ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အတွေးလေးများ

Tuesday 5 February 2013

ကောင်းတာဟာ လိုက်နာဖို့ခက်
မကောင်းတာက လုပ်ရန်လွယ်လို့
ကောင်းတာဟာ မကောင်းတာလို့မှတ်
မကောင်းတာ ကောင်းပါလားတွေးရင်း
လောကအလယ်
အမှားများလဲ
အများမှားတဲ့
ကမ္ဘာထဲမှာ
ငါတစ်ယောက်တည်းရောပြင်လို့ရမလားဆိုတဲ့
အတွေးဆိုးတွေ မောင်းထုတ်လိုက်ပါ ။

တရားသဘောတွေက
မှားယွင်းတဲ့ အမြင်တွေကို ကြည်လင်စေတဲ့
လောက မျက်မှန်တစ်လက်ဖြစ်သလို
ဘ၀ပညာတွေက
အပြုံးတွေခင်းကျင်းထားတဲ့ စားပွဲမှာ
 အဆိပ်တွေချကျွေးတာ မိတ်ဆွေလား
အပြုံးတွေမပါပေမယ့်
အမုန်းခံစေတနာနဲ့
သွန်သင်တာ  မုန်းလို့လား
သင့်အတွေးလေးတွေ မှန်စေသား ။
လွင်ပြင်လှိုင်းငယ်

20 comments:

မိုးညချမ်း said...

ဘဝပညာတွေကတော့ သင်ယူနေဆဲပါပဲ အစ်ကိုရေ ...

Yoemyaykya said...

ကောင်းတာဟာ လိုက်နာဖို့ခက်
မကောင်းတာက လုပ်ရန်လွယ်လို့
ကောင်းတာဟာ မကောင်းတာလို့မှတ်
မကောင်းတာ ကောင်းပါလားတွေးရင်း
အစ်ကို့ကဗျာဖတ်ရင်း စိတ်ကူးထဲမှာ ဂျေမီ့ကို ရွတ်ခိုင်းကြည့်နေတာ။မဆိုးဘူးအစ်ကို။

မိုးညချမ်း said...

ဘဝပညာကိုတော့ သင်ယူနေဆဲပါပဲ အစ်ကိုရေ ကဗျာလေး လာအားပေးသွားပါတယ် ...

စံပယ်ချို said...

ဘုစုကလဲ ကောင်းဖို့ပြောတာနော် ဒါကြောင့်နောက်ဆိုရင်ဘုစုပြောတဲ့စကားအားလုံးကိုနားထောင်ပေးပါလို့

ရင်ခုန်ရသူ said...

အပြုံးတွေမပါပေမယ့် အမုန်းခံစေတနာနဲ့ သွန်သင်တာ မုန်းလို့လား သင့်အတွေးလေးတွေ မှန်စေသား ။

အတွေးတစ်စဖေးမကာ ရေးပြတဲ့ကဗျာစေတနာထုပ်ပိုးထားတယ်နော်

Anonymous said...

အင်း....
ဟုတ်တော့လည်း ဟုတ်သားကလားဗျာ
ကောင်းတာလုပ်ဖို့ထက် မကောင်းတာတွေ ပိုလုပ်ဖြစ်နေတယ်....

နည်းနည်းလေး ပြင်လိုက်ဦးမယ် ယောက္ခမရေ ချစ်သူပြန်မလာခင်း))။


သင်၏
သမက်လောင်း

လရိပ်အိမ် said...

အိမ်မှာတော့ တရားထိုင်ဖို့ဘဲ နားချနေကြတာ။ တရားတော့ မထိုင်ဖြစ်ဘူး ၊ အမှတ်လေးတွေတော့ မှတ်ဖြစ်တယ်။
စာသားတွေက လျှာခလုတ်တိုက်အောင် ရေးထားတယ်နော် ၊ တော်တာ ကိုလွင်ပြင်။

မိုးနတ်ကြယ်စင် said...

အကိုရေ...ပျောက်လှချည်လားဗျ...
နေရောကောင်းပါစ...အဆက်အသွယ်ပြတ်သလိုတော့
ဖြစ်နေတယ်...ညလေးလဲ အလျင်မှီအောင် အိမ်တွေ
လိုက်လည် ဖဘလဲ ၀င်နေရတော့ အကိုဆီတောင်
မရောက်ဖြစ်ဘူးရယ်....အတွေးလေးတွေက
တွေးစရာတွေပေးလိုက်တာ အကိုတော်ရေ..
ကောင်းလေစွ ကောင်းလေစွ :)))

Aunty Tint said...

ပုထုဇဉ်လူသားတို့ရဲ့ ကောင်းမှု မကောင်းမှုကို ချိန်ခွင်လျှာမှာ ချိန်ထိုးကြည့်ရင် အဖြေက ပြတ်သားစွာ ပြနေမှာပါလွင်ပြင်လေးရေ။
အတွေးမှန်ဘို့တွက် ဂျက်ပြောတာနားထောင်တော့နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်ေးအမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်စံအိမ် said...

အပြုံးတွေမပါပေမယ့်
အမုန်းခံစေတနာနဲ့
သွန်သင်တာ မုန်းလို့လား
သင့်အတွေးလေးတွေ မှန်စေသား ။

roseayemaung said...

ကောင်းတာဟာ လိုက်နာဖို့ခက်
မကောင်းတာက လုပ်ရန်လွယ်လို့
ကောင်းတာဟာ မကောင်းတာလို့မှတ်
မကောင်းတာ ကောင်းပါလားတွေးရင်း
........

Unknown said...

ကောင်းတာလုပ်ဖို့ထက် မကောင်းတာလုပ်ဖို့ ပိုလွယ်နေတာပေါ့လေ။

ဘ၀ကဗျာလေးအားပေးခဲ့ပါတယ်။

ချစ်စံအိမ် 2028 said...

သွန်သင်တဲ့အတွက် ကျေးဇူးတောင်တင်ပါသေးတယ် ဘရို

~ Kk ~

witch83 said...

အပြုံးတွေခင်းကျင်းထားတဲ့ စားပွဲမှာ အဆိပ်တွေချကျွေးတာ မိတ်ဆွေလား အပြုံးတွေမပါပေမယ့် အမုန်းခံစေတနာနဲ့ သွန်သင်တာ မုန်းလို့လား သင့်အတွေးလေးတွေ မှန်စေသား... အချိန်တန်ရင်တော့ သူတို့တွေ .. အတွေးအမြင် မှန်သွားမှာပါ။ Time will give the answer.

ထရီဆာ (Teresa) said...

ကိုလွင်ပြင်ရေ ..ကဗျာလေးက ထိ တယ်ကွယ်၊
သဘောတရားကလည်း သူများကိုသာ တရားဟောချင် ကြတာ .. ကိုယ့်ကိုယ်ကို ပြန်ဟောဖို့ မေ့နေ တဲ့ခေတ်လိုဖြစ်နေသလို..
အမုန်းခံစေတနာနဲ့ပြောမယ့်လည်း ကိုယ့်စေတနာနဲ့ ကိုယ် အမုန်းခံလိုက်ရသူတွေများသားလားကွယ် ...

ခြ စားခြင်းတွေများလာတဲ့ ခေတ်ကြီးဖြစ်နေပါပြီကွယ်၊

ကိုလွင်ပြင်ရေ .. :)

ညီလင်းနိုင် said...

စေတနာပါတဲ့ ကဗျာလေးလို့

ကျွန်တော် ခံစားမိပါတယ်။

ဆက်လက်ထုဆစ်နိုင်ပါစေဗျာ။

ဆူးသစ် said...

ကဗျာထဲကအတွေးလေးတွေကိုသဘောကျမိတယ်ကိုလွင်ပြင်။သတ်ပုံတွေတော့နည်းနည်းဂရုစိုက်ဦးဗျ။ထည့်ပြင်လို့ရမလားဆိုတာရယ်၊ မှားယွင်းတာရယ်ကိုပြန်ပြင်ပေးပါဦး။ ကျွန်တော်လည်းမြင်သမျှပြင်ပေးတာစေတနာနဲ့ပါဗျာ။တချို့ကလည်းဆရာကြီးလုပ်တယ်လို့ထင်တယ်ထင်ပါရဲ့။ကိုလွင်ပြင့်ကဗျာနောက်ဆုံးစာသားလိုပေါ့။

မာယာဖြူ said...

ကောင်းတာဟာ လိုက်နာဖို့ခက်
မကောင်းတာက လုပ်ရန်လွယ်လို့
ကောင်းတာဟာ မကောင်းတာလို့မှတ်
မကောင်းတာ ကောင်းပါလားတွေးရင်း
လောကအလယ်
အမှားများလဲ
အများမှားတဲ့
ကမ္ဘာ

ငြိမ်းစိုးဦး said...

အမုန်းခံစေတနာနဲ့
သွန်သင်တာ မုန်းလို့လား ...

Thwin said...

အများမှားတဲ့
ကမ္ဘာထဲမှာ
ငါတစ်ယောက်တည်းရောပြင်လို့ရမလားဆိုတဲ့
အတွေးဆိုးတွေ မောင်းထုတ်လိုက်ပါ ။ ဟုတ်တယ်နော်..။ အဲဒီ အတွေးလေးတွေကို မောင်းထုတ်ရအုံးမယ်..။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :