လူရယ်လို့ ဖြစ်လာမှတော့
အလှအပဆိုတဲ့အရာကို ကြိုက်ကြစမြဲပေါ့
မိန်းကလေးတွေ မိတ်ကပ်လိမ်းသလို
ယောက်ျားလေးတွေလဲ မျက်နှာဂျီးချွတ်တာတော့ လုပ်တတ်ပါရဲ့ ။
သစ်ဆန်းတဲ့ပစ္စည်း ပြောင်မြောက်တဲ့ပညာ
သင့်ယူရူပါကို
မယ်ကုဝံမှသည် ပပ၀တီအလား
ကုသ နဲ့နင်လားငါလားတောင်
ခဏအတွင်းမှာ ဘရက်(စ်)ပစ်ထက် သားနားသွားအောင်
လုပ်ဆောင်နိုင်တဲ့ အလှပြင်ဆိုင်တွေက ဒုနဲ့ဒေးပေါ့ ။
တိုးတက်လွန်းတဲ့ ဒီခေတ်အခါမှာ
ကိုယ်ပိုင်ဆိုင်လေးတဆိုင်တော့ ဖွင့်ဖို့သင့်ပြီ မိတ်ဆွေ
ရုပ်အလှကိုပြင်ဆင်ဖို့ ပေးရတဲ့ငွေတွေ အချိန်တွေ
စိတ်ပင်ပန်းမှု့တွေကမနည်းပါလား
စိတ်အလှကိုပြင်ဆင်ဖို့တော့ မေ့နေသလားပဲနော် ။
ငွေကုန်ကြေးကျ အခမဲ့နဲ့
ကိုယ်ပိုင်နှလုံးသားထဲမှာ
ရိုးသားတဲ့ အခင်းအကျင်း
မြင့်မြတ်တဲ့ စက်ပစ္စည်းတွေနဲ့
လောကမှာ တုနှိုင်းမမှီတဲ့ အလှတရာကို ဖန်တီးပေးနိုင်တဲ့
"စိတ်အလှပြင်ဆိုင်"လို့ နာမည်တပ်ပြီး
ကိုယ်ပိုင် နှလုံးတွင်းဆိုင်လေးတော့ ဖွင့်သင့်ပြီ။
လွင်ပြင်လှိုင်းငယ်
6 comments:
စိတ်ထားကို ဘယ်လိုလှအောင်ပြင်၇မလည်း..မောင်လွင်ပြင်ေ၇..
စိတ်ထားတွေ..စိတ်ာထားတွေ
စိတ်ထားကိုတော့ အတတ်နိုင်ဆုံးပြင်နေရပါတယ်
ဖတ်သွားပါတယ်ရှင် ကိုချမ်း စိတ်ကို မပြင်တတ်ဘူးလား
ပြောပြမယ်နော် :P
အလွန်မှန်တဲ့စာသားလေးတွေပါပဲအစ်ကိုရေ
ကိုယ်ကိုယ်တိုင်ကော..ပတ်ဝန်းကျင်အတွက်ပါ
အသုံးဝင်မယ့်..အလှပြင်ဆိုင်လေးတွေ
ဖွင့်နိုင်ကြပါစေ
ဆန္ဒပြုလျှက်ပါ
ချစ်ခင်စွာဖြင့်
သမီးစံ
မောင်ချမ်းရေ
လာခဲ့ငါပြင်ပေးမယ်။
လွင်ပြင်ရေ
ဒီလိုကဗျာကောင်းလေးတွေရေးတတ်လာပြီနော်။
စိတ်ထားဖြူစင်တဲ့၊ စိတ်ထားလှတဲ့သူဟာ
ရုပ်အသွင်အပြင်ပါ ကြည်လင်ပြီး လှပနေတတ်ပါတယ်။ စိတ်အလှက ရုပ်အလှထက် ပိုတန်ဘိုးရှိတာ အမှန်ပါဘဲ။
ကောင်းလိုက်တဲ့ ကဗျာလေးပဲ ....:)
Post a Comment