အားမငယ်တော့ဘူး ကိုလွင်ပြင် ရေ

Yoemyaykya said...

တစ်ကျပ်ရှိရင်
ငါးမူးလှူ
တစ်မတ်ဖိုးနဲ့
စားသောက်ရောင့်ရဲ
လက်ကျန်ကိုစုဆောင်း
အဲဒီလူတွေကို ဦးညွှတ်ပါတယ်အစ်ကိုလွင်ပြင်။

စံပယ်ချို said...

ဘုစုလဲ အားမငယ်တော့ဘူးနော်

Unknown said...

ထို့ကြောင့်
ထို့ကြောင့်
အကောင်းအဆိုးတွေ တွဲဖက်
နေထွက်နေ၀င်ရှိနေသေးလို့
အားမငယ်ပါနဲ့ လောကကြီးရယ် ။
မအားတဲ.ကြားကလောကကြီးကိုအားပေးစကားပြော
ကြားပေးလို.ကျေးကျေးပါ။အားပေးလျှက်
ခင်တဲ.အန်တီလေးမေခင်

Cameron said...

ဟုတ်တယ် ဒယ်ဒီပျောက်ချက်ကောင်းနေတယ်

မိုးနတ်ကြယ်စင် said...

ချစ်ကိုကြီးရေ ..အားမငယ်တော့ပါဘူးဟယ်...
စာသားတိုင်းဟာ တန်ဖိုးရှိစွာ အလေးအနက်သတိထား
စရာတွေချည်းပဲမို့ မဖတ်ရတာလဲ ကြာနေတဲ့ ချစ်ကိုကြီးရဲ့ ကဗျာလေးကို လေးနက်စွာခံစားခဲ့ကြောင်းပါ
ဒါထက်...ပျောက်ချက်သားကောင်းနေတယ်နော်
အကိုတော် ..မတွေ့ကြရပေမဲ့ အကိုတော်နဲ့အမတော်ကို
အစဉ်အမြဲသတိရလျက်ပါရှင်....:)
ခင်မင်နေလျက်..မိုးနတ်

Thu said...

ထို့ကြောင့်
ထို့ကြောင့်
အကောင်းအဆိုးတွေ တွဲဖက်
နေထွက်နေ၀င်ရှိနေသေးလို့
အားမငယ်ပါနဲ့ လောကကြီးရယ် ။
AjaAja fighting!!!!

roseayemaung said...

ဒီအားဆေးကဗျာလေးကိုသောက်ချလိုက်ပြီ...အားမငယ်တော့ဘူးနော်

Anonymous said...

ကိုလွင်ပြင်ရေ .. အားတွေ ဖြစ်ခဲ့တယ်နော် :) :)

မဒမ်ကိုး said...

အကို့ကဗျာကိုဖတ်ပြီးအားမငယ်တော့ပါဘူးအကို
မလာဖြစ်ပေမယ့်သတိရနေပါတယ်
ခုတော့ ဘလော့ပြန်လည်နေပါပြီ

ချစ်ခင်လျှက်
ညီမငယ်
ဒိုးကန်

သူကြီးမင်း (တုံးဖလား) said...

ဟုတ်တယ်။
အားတင်းရမှာပေါ့။ ဘ၀ဆိုတာ ဒီလိုဒီလိုတွေနဲ့ ရောပြွမ်းနေတာမဟုတ်လား။

ညီလင်းနိုင် said...

ခွန်အားတွေ မျှဝေပေးထားတဲ့ ကဗျာလေးမို့ ၊

အားအင်ရရှိခဲ့ပါတယ် ။

ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။

မိုးညချမ်း said...

အစ်ကို့ကဗျာလေးဖတ်ရင်း ညလေးလည်း“အားမငယ်ပါနဲ့ လောကကြီးရယ်”လို့ပဲ ထပ်ဆင့် အားပေးလိုက်ချင်ပါတော့တယ် ...

Anonymous said...

အကိုတော်ရဲ့ ကဗျာလေးဖတ်ပီး အားငယ်တော့ဝူး :D

~ Kk ~

Anonymous said...

အကိုရေ ခုရော ဘယ်မှာ ကဗျာတွေရေးတင်နေလဲဗျ Fb page ရှိရင်လဲ လမ်းညွှန်ခဲ့ပါဦးနော်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :