ပိစိကွေးရေ......
ညနေခင်းတိမ်တွေညွှန်ရာ အနောက်ဘက်ယွန်းယွန်းကိုကြည့်လိုက်တော့
ပုဇွန်ဆီရောင် တိမ်လွှာတွေက ငါ့ကို ဗိုက်ဆာစေတယ်ဟာ ဘာကြောင့်လဲဆိုတော့
ပုဇွန်ဆီရောင်မြင်တော့ ပုဇွန်ဆီပြန်ဟင်းလေး သတိယမိလို့ပါ ။
ဟော....ကြည့်စမ်း ငှက်နှစ်ကောင်အိက်ငိုက်နေတဲ့ နေမင်းကိုနောက်ခံထားပြီး ဓါတ်ပုံရိုက်နေပြန်ပြီ
ဧကန ဖဘ မှာတင်မလို့ထင်တယ် ။ သူတို့ကို မနာလိုဖြစ်လိုက်တာ ငါတို့တုန်းက
လူမြင်မှာစိုးလို့ အမှိုက်ပုံနောက်ခံထားပြီ ဓါတ်ပုံခဲ့ကြတာ ဖြစ်ချင်တော့ ဓါတ်ခဲကုန်နေလို့
ပိစိကွေးနဲ့ မရိုက်လိုက်ရပေမယ့် ဓါတ်ခဲဝယ်ပြီးအိမ်အပြန် ဖက်တီးနဲ့ တအားဖက်ပြီးရိုက်လိုက်တာ ဒီကောင်ကိုက်လိုက်တဲ့ ဒဏ်ရာအခုထိကျန်နေဆဲပါ ။
အတိတ်အကြောင်းတွေတူးဆွလိုက်တာ ရတနာတွေ မတွေ့ပဲ ဘယ်ကောင်ဖင်သရမ်းသွားလဲ
မသိဘူး ထွီး...နံ့လိုက်တာ....အတွေးနယ်ချဲ့လိုက်တာ အင်ပါယာမဖြစ်လာပဲ အင်ပြင်တွေထလာသလို ယားကျိကျိဖြစ်လာတယ် အိပ်ငိုက်နေတဲ့ နေမင်းလဲ ဘယ်ကို
ဒိုင်ပင်ပစ်သွားပြီလဲမသိတော့ဘူး ။ အခုတော့ ငါ မြင်နေရတဲ့ ပတ်ဝန်းကျင်ကို မဟူရာက
သိမ်းပိုက်လိုက်ပြီပေါ့ မဟူရာဆိုလို့ နင့်အိမ်က မြင်းကြီးရောရှိသေးလား ဒီကောင်ကန်လိုက်လို့
ငါ့ရဲ့တထောင့်တနေရာမှာ ဒဏ်ရာရခဲ့တာကိုတော့ ရေသွန်တိုင်း နာကြည်းစွာဒင်းကို သတိယမိတယ် ။
အော် ကောင်းကင်ကိုမော့ကြည့်လိုက်တော့လမင်းကြီးက ထိန်ထိန်သာလို့ ကြယ်စင်တွေက မှိတ်တုတ်မှိတ်တုတ်နဲ့ အေးချမ်းလိုက်တာ ပိစိကွေးရယ် နင်ပြောဖူးတယ်လေ လမင်းကြီးက ကမ္ဘာပေါ်မှာ
ရှိတဲ့နိုင်ငံတွေ မှိတ်တုတ် မှိတ်တုတ်ကြယ်လေးတွေက ဒို့နိုင်ငံ ဒါကြောင့်နင်စာမေးပွဲကျပြီး နင့်အိမ်မီးလောင်တာလို့ပြောခဲ့တယ်လေ မဆီမဆိုင် မှိတ်တုတ် မှိတ်တုတ်ကြယ်နဲ့ နင်စာမေးပွဲကျ အိမ်မီးလောင်တာလဲမေးတော့ နင်က ဆိုင်တာပေါ့ ငါပြောတာက သူများနိုင်ငံမီးတွေလင်းလို့ဒို့နိုင်ငံကလျှပ်စစ်မီးက မလာနှစ်ရက်
လာတမနက်ဆိုတော့ ဖယောင်းတိုင်နဲ့ စာကျက်ရင် အိပ်ငိုက်ပြီး အိပ်ပျော်သွားလို့ အိမ်မီးလောင်တဲ့အပြင် စာမေးပွဲပါကျတာပေါ့လို့ ရန်ဆောင်ရင်ပြောပြတာ အခုထိမှတ်မိနေသေးပါတယ် ။
ဒီလိုညမျိုးမှာ နင့်အတွက်ကြယ်ကြွေတွေမကောက်ပေးနိုင်ပေမယ့် ခရေခြေရင်းက
အများမနင်းခင် နင့်အတွက် ခရေးတွေကောက် သီကာကုံးပြီပန်ပေးမယ်လုပ်တော မနှစ်က
နင့်အဖေအရက်ဖိုးမရှိလို့ နင်အိပ်နေတုန်း နင့်ဆံပင်တွေဖြတ်ရောင်းလိုက်လို့ ဆံပင်ငုံးစိစိနဲ့မို့
ရှက်အားပိုပြီး မျက်ရည်တွေကြားက နင်ဂတုံးတုံးတာမြင်ရတော့ ငါ နင့်ကိုသနားလိုက်တာ ။
ဒါကြောင့်ဒီခရေတွေလဲ နေမြဲတိုင်းနေပါစေတော့ ။
အော်ဘာလိုလိုနဲ့ အအေးဓါတ်က ငါ့ကိုပြေးဖက်လာတော့ လမ်းလျှောက်ရင်းနင့်အကြောင်းတွေးတာနားပြီး အိမ်ထဲဝင်ပြီး အွန်လိုင်းတက် fbကနင့်စာမျာက်နှာတွေကြည့်တော့မယ်ဟာ...နားမလည်တာတစ်ခုတော့ရှိတယ် နင်နဲ့ငါဝေးတာ
၁နှစ်ကျော်ကျော်လောက်အတွင်းမှာ နင်ဒီလောက်လှလာလိမ့်မယ်လို့ငါမထင်ဘူး...fbကနင့်စာမျက်နှာမှာတင်ထားတဲ့နင့်ပုံတွေက
ငါတောင်မမှိတ်လောက်အောင်ဖြစ်နေတယ် နင်ကမျက်ပေါက်ကျဉ်းကျဉ်းနဲ့မို့ နင့်အဖေ အညာသားက
နင့်အမေကိုမူးရင်ရန်လုပ်တယ်လေ ဘာလဲ ဘယ်တရုတ်နဲ့ဘာညာဆိုပြီးလေ အဲ့လောက်ကျဉ်းတဲ့
မျက်ပေါက်ကဓါတ်ပုံထဲမှာ ပြူးဝိုင်းလေးနဲ့ လှနေပါ့လား...၀က်နှာခေါင်းလေးကလဲ နှာတံလေးစင်းလာသလိုလို ကြွက်သွားလေးတွေတော့ ဘယ်လိုရှိမှန်းမသိဘူး နင့်ပုံတွေက သွားပေါ်တဲ့ပုံမပါလို့ ပြီးတော့ နင့်ရဲ့ ဆံပင်တွေက ဒီလောက်ပဲ
အရှည်မြန်လား ဘယ်လိုခေါင်းလျှော်ရည်တွေ ခေါင်းလိမ်ဆီတွေလိမ်းလိုက်တာလဲ တကယ့်အံ့ဖွယ်ပါပဲ ထားတွေထားပါတော့ ဓါတ်ပုံဆရာတော်တယ်ပဲ သဘောထားလိုက်ပါ့မယ် ။နောက်တစ်ခုက နင်ငယ်ငယ်တုန်းကအတိုင်းပဲ အကြွားသန်တုန်းပဲနော် ဘာတဲ့fbမှာ မနက်မနက်ဆို
မေမေပြင်ပေးတဲ့ မနက်စာဆိုပြီ ဘယ်ကပုံတွေလျှောက်တင်မှန်းမသိဘူး နင့်အမေက စောစောစီးစီးထပြီး အကြော်ရောင်းသွားတာ အကြော်ကျန်နဲ့ ထမင်းကြမ်းနင်စားရတာ
ငါသိပါတယ် ငါလဲဘ၀တူဆိုပေမယ့်အဲ့လိုတော့မကြွားတတ်ပါဘူး ...နောက်တစ်ခု ဘယ်ကဌားလာမှန်မသိတဲ့ အိုင်ဖုန်းနဲ့ဓါတ်ပုံရိုက်ပြီး မွေးနေ့က ဒယ်ဒီဝယ်ပေးတာဆိုတာကပါသေးတယ် ငါသိတာတော့ ဒီလိုမိုးရာသီဆိုနင့်အိမ်နောက်ဖေးက
အိုင်ကို နင်အဖေပက်နေတာတော့သိတယ် သူအရက်မြည်းဖို့လေ နောက်တစ်ခါတင်ရင် ဒယ်ဒီဝယ်ပေးတဲ့ အိုင်ပက်လို့ရေး.....တော်ပါပြီ နင့်အကြောင်းအမှန်တွေရေးလို့ နင်ငါ့ကိုမုန်းသွားပါအုံးမယ်....တစ်ခုတော့မှာရအုံးမယ် နင့်အမေကပြောတယ် ဘာအလုပ်မှ
မလုပ်ပဲ အင်တာနက်ဆိုင်မှာအချိန်ကုန်နေတယ်ဆို အင်တာနက်ဆိုင်မှာလဲအကြွေးတွေမနဲဘူးဆို
ဒါနဲ့များ နင်မသိတဲ့အကောင့်နဲ့ ငါနင့်ကိုမေးတော့ အိမ်က အင်တာနက်လိုင်းက သိပ့်မကောင်းလို့ တခါတလေ မပြောပဲ ကျကျသွားတယ် လိုင်းအသစ်ထပ်ယူခိုင်းရမလေးဘာလေးနဲ့....
ကဲငါလဲ နင့်အတင်းအဲလေ နင့်အကြောင်းတွေးရင်း သူငယ်ချင်းတစ်ယောက်စက်ဌားသုံးတာ သူကပြန်ယူတော့မယ်ဆိုလို့ ဒီနေ့တော့ဒီလောက်ပဲဟာ ။
မှတ်ချက်။ ။မည်သူ့မှ မရည်ရွယ်ပါ စိတ်ကူးနှင့် ဟာသရေးကြည့်ပါသည် ။
လွင်ပြင်လှိုင်းငယ်
တော တောင်
Thursday, 13 June 2013
Posted by လွင်ပြင်လှိုင်းငယ် at 19:55 8 comments
တောင်စွယ် တောတန်း
ပန်းရိုင်းပေါသည့်
စမ်းချောင်း လျှိုမြောင်
သားကောင်များလဲ
အေးသည့်အရိပ်
ကြည်တဲ့စိတ်ကြောင့်
တရားအားထုတ်
မြတ်သောစိတ်နှင့်
သောကတွေပျောက်
လောဘဘယ်ရောက်
မာန်မလျှောက်တဲ့
ဒီလမ်းလေးဟာ
အေးချမ်းသာယာ
တချိန်ကပါ ။
တောင်စွယ် ဘယ်ဆီ
တောတန်းမရှိ
ပန်းရိုင်းနံ့ကင်း
စမ်းချောင်းရှင်းသည့်
တောင်ဂတုံးမှာ
ဝမ်းရေး အတွက်
လောဘဖက်ပြီး
ခုတ်လိုက်သည့်ပင် (သစ်ပင်)
တူးလိုက် တွင်းထွက်
အမြစ်မကျန်
သစ်ပင်ငယ်တောင်
မထွက်ရဲပဲ
ဘယ်ဆီရောက်လို့
ဘယ်မှာပေါက်လဲ
သိသူရှိက
ပြောပြခဲ့ပါ ။
ပန်းရိုင်းပေါသည့်
စမ်းချောင်း လျှိုမြောင်
သားကောင်များလဲ
အေးသည့်အရိပ်
ကြည်တဲ့စိတ်ကြောင့်
တရားအားထုတ်
မြတ်သောစိတ်နှင့်
သောကတွေပျောက်
လောဘဘယ်ရောက်
မာန်မလျှောက်တဲ့
ဒီလမ်းလေးဟာ
အေးချမ်းသာယာ
တချိန်ကပါ ။
တောင်စွယ် ဘယ်ဆီ
တောတန်းမရှိ
ပန်းရိုင်းနံ့ကင်း
စမ်းချောင်းရှင်းသည့်
တောင်ဂတုံးမှာ
ဝမ်းရေး အတွက်
လောဘဖက်ပြီး
ခုတ်လိုက်သည့်ပင် (သစ်ပင်)
တူးလိုက် တွင်းထွက်
အမြစ်မကျန်
သစ်ပင်ငယ်တောင်
မထွက်ရဲပဲ
ဘယ်ဆီရောက်လို့
ဘယ်မှာပေါက်လဲ
သိသူရှိက
ပြောပြခဲ့ပါ ။
လွင်ပြင်လှိုင်းငယ်
အဌားရင်ဘတ်ထဲက ကဗျာ
Wednesday, 12 June 2013
Posted by လွင်ပြင်လှိုင်းငယ် at 04:43 5 comments
လာပါ လာပါ ဆိုလို့
အချစ်တွေ တနင့်တပိုးထမ်းလို့
နင့်အနား မင်းရဲ့အပါး
ရင်ခုန်သံစီးလို့
အရောက်လှမ်းခဲ့တယ်
ပြန်ပါ ပြန်ပါ ဆိုတော့လဲ
အလွမ်းတွေ တပုံတပင်
မျှော်လင့်ချက် ဖိနပ်ခပ်ပါးပါးနဲ့
နောက်ကြောင်းပြန်နေတုန်း
မင်းပြောလိုက်တဲ့
နောက်ဆုံးစကားကတော့
အချစ်ကို ခုတုံးလုပ်လိုက်သလိုပဲ
အချစ်တွေ တနင့်တပိုးထမ်းလို့
နင့်အနား မင်းရဲ့အပါး
ရင်ခုန်သံစီးလို့
အရောက်လှမ်းခဲ့တယ်
ပြန်ပါ ပြန်ပါ ဆိုတော့လဲ
အလွမ်းတွေ တပုံတပင်
မျှော်လင့်ချက် ဖိနပ်ခပ်ပါးပါးနဲ့
နောက်ကြောင်းပြန်နေတုန်း
မင်းပြောလိုက်တဲ့
နောက်ဆုံးစကားကတော့
အချစ်ကို ခုတုံးလုပ်လိုက်သလိုပဲ
ဘာတဲ့
အချစ်ဆိုတာ
လမ်းဘေးကရောင်းတဲ့
ဖရဲသီး တစ်စိတ်လောက်တောင်
မချိုမြိန်ဘူးတဲ့လား
ထားပါတော့
ချစ်တတ်တဲ့တနေ့
ဖရဲသီးတစိတ်က
မင်းအတိတ်ဘ၀က
ငါလို ကစားစရာ အရုပ်တွေအကြောင်း
ပြောပြလာပါလိမ့်မယ် ။
ရင်ဘတ်ငှားသည် (သတ်ပုံ အမှားများပါလျှင် ပြင်ဆင်ပေးကြပါ)
လွင်ပြင်လှိုင်းငယ်
ဆိုဒ်လေးတစ်ခုသို့ မိတ်ဆက်ပေးရင်း အားပေးရန် လေးစားစွာဖိတ်ခေါ်ခြင်း
Tuesday, 11 June 2013
Posted by လွင်ပြင်လှိုင်းငယ် at 08:30 5 comments
လေးစားရသော ဘလော့ဂ်ဂါများခင်ဗျာ .....
ဒီနေ့ စာပေကို ၀ါသနာပါပြီ ကဗျာနှင့် တခြားစာပေရသများကို ရေးသားရန်
စိတ်ဝင်စားသော ညီမငယ်တဦးရဲ့ ဆိုဒ်လေးကို ကျွန်တော် မိတ်ဆက်ပါရစေနော် ။
သူမရဲ့ ရင်တွင်ခံစားချက်များနဲ့ ရေးသားမည့် ကဗျာများကိုလဲ အားပေးပြီး လက်တွဲခေါ်ယူစေချင်ပါတယ်။
အမှားများရှိလျှင်လဲ အားမနာတမ်းဝေဖန်နိုင်ပါသည် ။ ။
သူမဆိုဒ်လင့်လေးကတော့ http://bloggerloverlay.blogspot.com/ ဖြစ်ပါတယ် ။
အားပေးကြပါအုံးနော်
အားလုံးကို လေးစားလျက်
လွင်ပြင်လှိုင်းငယ်
ဒီနေ့ စာပေကို ၀ါသနာပါပြီ ကဗျာနှင့် တခြားစာပေရသများကို ရေးသားရန်
စိတ်ဝင်စားသော ညီမငယ်တဦးရဲ့ ဆိုဒ်လေးကို ကျွန်တော် မိတ်ဆက်ပါရစေနော် ။
သူမရဲ့ ရင်တွင်ခံစားချက်များနဲ့ ရေးသားမည့် ကဗျာများကိုလဲ အားပေးပြီး လက်တွဲခေါ်ယူစေချင်ပါတယ်။
အမှားများရှိလျှင်လဲ အားမနာတမ်းဝေဖန်နိုင်ပါသည် ။ ။
သူမဆိုဒ်လင့်လေးကတော့ http://bloggerloverlay.blogspot.com/ ဖြစ်ပါတယ် ။
အားပေးကြပါအုံးနော်
အားလုံးကို လေးစားလျက်
လွင်ပြင်လှိုင်းငယ်
အိပ်မက်လေး သို့........
Saturday, 8 June 2013
Posted by လွင်ပြင်လှိုင်းငယ် at 11:23 8 comments
မျက်လုံးချင်းနမ်းတတ်တဲ့
ဒို့နှစ်ယောက် အနမ်းမှာ
ကမ္ဘာမြေပြင်ဟာ
ခဏတာလောက် အိပ်စက်သွားပြီး
နှစ်ယောက်တည်း
တကမ္ဘာဖြစ်သွားသလိုပဲ
အိပ်မက်လေးရေ ။
နင့်ရဲ့ အသက်ရှူသံဟာ
ငါ့ရဲ့ အိပ်စက်ခြင်းဂီတမို့
ဂီတသံကြားမှ အိပ်စက်တတ်တဲ့
နှလုံးသားဟာ
နင်နဲ့ ဝေးဝေးနေလို့ ဘယ်ရပါ့မလဲ
အသက်ရှူသံနဲ့ အသက်ဆက်ပေးတဲ့
အိပ်မက်လေးရေ ။
အနမ်းတွေအစား
အလွမ်းတွေထား
မေ့သွားမှာလား
တနေ့တော့လို့
မျည်ရည်လယ်လယ်
နင့်အမေးစကားမှာ
နှလုံးသားမှာ
မခံစားသာလို့
ဝေးရမယ့်အကြောင်း
ကမ္ဘာပျက်ပြီး နောက်ရက်တောင်
မတွေးပါနဲ့လား
အိပ်မက်လေးရေ ။
လွင်ပြင်လှိုင်းငယ်
ဒို့နှစ်ယောက် အနမ်းမှာ
ကမ္ဘာမြေပြင်ဟာ
ခဏတာလောက် အိပ်စက်သွားပြီး
နှစ်ယောက်တည်း
တကမ္ဘာဖြစ်သွားသလိုပဲ
အိပ်မက်လေးရေ ။
နင့်ရဲ့ အသက်ရှူသံဟာ
ငါ့ရဲ့ အိပ်စက်ခြင်းဂီတမို့
ဂီတသံကြားမှ အိပ်စက်တတ်တဲ့
နှလုံးသားဟာ
နင်နဲ့ ဝေးဝေးနေလို့ ဘယ်ရပါ့မလဲ
အသက်ရှူသံနဲ့ အသက်ဆက်ပေးတဲ့
အိပ်မက်လေးရေ ။
အနမ်းတွေအစား
အလွမ်းတွေထား
မေ့သွားမှာလား
တနေ့တော့လို့
မျည်ရည်လယ်လယ်
နင့်အမေးစကားမှာ
နှလုံးသားမှာ
မခံစားသာလို့
ဝေးရမယ့်အကြောင်း
ကမ္ဘာပျက်ပြီး နောက်ရက်တောင်
မတွေးပါနဲ့လား
အိပ်မက်လေးရေ ။
လွင်ပြင်လှိုင်းငယ်
ကဗျာတိုလေးများ
Monday, 3 June 2013
Posted by လွင်ပြင်လှိုင်းငယ် at 12:04 7 comments
ဘဝ
အချစ်တစ်ခုတည်းနှင့်
ဘ၀ဟာမပြည့်စုံသလို
ဘ၀တစ်ခုအတွက်
အချစ်မရှိရင်လဲ မပြည့်စုံနိုင်ဘူး
အချစ်+ဘ၀=နားလည်မှု့ဆိုရင်
ဘ၀ဟာနဲနဲပိုလှသွားမယ်
နားလည်မှု့တိုင်းမှာ
တိုင်ပင်ခြင်းတွေ ထပ်ဖြည့်လိုက်
မေတ္တာ သစ္စာတွေ ပေါင်းထည့်
ဘ၀အကျ အတက်နဲ့
မနက်ဖြန်တိုင်း
အချစ်တွေ တိုးတိုးလာရင်
အဆိုးတွေမရှိတဲ့
အနာဂါတ် စိတ်ထဲမှာမှတ်လို့
အချစ်ဆိုတာ ခဏခဏ ပြောစရာမလိုပဲ
အကြည့်တစ်ချက်နဲ့တင်
သူ့ရဲ့ကြင်နာခြင်းတွေ
နှလုံးသားက မြင်နိုင်ပါတယ် ။
*************************************
နှင်းဆီထံ မေ့မြောသော ကဗျာဆရာ
မိုးရေကြဲတဲ့
နှင်းဆီရဲရဲကြီးအနီးမှာ
နွေရဲ့ ကျေးငှက်
ကဗျာတစ်ပုဒ်ကို အဆုံးမသတ်နိုင်ပဲ
နှင်းဆီရဲ့ အလှမှာ မေ့မြောသွားခဲ့တယ်
ကြုံရင်နိုးခဲ့ပေးပါ
ကဗျာတစ်ပုဒ် အဆုံးသတ်ဖတ်ချင်လို့ပါ .....
****************************************
သူရဲကောင်းထံသို့
အနုပညာကောင်းကင်ကြီး
ငါမကြည့်ရဲတောင် ဖြစ်နေပြီ
ညရောက်တိုင်း ကြယ်တွေ
တဖြုတ်ဖြုတ်နဲ့
ငုတ်တုတ်ထိုင်ရင်း
မိုးသားကင်းတဲ့ ညမရောက်ပါစေနဲ့လို့
ဆုတောင်းရင်း
လင်းလက်နေသေးတဲ့
ကြယ်စင်အရေအတွက်
လက်ချိုးလို့တောင် ရေတွက်နေမိတယ် ။
ဒီမှာ သေမင်း သင်ဟာ
တော်ပြီးတတ် တွေးပြီးရေး
ကိုယ်ပိုင်နှလုံးသားကို
ပန်းပုထု
ခံစားချက်တွေနဲ့ မျက်နှာသစ်တတ်သူတွေကို
ရွေးခေါ်ပြီး
သင့်ခံစားချက်တွေကို စာဖွဲ့ခိုင်းမလို့လား ။
အများခံစားဖို့အတွက်
ကိုယ်ပိုင် နှလုံးသွေးစက်တွေနဲ့
နာကျင်ခံစားရေးဖွဲ့တတ်ပြီး
ဘ၀တပါးကိုကူးပြောင်းသွားပေမယ့်
သူရဲကောင်းတစ်ယောက်နဲ့
ရာဇ၀င်နဲ့ နာမည်ကတော့
ကျွန်တော့်တို့ နှလုံးသားမှာ
ထာဝရ
မြင့်မြတ်စွာ
လေးစားစွာ
တမ်းတစွာနဲ့ ကျန်နေခဲ့မှာပါ ။
********************************
အချစ်တစ်ခုတည်းနှင့်
ဘ၀ဟာမပြည့်စုံသလို
ဘ၀တစ်ခုအတွက်
အချစ်မရှိရင်လဲ မပြည့်စုံနိုင်ဘူး
အချစ်+ဘ၀=နားလည်မှု့ဆိုရင်
ဘ၀ဟာနဲနဲပိုလှသွားမယ်
နားလည်မှု့တိုင်းမှာ
တိုင်ပင်ခြင်းတွေ ထပ်ဖြည့်လိုက်
မေတ္တာ သစ္စာတွေ ပေါင်းထည့်
ဘ၀အကျ အတက်နဲ့
မနက်ဖြန်တိုင်း
အချစ်တွေ တိုးတိုးလာရင်
အဆိုးတွေမရှိတဲ့
အနာဂါတ် စိတ်ထဲမှာမှတ်လို့
အချစ်ဆိုတာ ခဏခဏ ပြောစရာမလိုပဲ
အကြည့်တစ်ချက်နဲ့တင်
သူ့ရဲ့ကြင်နာခြင်းတွေ
နှလုံးသားက မြင်နိုင်ပါတယ် ။
*************************************
နှင်းဆီထံ မေ့မြောသော ကဗျာဆရာ
မိုးရေကြဲတဲ့
နှင်းဆီရဲရဲကြီးအနီးမှာ
နွေရဲ့ ကျေးငှက်
ကဗျာတစ်ပုဒ်ကို အဆုံးမသတ်နိုင်ပဲ
နှင်းဆီရဲ့ အလှမှာ မေ့မြောသွားခဲ့တယ်
ကြုံရင်နိုးခဲ့ပေးပါ
ကဗျာတစ်ပုဒ် အဆုံးသတ်ဖတ်ချင်လို့ပါ .....
****************************************
သူရဲကောင်းထံသို့
အနုပညာကောင်းကင်ကြီး
ငါမကြည့်ရဲတောင် ဖြစ်နေပြီ
ညရောက်တိုင်း ကြယ်တွေ
တဖြုတ်ဖြုတ်နဲ့
ငုတ်တုတ်ထိုင်ရင်း
မိုးသားကင်းတဲ့ ညမရောက်ပါစေနဲ့လို့
ဆုတောင်းရင်း
လင်းလက်နေသေးတဲ့
ကြယ်စင်အရေအတွက်
လက်ချိုးလို့တောင် ရေတွက်နေမိတယ် ။
ဒီမှာ သေမင်း သင်ဟာ
တော်ပြီးတတ် တွေးပြီးရေး
ကိုယ်ပိုင်နှလုံးသားကို
ပန်းပုထု
ခံစားချက်တွေနဲ့ မျက်နှာသစ်တတ်သူတွေကို
ရွေးခေါ်ပြီး
သင့်ခံစားချက်တွေကို စာဖွဲ့ခိုင်းမလို့လား ။
အများခံစားဖို့အတွက်
ကိုယ်ပိုင် နှလုံးသွေးစက်တွေနဲ့
နာကျင်ခံစားရေးဖွဲ့တတ်ပြီး
ဘ၀တပါးကိုကူးပြောင်းသွားပေမယ့်
သူရဲကောင်းတစ်ယောက်နဲ့
ရာဇ၀င်နဲ့ နာမည်ကတော့
ကျွန်တော့်တို့ နှလုံးသားမှာ
ထာဝရ
မြင့်မြတ်စွာ
လေးစားစွာ
တမ်းတစွာနဲ့ ကျန်နေခဲ့မှာပါ ။
********************************
Subscribe to:
Posts (Atom)
Popular Posts
-
အသက်လေးရယ်ငယ်ငယ် သနပ်ခါး ပါးကွက်ကျားရယ်နဲ့ ဆင်ရင်ထုံးရွှေရင်ဖံုး လုံချည်ရှည်ရှည် ဆံနွယ်နက်နက် ယဉ်ကျေးတဲ့ သမီးပျိုလေးမို့ မိဘတွေ ဂုဏ်ယူ...
-
ရနံ့သင်းထုံ ရောင်သွေးလဲစုံ မြတ်နိုးသူပုံလို့ သူမေမှာမာန်တက်တယ် မထင်ရက် ယုံ ။ အမြင့်မှာမစံ မြေမှာလဲမခ ပန်းတို့ထုံးစံ စုန်ကန်လိ...
-
လွမ်းရိပ်ရယ် ပြို တမ်းတကာငို မှန်းမှန်းဆဆ လွမ်းရပြန်တော့ ဒီမောင့်မှာငို ။ ကြင်နာခြင်းနွမ်း နာကျင်စွာလွမ်း ဝေဒနာလမ်း လှေ...
-
ဘာမှ မပြောချင်တော့ဘူး ဘယ်ကဘယ်လိုရောက်လာမှန်းမသိပေမယ့် မြန်မာမိန်းကလေးဆိုတဲ့အသိ ပြည်မြန်မာက မိဘအိမ်မှာ ချန်ထားခဲ့သလားပဲ မဲပြောင်တဲ့အသားအရော...
-
အမှတ် 420 ဒုစရိုက်လမ်းနေ ဦးဒေါသ +ဒေါ်မောဟ တို့၏သား မောင်မာန်မာနသည် ဒုက္ခဆေးရုံတွင် ကွယ်လွန်သွားပါသြ ဖင့် ယနေ့မွန်းလွဲချိန်တွင် လောဘသုသန်တွင် ...
Popular Posts
-
နှင်းရယ်တဲ့ဖြူ မြူမှုန်ကလွင့် မြူရယ်နှင်းရယ် တူဆုံလို့ကွယ် ရှက်သွေးကဖြာ မြူအနမ်းလား နှင်းအနမ်းလားနဲ့ ဒီဆောင်းကတော့ ပန်းနုရောင် နေရောင...
-
ရနံ့သင်းထုံ ရောင်သွေးလဲစုံ မြတ်နိုးသူပုံလို့ သူမေမှာမာန်တက်တယ် မထင်ရက် ယုံ ။ အမြင့်မှာမစံ မြေမှာလဲမခ ပန်းတို့ထုံးစံ စုန်ကန်လိ...
-
ဒီဇင်ဘာနှင်းတွေကြာမှာ စံပယ်ဖြူ တစ်ပွင့် ရိုးသားတဲ့ ၀တ်ရုံကိုဆင်မြန်းလို့ရယ် စမ်းချောင်းရဲ့ ဂီတသံနှင့်အတူ မွေးရနံ့တွေဖက်ဖျန်း ဒီကမ...
-
မင်္ဂလာဦးဆွမ်းကျွေးဖိတ်ကြားလွှာ ရန်ကုန်တိုင်း ၊ အမှတ်(၂၂) ၊ သခင်အုန်းခင်လမ်း(၂၈) ရပ်ကွက် ၊ ဒဂုံမြို့သစ်မြောက်ပိုင်းနေ ၊ ဦးငွေတင် + (ဒေါ်...
Popular Posts2
-
စကားလဲများ သတင်းလဲပွား အပျင်းမ ဖက် ထမင်းဟင်းချက် လျှော် ဖွတ် ချူပ်လုပ် နေ၀င်မိုးချူပ် မငြီးမညူ ဈေးထွက်ဝယ်သူ ကောင်းတာ လင် ကျွေး ဟော...
-
အကြင်နာအခင်းအကျင်းမှာ ဝေဒနာတွေ စွန်းထင်းခဲ့တော့ အနမ်းတွေအစား အလွမ်းတွေနဲ့မို့ ဘ၀က ပင်ပန်းလှပါပြီ ။ တိတ်တဆိတ်နဲ့ ထွက်သွားပေမယ့် အရိပ်ေ...
-
တနင်္ဂနွေ သားသမီးများ ***ဘလော့အရေး*** အတွေးတွေများပြီး ရေးစရာတွေပျောက်နေသော ကာလဖြစ်သည်။သေလောက်အောင်ချစ်ပါ သည်ဆိုသောချစ်သူမှ အ...
-
ဟိုနေ့က အတ္တကြော်ဆိုပြီး သူငယ်ချင်းတစ်ယောက်လက်ဆောင်ပေးတာနဲ့ မောဟ သေရည်နဲ့ မြည်းလိုက်တာ စုတ်ပြတ်သတ်နေတဲ့ သိက္ခာတွေ အန်ဖတ်ထဲရောလို့ပေါ့ အ...
-
ခုန်နေတဲ့ နှလုံးသားဇာတ်ခုံပေါ်မှာ အချစ်ကိုစတင်ကပြတဲ့ ဒီရက် ။ အသက်ရှူသံမှာ ရှင်သန်ခြင်း အဓိပ္ပါယ်ကို စတင်သိရှိသည့် ဒီနေ့ ။ မျှော်လင့်ချက်ဆိ...
-
အိပ်မက်တစ်ခုရဲ့ အစပျိုးပြီး အဆုံးမသတ်သေးခင် အခန်းရဲ့ ပြူတင်းပေါက်ခန်းစီးစနှင့် သူမအလှဆင်ထားသောကျောက်ဆစ်ပန်းဆွဲလေးနှစ်ခု လေပြေရဲ့ ကျီစယ်မှုေ...
-
အိပ်မက်သခင် ဘ၀ရှင်နင်ရေ နင့်အပါးမှာ အမြဲ ခစား နင့်အနားမှာ ထာဝရနေချင်သူမို့ နင်ရှိတဲ့ဘယ်နေရာမဆို သေမင်းတောင် ကြွေဆင်းတဲ့...
-
အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ? *** အာပုပ်နံ့နံနေသောပါးစပ်ဖြင့် ဇနီးဖြစ်သူနဖူးကိုနမ်းပြီး မထချင်ထချင် ထပြီး ဘေးမှာရှိသော ဆေးလိပ်ဗူးမ...
-
နှင်းရယ်တဲ့ဖြူ မြူမှုန်ကလွင့် မြူရယ်နှင်းရယ် တူဆုံလို့ကွယ် ရှက်သွေးကဖြာ မြူအနမ်းလား နှင်းအနမ်းလားနဲ့ ဒီဆောင်းကတော့ ပန်းနုရောင် နေရောင...
-
ချစ်သူသင့်အား မုန်းမိပါလျှင် ဒီငတုံးအား တသက်လုံးပဲ မုန်းမိပါမည်။ (ရည်ညွှန်း ။ ။ ဒီငတုံး=လွင်ပြင်လှိုင်းငယ်) လွင်ပြင်လှိုင်းငယ်
Popular Posts3
-
နှင်းရယ်တဲ့ဖြူ မြူမှုန်ကလွင့် မြူရယ်နှင်းရယ် တူဆုံလို့ကွယ် ရှက်သွေးကဖြာ မြူအနမ်းလား နှင်းအနမ်းလားနဲ့ ဒီဆောင်းကတော့ ပန်းနုရောင် နေရောင...
-
ရနံ့သင်းထုံ ရောင်သွေးလဲစုံ မြတ်နိုးသူပုံလို့ သူမေမှာမာန်တက်တယ် မထင်ရက် ယုံ ။ အမြင့်မှာမစံ မြေမှာလဲမခ ပန်းတို့ထုံးစံ စုန်ကန်လိ...
-
ဒီဇင်ဘာနှင်းတွေကြာမှာ စံပယ်ဖြူ တစ်ပွင့် ရိုးသားတဲ့ ၀တ်ရုံကိုဆင်မြန်းလို့ရယ် စမ်းချောင်းရဲ့ ဂီတသံနှင့်အတူ မွေးရနံ့တွေဖက်ဖျန်း ဒီကမ...
-
မင်္ဂလာဦးဆွမ်းကျွေးဖိတ်ကြားလွှာ ရန်ကုန်တိုင်း ၊ အမှတ်(၂၂) ၊ သခင်အုန်းခင်လမ်း(၂၈) ရပ်ကွက် ၊ ဒဂုံမြို့သစ်မြောက်ပိုင်းနေ ၊ ဦးငွေတင် + (ဒေါ်...