အတိတ်တွေမီးရှို့လိုက်ချင်ပေမယ့်
မင်းနဲ့ ပတ်သက်ရင်
အရိပ်တောင် မြတ်နိုးသူမို့
အရိပ်ပျောက်မယ့်
အမှောင်ညရောက်မှာတောင်
စိုးကြောက်မိတယ်
သဲဘုစုခရုလေးရယ် ။
မင်းနဲ့ ပတ်သက်ရင်
အရိပ်တောင် မြတ်နိုးသူမို့
အရိပ်ပျောက်မယ့်
အမှောင်ညရောက်မှာတောင်
စိုးကြောက်မိတယ်
သဲဘုစုခရုလေးရယ် ။
***********
ခံစားချက်ရင်ခုန်သံကို
ကာရံထပ်လို့
ကဗျာဖြစ်မယ်ဆိုရင်
ကြင်နာခြင်းတောတန်းထက်
သံယောဇဉ်မြစ်ပြင်မှာတောင်
နင့်ကိုချစ်ကြောင်းကဗျာစပ်
မိုးတိမ်တွေကြားမှာ
အိန်ဂျယ်တွေဖတ်ဖို့
ကဗျာတွေစပ်နေအုံးမယ် ကောင်မလေးရယ် ။
ကာရံထပ်လို့
ကဗျာဖြစ်မယ်ဆိုရင်
ကြင်နာခြင်းတောတန်းထက်
သံယောဇဉ်မြစ်ပြင်မှာတောင်
နင့်ကိုချစ်ကြောင်းကဗျာစပ်
မိုးတိမ်တွေကြားမှာ
အိန်ဂျယ်တွေဖတ်ဖို့
ကဗျာတွေစပ်နေအုံးမယ် ကောင်မလေးရယ် ။
****************
ချစ်ခြင်းတွေ ချမ်းသာတော့
မုန်းခြင်းတွေ မွဲပြာကျ
ဒါနတွေ ရွာသွန်း
အကုသိုလ်တွေ မိုးခေါင်
အဆိုးတွေရှိနေရင်
အကောင်းတွေနဲ့ပေါင်းတင်လိုက်တော
ဘ၀ဆိုတာ လှမှလှ ။
****************
တကယ်လို့များ
အကြောင်းကြောင်းကြောင့်
နင်ထားသွားရင်တောင်
ငါအမှားများလို့ပါလားလို့
ကိုယ့်ကိုယ်ကို အပြစ်တင်ရင်
အချစ်တွေကို အပွန်းပဲ့မခံ
နင်လျှောက်မယ့်လမ်း
ငါ့အသက်ရှူသံတွေ ခင်းကျင်းပေးမယ် ။
နင်ထားသွားရင်တောင်
ငါအမှားများလို့ပါလားလို့
ကိုယ့်ကိုယ်ကို အပြစ်တင်ရင်
အချစ်တွေကို အပွန်းပဲ့မခံ
နင်လျှောက်မယ့်လမ်း
ငါ့အသက်ရှူသံတွေ ခင်းကျင်းပေးမယ် ။
****************
လွင်ပြင်လှိုင်းငယ်
25 comments:
အတိတ်တွေမီးရှို့လိုက်ချင်ပေမယ့်
မင်းနဲ့ ပတ်သက်ရင်
အရိပ်တောင် မြတ်နိုးသူမို့
အရိပ်ပျောက်မယ့်
အမှောင်ညရောက်မှာတောင်
စိုးကြောက်မိတယ်
သဲဘုစုခရုလေးရယ် ။
မောင်လွင်ပြင်ရေတီလေးတို.လူကြီးစုံတွဲတွေကျန်ခဲပေတော.......သဲဘုစုလေးနဲ.အတူပျော်ရွှင်ချမ်းမြေ.ကြပါစေကွယ်။ခင်တဲ.အန်တီလေးမေခင်
ဘုစုအတွက်ကဗျာတွေ
ဘုစုလာဖတ်ပြီးပြီ
ကဗျာတိုလေးတွေဖတ်ရင်း ♪ ♫ ♥ ♪ ♫ ♥ ♪ ♫
သူ့ကိုတစ်မိုး တစ်ယောက်သာထင်နေ ချစ်လွန်လွန်းလို့ အသည်းဆိုင်မှာလေ ...တစ်ယောက်ဆိုတစ်ယောက်က မခွဲချင်ပေ.... ဆိုတဲ့ 'နှစ်ကိုယ်တူချစ်သမျှကို' သီချင်းလေးကို ပြေးသတိရလိုက်တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သူ့ကိုတစ်မိုးအောက် တစ်ယောက်သာထင်နေ ♪ ♫ ♥ ♪ ♫ ♥ ♪ ♫ :P စာလုံးက ကျန်ခဲ့လို့ နောက်က လိုက်ဖြည့်ပေးလိုက်တာ ဟိဟိ
အတိတ်တွေမီးရှို့လိုက်ချင်ပေမယ့်
မင်းနဲ့ ပတ်သက်ရင်
အရိပ်တောင် မြတ်နိုးသူမို့
အရိပ်ပျောက်မယ့်
အမှောင်ညရောက်မှာတောင်
စိုးကြောက်မိတယ်
သဲဘုစုခရုလေးရယ် ။
အဲ့အစဆုံး ကဗျာတိုလေးက အလန်းဆုံးပဲ...
တကယ်လဲ ချစ်တတ်တဲ့ ငါ့အကိုရယ်..
ကြည်နူးဝမ်းသာမိပါတယ် အကိုတော်..
အကိုနဲ့အမရဲ့ ချစ်ခြင်းတွေ ဒိထက်ပိုပြီး
ုခိုင်မြဲနိုင်ပါစေ.......:)
ခင်တဲ့...မိုးနတ်
ကဗျာလေးတပုဒ်လုံး...ကောင်းတယ်...
ငါ့အသက်ရှူသံတွေ ခင်းကျင်းပေးမယ် ....
ဆိုပါလား..သဲစုပုခရုရေ...ကံကောင်းလိုက်တာနော်...
တကယ်လို့များ
အကြောင်းကြောင်းကြောင့်
နင်ထားသွားရင်တောင်
ငါအမှားများလို့ပါလားလို့
ကိုယ့်ကိုယ်ကို အပြစ်တင်ရင်
အချစ်တွေကို အပွန်းပဲ့မခံ
နင်လျှောက်မယ့်လမ်း
ငါ့အသက်ရှူသံတွေ ခင်းကျင်းပေးမယ်
ကဗျာကောင်းလေးတွေဖတ်သွားတယ်ဗျာ။
တယ်ဟုတ်နေကြပါလား။ ကဗျာလေးတွေနဲ့ ချစ်ပင်စိုက်ပျိုး အချစ်တွေ ထပ်တိုးနေကြတယ်ပေါ့။
ကောင်းပါ၏။
ဒါပေမဲ့
မိုးခေါင်းတော့ မလုပ်နဲ့နော်။ မိုးခေါင်လေးတော့ လုပ်ဦး။း)
တကယ်လို့များ
အကြောင်းကြောင်းကြောင့်
နင်ထားသွားရင်တောင်
ငါအမှားများလို့ပါလားလို့
ကိုယ့်ကိုယ်ကို အပြစ်တင်ရင်
အချစ်တွေကို အပွန်းပဲ့မခံ
နင်လျှောက်မယ့်လမ်း
ငါ့အသက်ရှူသံတွေ ခင်းကျင်းပေးမယ် ။
အဲ့အပိုဒ်လေးကြိုက်တယ်
လိပ်စာတွေပျောက်နေတာနဲ.
မရောက်ဖြစ်တော.တာ
ခုမှရောက်တော.တယ်...
အပေါ်ဆုံးနဲ.အောက်ဆုံး
ကောင်းပါ၏...
ချစ်ပြနေတာ...တူညားတွေအားကျအောင်။
မပြောတော.ဖူး။ခိခိ
ရာသက်ပန်ချစ်ခင် ပျော်ရွင်ကြပါစေ
သူဂျီမင်းရေ အမှားလေးထောက်ပြလို့ ကျေးဇူးပါ။
ပြင်လိုက်ပြီနော် ။
အတိတ်တွေမီးရှို့လိုက်ချင်ပေမယ့် မင်းနဲ့ ပတ်သက်ရင် အရိပ်တောင် မြတ်နိုးသူမို့ အရိပ်ပျောက်မယ့် အမှောင်ညရောက်မှာတောင် စိုးကြောက်မိတယ် သဲဘုစုခရုလေးရယ် ။
followerပြန်လုပ်ခဲ့ပါတယ်
လက်တွဲခေါ်ပါနော်
ကဗျာလေးတွေကို အားပေးနေပါတယ်
အတိတ်တွေမီးရှို့လိုက်ချင်ပေမယ့်
မင်းနဲ့ ပတ်သက်ရင်
အရိပ်တောင် မြတ်နိုးသူမို့
အရိပ်ပျောက်မယ့်
အမှောင်ညရောက်မှာတောင်
စိုးကြောက်မိတယ်
သဲဘုစုခရုလေးရယ်
အားကျလိုက်တာအကို၇ာအမကြီးဂျက်တော့အ၇မ်းကိုပျော်နေမှာပဲ
ခင်တဲ့
ကဗျာတိုလေးတွေက အမိုက်စားအလန်းစားတွေချည်းပဲ ဒယ်ဒီကဗျာဆရာတော်ပါ့...။
ဟာ ချစ်သူလျှောက်မယ့်လမ်းမှာတောင် အသက်ရှူသံတွေ ခင်းကျင်းပေးမယ်တဲ့။ လန်းတယ်အစ်ကိုရေ။
လာရောက်အားပေးသွားပါတယ်။ စံပယ့် အတွက် နှလုံးသားနဲ့ရေးတဲ့ကဗျာတွေအများကြီး ဆက်လက်ရေးဖွဲ့နိုင်ပါစေ။
မြတ်နိုး၊ ကြင်နာခြင်းတွေနဲ့ ညွတ်နူးနေတဲ့ ကဗျာတိုလေးတွေ ဖတ်သွားပါတယ် ကိုလွင်ပြင်ရေ...။း)
ချစ်ခြင်းတွေ ချမ်းသာတော့ မုန်းခြင်းတွေ မွဲပြာကျ သွားတာ ၊ ဒါနတွေ ရွာသွန်းလို့ အကုသိုလ်တွေ မိုးခေါင် သွားတာ၊ အဆိုးတွေရှိနေရင် အကောင်တွေနဲ့ ပေါင်းတင် လို့ ရတော့ ..အရမ်းလှတဲ့ ဘဝလေးပေါ့..။ အဲလို ဘဝလေး လိုချင်လိုက်တာနော..။
တော်တော်လေးကိုကောင်းတာပါ
သဲဘုစုခရုလေးရယ် တော်တော်လေးကိုချစ်တာပေါ့နော်
comment မှာanonymousနဲ့ပဲရေးလို့ရလို့ပါနာမည်နဲ့ကမရေးတတ်ဘူးလေ
Good တယ် ဗျ။
ကဗျာလေးတွေအမြဲအားပေးနေပါတယ်
ကဗျာလေးတွေအမြဲအားပေးနေပါတယ်
Post a Comment