ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

မင်္ဂလာဦးဆွမ်းကျွေးဖိတ်ကြားလွှာ ကိုအောင်မျိုးလွင်(ခ)ကိုမျိုး***ပန်းပျိုးလက်*** + မသွန်းမီမီ

Monday 14 January 2013


မင်္ဂလာဦးဆွမ်းကျွေးဖိတ်ကြားလွှာ

ရန်ကုန်တိုင်း ၊ အမှတ်(၂၂) ၊ သခင်အုန်းခင်လမ်း(၂၈) ရပ်ကွက် ၊ ဒဂုံမြို့သစ်မြောက်ပိုင်းနေ ၊
ဦးငွေတင် + (ဒေါ်ခင်ရွှေ)တို့၏သား
(ကိုတင်အုန်း) +မခင်စန်း၊ကိုအောင်ကြည်+မခင်သန်း၊ကိုမျိုးမြင့်လွင် ၊
မကြူကြူမော်တို့၏ညီ ၊မောင် ကိုနိုင်မျိုးလွင်+မသန္တာမျိုးတို့၏ အကို
  
               ကိုအောင်မျိုးလွင်(ခ)ကိုမျိုး *** ပန်းပျိုးလက်***

                                           နှင့်

ရန်ကုန်တိုင်း ၊ အမှတ်(၇၆) ၊ (၅လွှာ) ၊မြောင်းကြီးလမ်း ၊ရေကျော်ရပ်ကွက်
    ပုဇွန်တောင်မြို့နယ်နေ ဦးတင်ဝင်း +ဒေါ်မြင့် တို့၏ သမီး
မသင်းသင်း၏ညီမ ၊မခင်မျိုးဝင်း ၊မောင်အောင်သူဝင်း +မအေးအေးသွယ်
မောင်ဇော်ထွန်း + မသီတာလွင်တို့၏ အမ

                                     မသွန်းမီမီ

တို့၏မင်္ဂလာဦးဆွမ်းကျွေးသို့ ကြွရောက်ကြပါရန် လေးစားစွာ ဖြင့်ဖိတ်ကြားအပ်ပါသည် ။

                               ***********************************

မင်္ဂလာအစီအစဉ်

မင်္ဂလာနေ့ရက် ။            ။မြန်သက္ကရာဇ်(၁၃၇၄)ခုနှစ် ၊ပြာသိုလဆန်း (၅)ရက်
                                      ခရာစ်သက္ကရာဇ်(၂၀၁၃)ခုနှစ်၊ဇန်နဝါရီလ (၁၆)ရက်
                                       ဗုဒ္ဓဟူးနေ့

မင်္ဂလာဆွမ်းကပ်။           ။နံနက်(၁၁)နာရီ မှ နေ့လည်(၁)နာရီအထိ
တရားနာနှင့်
မင်္ဂလာလက်မှတ်ထိုး။     ။နေ့လည်(၁၂)နာရီ

မင်္ဂလာနေရာ။             ။ရတနာရာမ ကျောင်းတိုက်

                                   30,Jalan SS 2 / 72, Petaling Jaya 47300 ,
                                   Selangor
 ကိုမျိုးဖုန်းနံပါတ်လေးနော်  ။     ။010 8966 339

                             ******************************************


မလေးရှားတွင်ရှိသော ကိုမျိုး(ခ) ပန်းပျိုးလက်၏ သူငယ်ချင်းများနှင့် ကွဲကွာနေသောသူငယ်ချင်းများ
မင်္ဂလာနေ့ရက်လေးသို့ လာရောက်ရန် လေးစားစွာဖိတ်ကြားအပ်ပါသည် ။ ။ ။

                           *******************************************

လေးစားရတဲ့ ဘလော့ဂါမိတ်ဆွေများနှင့် စာချစ်သူတို့ခင်ဗျာ

သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာဆောင်လေးကို ကျွန်တော်လွင်ပြင်မှ စေတနာနှင့်ကြေငြာအပ်ပါသည် ။

ဘလော့ဂါသူငယ်ချင်း လူပျိုကြီး အပျိုကြီးများ အားကျစွာ အချစ်ကိုရှာဖွေရင်း လွင်ပြင်  နောက်ထပ်ချစ်သူစုံတွဲတွေ ကြေငြာပေးချင်ပါသေးတယ် ။

ကဗျာတစ်ပုဒ် လက်ဆောင်ပေးလိုက်ပါတယ်

ခင်မင်တွယ်တာ
မြတ်နိုးစွာနှင့်
သံယောဇဉ် အထပ်ထပ်
မေတ္တာတံတိုင်း ပတ်
သစ္စာ အုပ်မြစ်ချ
သာယာတဲ့အိမ်ထောင်ရေး
ကမ္ဘာငယ်လေးဝယ်
ဖေးမထူတွဲ
စိတ်ပျက်အားငယ်ရင်
စိတ်ဓါတ်သစ်တွေ
အသက်သွင်းပေး
အေးရင်တူတူ
ပူရင်မမျှ
အတူတကွနဲ့
လာစမ်းလောကဓံ
သူ့လက်ကိုယ်ဆွဲ
ကိုယ့်လက်သူတွဲရင်း
အရာရာကို ရင်ဆိုင်လိုက်မယ် ။

အမုန်းမရှိတဲ့ အချစ်
အပြုံးတွေ ထာဝရပျိုရွယ်
အရှုံးတွေတွေ့တိုင်း
အားမငယ်ပါနဲ့ရယ်လို့
အားပေးနှစ်သိမ့်
လက်တွေ့ကျတဲ့ မနက်ဖြန်တိုင်း
အလင်းရှိရင် အရိပ်
ပြန်တွေးမယ့် အတိတ်တိုင်းနှင့်
လျှောက်သွားမယ့် အနာဂါတ်တိုင်း
နားလည်မှု့နှင့် ဘ၀ကိုဆက်နိုင်ပါစေသား ။


လွင်ပြင်လှိုင်းငယ်

17 comments:

မိုးနတ်ကြယ်စင် said...

ရေးထားတာလေးက ကောင်းထှာ အကိုတော်...
အကိုတော့်သယ်ရင်းကတော့ သိပ်ကိုကျေးဇူးတင်နေ
တော့မှာပဲ..သိလား..စကားလုံးတိုင်းကလဲ
အဓိပ္ပါယ်အပြည့်ပဲ.....:)
ခင်တဲ့....မိုးနတ်

စံပယ်ချို said...

သဲဘုစုလဲလာရောက်ဖတ်ခဲ့ပါပြီနော်

Unknown said...

လျှောက်သွားမယ့် အနာဂါတ်တိုင်း
နားလည်မှု့နှင့် ဘ၀ကိုဆက်နိုင်ပါစေသား ။
အိမ်ထောင်တစ်ခုမှာတစ်ယောက်နှင်.တစ်ယောက်
နားလည်မှု.လေးတွေနဲ.နေသွားကြရင်သက်ဆုံးတိုင်
ပျော်စရာဘဲပေါ.။သူငယ်ချင်းစုံတွဲကိုရေးပေးတဲ.ကဗျာ
လေးအားပေးသွားပါတယ်။ခင်တဲ.အန်တီလေးမေခင်

အလွမ်းမြို့ said...

ဖိတ်စာလေးလည်းလှတယ်
ကဗျာလေးလည်း လှတယ်။
အားပေးသွားတယ်။
ကဗျာကောင်းလေးပါ လွင်ပြင်ရေ


ခင်တဲ့
အလွမ်း

Aunty Tint said...

မင်္ဂလာမောင်နှံတို့နဲ့ထပ်တူ တောင်းဆုချွေပေးတဲ့ ကဗျာဆရာလေးတို့စုံတွဲလည်း ဘ၀ခရီးလမ်းတစ်လျှောက် တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ကြင်နာမှု ယုံကြည်အားထားမှု နားလည်ခွင့်လွှတ်မှုလေးတွေကိုယ်စီနဲ့ အေးချမ်းစွား အသက်ထက်ဆုံး လျှောက်လှမ်းနိုင်ကြပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

mabaydar said...

ကဗျာလေး ကောင်းတယ်... ကိုလွင်ပြင် လှိုင်းငယ် မင်္ဂလာဆောင်ရောက်ရင်လဲ ပွဲမှာ သတို့သမီးကို ကဗျာအသစ်လေးနဲ့ surprise ပေးလိုက်နော်...
သတို့သမီးကရော ဘလော့ဂါပဲလား? အရင်က ခပ်ဆင်ဆင်နာမည်တစ်ခုတွေ့ဖူးလို့...

မိုးသူ(တောင်ကြီး) said...

ကိုကြီးလွင်ပြင်ရေးတဲ့
လက်ဆောင်ကဗျာလေးက
ကြည်နူးဖွယ်လေးနော်

ခင်တဲ့
မိုးသူ(တောင်ကြီး)

Anonymous said...

ပိုစ့်ကို ဖတ်ပြီး
သမက် အားကျနေသည်း))။


သင်၏
သမက်

3rdthameetaw said...

အေးဗျာ ကြော်ငြာပေးမယ့်သူတော့ရှိပါရဲ့ 
ကြော်ငြာ စရာမရှိတာ ခက်တယ် ဗျ
ဘွဘွ

ညီလင်းနိုင် said...

အသိ နောက်ကျသွားတယ်ဗျာ .....

ကြိုသိရင် သွားလိုက်ပါတယ် ။

ရာသက်ပန် အတူလက်တွဲနိုင်ပါစေလို့

ဆုတောင်းပေးပါတယ်ဗျာ ။

သူကြီးမင်း (တုံးဖလား) said...

အခုလောက်ဆို မင်္ဂလာကိစ္စတွေလဲ ပြီးလောက်ရောပေါ့။
မောင်နှံနှစ်သွယ်လဲ ကြည်နူးနိုင်ကြပါစေ။
မောင်လွင်ပြင်လဲ မဒမ်လွင်ပြင်ကို ဒီထက်မက ချစ်နိုင်ပါစေ။

Anonymous said...

You ought to take part in a contеst for one of the grеatest websitеs on the nеt.
I will highly recοmmend thіs blog!

Lοok іnto my website; payday loans

Anonymous said...

What's up to every single one, it's actually a good for me to
pay a quick visit this web page, it includes priceless Information.


Also visit my web site; tao of badass

Anonymous said...

Thank you for another fantastic post. Where else may
anybody get that kind of information in such an ideal means of writing?
I have a presentation subsequent week, and I'm at the search for such information.

my page ... buy tao system of badass

Anonymous said...

I like the helpful information you provide in your articles.
I'll bookmark your weblog and check again here frequently. I'm quite certain I will learn many new
stuff right here! Good luck for the next!

my homepage: the tao of the badass pdf

Anonymous said...

That is really fascinating, You're an overly professional blogger. I have joined your rss feed and stay up for searching for more of your great post. Additionally, I've shared
your web site in my social networks

my website - tao of badass joshua

Anonymous said...

Gooԁ day vеry cool blοg!! Guy .
. Beautiful .. Wοndeгful .. I will booκmark youг site аnd take the feеds additionаllу?

I am glad to seek οut a lot of hеlpful info hеre within the put up, ωе want worκ out extra stratеgiеs in this regard,
thаnk you fоr ѕharing. . .
. . .

Also νisіt my ωеb blog :: payday loans

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :