ပင်စည်က ခိုင်ခိုင်
ကိုင်းခက်တွေဖြိုင်ဖြိုင်နဲ့
ပင်စည်ဘေး
ခုံတန်းတွေချလို့ရယ်
အေးမြရိပ်ပေးတဲ့ အပင် ။
တစ်နှစ်မှာတစ်လ
တစ်လမှာ တရက်
ခက်ခက်ခဲခဲ
ပွင့်ရှာရတယ်
သစ္စာရှင် ဒီအပင်
ဟို့ရှေ့ရှေ့တုန်းကပင် ။
ရေမကူ မိုးမှာမပွင့်
ဆောင်းရဲ့ အေးဒဏ်
ကြံကြံခံလို့
နွေနေရဲ့ အပူပင်ကြားမှာ
အေးရိပ်တွေပေးပြီး
မိုးစက်လေး တဖြိုက်ဖြိုက်ကြားမှာ
ပွင့်ရရှာသလေ ။
ရိုးတံဖြိုင်ဖြိုင်
ဖူး ငုံ စိမ်းစိမ်းနဲ့
ဝါရောင်တွေ သန်းပါလို့ရယ်
မွေးပျံတဲ့ ဒီရနံ့နဲ့
ရှားပါးသည့် ပန်း ။
ရာသီရဲ့ ဒဏ်
လူတွေရဲ့ သီလ
ဒီသဘာဝတွေကြား
ဖူးပွင့်တာ အချိန်မမှန်တော့
ပြောကြပြန်သေး
သစ္စာမဲ့တဲ့ ဒီပန်းကလေး ။
သစ္စာရှိတဲ့ ဒီပန်းရယ်လို့
တင်စားတာ လူ
ဖောက်ပြန်တယ်လို့
စွတ်စွဲတာလဲ လူ
ဒီအဖြစ် ဒီစနစ်တွေကြားထဲ
ပိတောက်မှာတော့
မျက်ရည် စက်လက်နဲ့ပေါ့ ။
လွင်ပြင်လှိုင်းငယ်
သင်္ကြန်အမှတ်တရ ကဗျာအဟောင်းလေးပြန်တင်ပါသည်။ ပုံကို googleမှကူးယူပါသည်။
9 comments:
သစ္စာရှိတဲ့ ဒီပန်းရယ်လို့
တင်စားတာ လူ
ဖောက်ပြန်တယ်လို့
စွတ်စွဲတာလဲ လူ
ဒီအဖြစ် ဒီစနစ်တွေကြားထဲ
ပိတောက်မှာတော့
မျက်ရည် စက်လက်နဲ့ပေါ့....
ကဗျာလေးကအ၇မ်းလှတယ်အကို
ရာသီရဲ့ ဒဏ်
လူတွေရဲ့ သီလ
ဒီသဘာဝတွေကြား
ဖူးပွင့်တာ အချိန်မမှန်တော့
ပြောကြပြန်သေး
သစ္စာမဲ့တဲ့ ဒီပန်းကလေး ။
ပိတောက်ပန်းလေးအတွက်စိတ်မကောင်းဖြစ်မိတယ်။
ဘုစုလဲဖတ်ခဲ့ပြီ
မှန်လိုက်လေခြင်း...
ဟုတ်ပ။ သစ္စာရှိတဲ့ ဒီပန်းရယ်လို့ တင်စားတာရော... ဖောက်ပြန်တယ်လို့ စွတ်စွဲတာရောက လူတွေပါပဲ။ .. မှန်လိုက်လေခြင်း
သစ္စာရှိတဲ့ ဒီပန်းရယ်လို့
တင်စားတာ လူ
ဖောက်ပြန်တယ်လို့
စွတ်စွဲတာလဲ လူ
ဒီအဖြစ် ဒီစနစ်တွေကြားထဲ
ပိတောက်မှာတော့
မျက်ရည် စက်လက်နဲ့ပေါ့ ။ လူတွေက ဂယ်ဘဲ မကောင်းကြဘူးနော်... ပိတောက်ပန်းတောင် မျက်ရည်ကျရတယ်... ဒီကဗျာလေးဖတ်မိတော့မှ ပိတောက်ပန်းကိုတောင် သနားသွားတယ် :))
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေနော်
ခင်တဲ့
လေပြေ
သစ္စာရှိတဲ့ ဒီပန်းရယ်လို့
တင်စားတာ လူ
ဖောက်ပြန်တယ်လို့
စွတ်စွဲတာလဲ လူ
ဒီအဖြစ် ဒီစနစ်တွေကြားထဲ
ပိတောက်မှာတော့
မျက်ရည် စက်လက်နဲ့ပေါ့ ။
~~ဒီအပိုဒ်လေးကိုအကြိုက်...ပဲ~~
ရာသီရဲ့ ဒဏ်
လူတွေရဲ့ သီလ
ဒီသဘာဝတွေကြား
ဖူးပွင့်တာ အချိန်မမှန်တော့
ပြောကြပြန်သေး
သစ္စာမဲ့တဲ့ ဒီပန်းကလေး ။
သစ္စာရှိတဲ့ ဒီပန်းရယ်လို့
တင်စားတာ လူ
ဖောက်ပြန်တယ်လို့
စွတ်စွဲတာလဲ လူ
ဒီအဖြစ် ဒီစနစ်တွေကြားထဲ
ပိတောက်မှာတော့
မျက်ရည် စက်လက်နဲ့ပေါ့ ။
ကဗျာလှလှလေးးးးးးးးးးးးးးးးးးးးးးးးးးးး
“သစ္စာရှိတဲ့ ဒီပန်းရယ်လို့
တင်စားတာ လူ
ဖောက်ပြန်တယ်လို့
စွတ်စွဲတာလဲ လူ
ဒီအဖြစ် ဒီစနစ်တွေကြားထဲ
ပိတောက်မှာတော့
မျက်ရည် စက်လက်နဲ့ပေါ့ ။” ... ဟုတ်ပ အစ်ကိုရေ ... အမှန်ပါပဲ ... :)
Post a Comment