ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အိပ်မက်လေး

Saturday 8 October 2011

ရှင်သန်နေသမျှတော့
အိပ်စက်ခြင်းဆိုတာရှိနေမှာပါ
အိပ်စက်တိုင်းလဲ အိပ်မက်ဆိုတာရှိနေတာပဲလေ
နင်ဟာငါ့နှလုံးသား အိပ်စက်နေချိန်မှာ
ဘယ်သူ့ခွင့်ပြုချက်မှမယူပဲ
ဟန်ဆောင်ခြင်းကင်းမဲ့ ရိုးသားတဲ့ ခြေလှမ်းတစ်စုံနဲ့
ငါ့နှလုံးသားဧရိယာထဲ ဖြေဖြေလေးလှမ်းဝင်လာခဲ့တယ်နော်...
မှတ်မှတ်ရရနင်ငါရဲ့ နှလုံးသားတံခါးကိုလာခေါက်တဲ့ လက်တစုံဟာ လေလှိုင်းထဲကလာတဲ့ ဖုန်းသံနဲ့နော်
ငါတခါမှ မစဉ်းစားမိခဲ့ဘူး အဲ့ဒီဖုန်းပိုင်ရှင်လေးဟာ
ငါ့နှလုံးသားရဲ့ ထာဝရ ရင်ခုန်သံလေးဖြစ်မယ်ဆိုတာလေ...
အဲ့ဒီအချိန်ကစလို့ ငါတို့နှစ်ယောက် တစ်ယောက်အသံတစ်ယောက်မကြားရရင်မနေနိုင်အောင် တိတ်တခိုးလေး သံယောဇဉ်တွေသွယ်နေမိတယ်နော်...
အချိန်တွေပြောင်းလဲခဲ့သလို နင်နဲ့ငါ့ရဲ့ နှလုံးသားအရောင်တွေကလဲပြောင်းလဲလာတယ်နော် အဖြူရောင်သံယောဇဉ်ကနေ အပြာရောင်ချစ်ခြင်းမေတ္တာနယ်မြေထဲတိုးဝင်ဖို့ ပြောခဲ့တဲ့ ငါ့ရဲ့ ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းဟာ ငါ့နှလုံးသားရင်ခုန်သံရဲ့ ဘာသာပြန်စကားတစ်ခွန်ပါ...
ငါနင့်ဆီကို စာလွှာတွေရေးပြီး ချစ်တဲ့အကြောင်းရေးတဲ့ မင်တွေဟာလဲငါ့နှလုံးသွေးတွေပါဟာ...
နင်ငါ့ကို အလွမ်းတွေ မျှော်လင့်ခြင်းတွေနဲ့ အချိန်အကြာကြီးထားခဲ့ပြီးမှ ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကို ငါ့နှလုံးသားကိုတိုးတိုးလေးကပ်ပြောခဲ့တယ်နော်...
နင်ငါ့ကိုချစ်တယ်ပြောတဲ့နေ့မှာပဲ နင့်ကိုငါ အိပ်မက်လေးလို့ ခေါ်ခဲ့တယ်နော် အဲ့တုန်းက နင်ကပြောတယ်လေ အိပ်မက်ဆိုတာ အိပ်စက်မှမက်လို့ရတာနိုးထနေချိန်မှာတော့ ငါကနင့်အနားမှာမရှိဘူးလာတဲ့ မဟုတ်ပါဘူးဟာ
ငါ့နှလုံးသားဟာ နင့်နှလုံးသားဆီမှာ ထာဝရအိပ်စက်ပြီးဘယ်တော့မှ နိုးထမှာမဟုတ်ပဲ ဘ၀များစွာထိရှိနေမှာမို့ အိပ်မက်လေးလို့ ခေါ်တာလို့ ငါရှင်းပြခဲ့တာနင်မှတ်မိတယ်မဟုတ်လား...
တခါတလေ လူ့ဘ၀ကြီးက ရီစရာတော့ကောင်းသားနော် ဘာလို့လဲဆိုတော့ နင်နဲ့ငါ ရူးသွပ်စွာချစ်သူဖြစ်ခဲ့နေ့အထိ ငါတို့တစ်ယောက်ကိုတစ်ယောက် ဖြူလားမဲလား ပုသလားရှည်သလားတောင်မသိကြလို့ပဲလေ........

တနေ့နင့်ကို မြင်ဖူးချင်လို့ ငါကနင့်ဓါတ်ပုံတောင်းတော့ နင်က အော်ရီပြီ နင်အဆင့်တွေကျော်နေပြီ ငါတို့နှစ်ယောက် ချစ်သူသာဖြစ်နေပြီးတစ်ယောက်အသက်တစ်ယောက်တောင်မသိကြသေးဘူးလို့ပြောတော့ ငါကချက်ချင်းပဲ ငါ့အသက် ၂၁နှစ်လို့ပြောတော့ နင့်ရီနေတဲ့အသံက ချက်ချင်းပျောက်ကွယ်သွားတာ ဘာကြောင့်လဲဟာ ငါ့ရဲ့ ဟလို ပေါင်းများစွာရဲ့နောက်မှာ ကြားရတာက နင့်ရဲ့ အသက်ရှူသံကပုံမှန်မဟုတ်ပဲ တခုခုဆုံးရှုံးသွားလို့ ကြေကွဲအသက်ရှူသံတွေပဲဟာ တော်တော်လေးကြာမှနင်က ပြန်ဖြေခဲ့တယ်နော် နင်က ငါ့ထက်၅နှစ်ကြီးတယ်လို့ စိုးရိမ်သံနဲ့ပြန်ဖြေခဲ့တယ်နော် အဲ့ဒီအချိန်တုန်းက ငါအော်ရီခဲ့တာနင်မှတ်မိအုံးမလား နင်ငါ့ထက်ကြီးတာ ငါဘာလုပ်ရမှာလဲ ငါနင့်ကို ဘာအကြောင်းပြချက်မှမရှိပဲချစ်ခဲ့တာလေ နင်အသက်ကြီးတာနဲ့ပဲ ၀မ်းနည်ကြောင့်ကြရလား အရူးမရဲ့.....နင်ငါ့ထက်ကြီးလို့ ငါကပိုတောင်ပျော်သေးတယ်ဘာလို့လဲဆိုတော့ ငါငယ်ငယ်လေးကတည်းက ရူးသွပ်ဖူးတဲ့ ငါတကယ်ချစ်မိတဲ့သူမှငါ့ကို မောင်လို့ခေါ်ခွင့်ပြုမယ်ဆိုတဲ့ စိတ်ကူယဉ်မှုလေးကို လက်တွေ့ခံစား၇တော့မှာမို့ပါ တကယ်ပါ ငါမလိမ်ပါဘူး ငါရည်စားတွေအများကြီးထားခဲ့ပေမဲ့ ဘယ်ရည်စားမှ မောင်လို့ခေါ်ခွင့်မပေးခဲ့ပါဘူး နင့်ရင်ထဲကခေါ်ချင်ရင်တော့ ငါ့ကိုမောင်လို့ခေါ်ပါလားလို့ တောင်းဆိုတော့ နင်ကရှက်နေတဲ့အသံလေးနဲ့ မခေါ်ချင်သေးဘူးဟာတဲ့ အိုက်တုန်းက နင့်မျက်နှာလေးကို မမြင်ရပေမဲ့နင့်ပါးပြင်မှာ ရှက်သွေးရောင်တွေလွမ်းနေမယ်ဆိုတာငါသိပါတယ်ဟာ....အရူးမ နင့်ဆီက ဓါတ်ပုံတောင်းတာကို အသက်တွေအကြောင်းမေးပြီးစကားလမ်းကြောင်းလွဲမနေနဲ့ နင့်ကိုငါချစ်တာ ဘာအကြောင်းပြချက်မှမရှိဘူးလို့ပြောပြီးပြီလေဟာ
အိုက်ဒီအချိန်တုန်းက ဒီလိုအင်တာနက်တွေမရှိတော့ နင်နဲ့ငါရဲ့ နှလုံးသားဆက်သွယ်ဖို့က ဖုန်းနဲ့စာပဲရှိတာလေ ငါတို့တနေကုန် အလုပ်လုပ်မယ် အားရင်ဖုန်းဆက်မယ် နင်အိပ်နေလောက်ပြီဆိုတဲ့အချိန်ဆိုငါနင့်ဆီစာတွေရေးမယ် ဒီလိုနဲ့ အချိန်တွေကို ငါတို့ကုန်ဆုံးစေခဲ့တယ်နော် နင်ကလဲ၂၇က်တစ်ခါနင့်ဆီငါ့စာမရောက်ရင်စိတ်ကကောက်သေးတယ်လေ နင်နဲ့ငါရှာတဲ့ ပိုက်ဆံကလဲ ဖုန်းကဒ်ဖိုးနဲ့ကုန်တာပဲလေ ဒါတွေထားလိုက်ပါ တနေ့ကျတော့ ငါမထင်မှတ်ပဲနင်က မောင်ဓါတ်ပုံပို့လိုက်ပြီတဲ့ ငါပျော်လိုက်တာ ကောင်မလေးရယ် (နင်ငါ့ထက်ကြီးပေမဲ့ တခါတလေ ကောင်မလေးလို့ငါခေါ်တတ်တယ်နော်) နင်ဖုန်းဆက်ပြီးကတည်းက စာတိုက်ပုံးကို အကြိမ်ပေါင်းများစွာငါသွားကြည့်နေမိတယ်ဟာ ၂ရက်မြောက်နေ့မှာတော့ ငါ့နာမည်နဲ့ နင့်လက်ရေး စာအိပ်လေးအပေါ်မှာ မခေါက်ရ ကျိုးတတ်သည်လို့ နင်တမင်ရေးလိုက်တဲ့စာသားရေးကငါ့ရင်ခုန်သံကို အရမ်းမြန်စေမိတယ် မောင့်အိပ်မက်လေးရရ်......


နင့်ရဲ့ အပြာရောင်စာအိတ်လေးကို ငါ့နှလုံးသားနဲ့ အနီဆုံးဘယ်ဘက်အိတ်ကပ်ထဲမှာထည့်ပြီးငါအလုပ်ကို ဆက်လုပ်နေမိတယ်ဟာ ဒီနေ့မှာ ဘာဖြစ်မှန်းမသိဘူး အချိန်တွေကလဲ ကုန်ခဲလိုက်တာ ငါ့နာရီများပျက်နေလားမသိဘူးဆိုပြီး အလုပ်ထဲကနာရီလှမ်းကြည့်လိုက်တော့ ပုံမှန်ပဲဟ..ငါစိတ်လောနေလို့နေမှာပါဟာ (မှတ်ချက်...နင့်ရဲ့စာတွေဆိုငါက အိပ်ယာပေါ်မှာအိပ်ပြီး အေးအေးဆေးဆေး ဖတ်တတ်တာငါ့အကျင့်မို့ အလုပ်ထဲမှာမဖတ်လို့ ဒုက္ခရောက်နေရတာပါ)
အလုပ်ပြီးလို့ အဆောင်ပြန်ရောက်တော့ ရေချိုး ပြီးတော့အိပ်ယာပေါ်လှဲ နင့်စာအိတ်လေးကို တချက်နမ်းလိုက်ပြီး စာအိတ်ကိုဖောက်လိုက်တယ် ဟောထွက်လာပါပြီ အပြာရောင်စာရွက်တွေကြားကနင့်ပုံလေး တကယ်ပါဟာ အခုစာရေးနေရင်းနဲ့တောင်အိုက်တုန်းက ငါ့ရင်ခုန်သံမှတ်မိနေသေးတယ် ဘယ်တော့မှမေ့ဖျောက်လို့မရမဲ့ ခံစားမှုလေးပါဟာ ဓါတ်ပုံထဲမှာတော့ အသားဖြူဖြူ ယြုံကည်မှုအပြည့်ရှိတဲ့ မျက်နှာလေးနဲ့ နင်ဟာငါ့အတွက်တော့ အရမ်းလှတဲ့ကောင်မလေးတစ်ယောက်ပေါ့ဟာ နင့်ရဲ့အထူးခြားဆုံးက နင့်ရဲ့ နှာခေါင်းချွန်ချွန်လေးပေါ့ အဲ့ဒီညကငါတညလုံး အိပ်လို့မပျော်ပဲ နင့်ပုံလေးကြည့်လိုက်စာဖတ်လိုက်နဲ့အရမ်းကြည်နူးဖို့ကောင်းတာပဲ အိုက်ညတုန်းက နင့်ဆီဖုန်းဆက်တော့ဖုန်းမကိုင်ဘူးနော် နောက်နေ့မှနင်ပြောတယ်ရှက်လို့တဲ့ နောက်နေ့ကျတော့ ငါ့ရဲ့ ပုံဆိုးဆိုးလေးတွေကို နင့်ဆီပို့ပေးခဲ့တယ်နော် ဒီလိုနဲ့နင်နဲ့ငါဟာ အပြင်မှာမတွေ့ဖူးပေမဲ့ နှလုံးသားမှာတော့ငါတို့ခွဲလို့မရတဲ့ချစ်သူတွေပေါ့ဟာ နင်မှတ်မိသေးလား ငါဖုန်းမဆက်တဲ့ ညမှာငါ့ကိုလွမ်းလို့ဆိုပြီး ငါ့ဓါတ်ပုံလေးမှာ မျက်ရည်တွေ သနပ်ခါးတွေနဲ့ ပေကုန်တယ်လို့နင်ပြောခဲ့တာလေ ....အိပ်မက်လေးရေ ငါတို့နှစ်ယောက် မဆုံနိုင်သေးခင်မှာ အလွမ်းဆိုတာကို ခံနိုင်ရည်ရှိအောင်ကြိုးစားပြီး ဆုံတွေ့မဲ့နေ့ရက်တွေအတွက် စိတ်ကူးပြီးကြည်နူးနေကြရတယ်နော်......ဒီလိုနဲ့ ငါတို့နေ့ရက်တွေကို ဖြတ်သန်းကြခဲ့တယ် အိပ်မက်လေးရေ မပြောမဖြစ်လို့ နင့်ကို ပြော၇တော့မယ်ဟာ ငါဒီရောက်နေတာ ၃နှစ်ပြည့်တော့မယ်ဟ ငါပြန်ရတော့မယ် ဘယ်လိုလုပ်ရမလဲ အတွေးလေးနဲ့တောင်နင့်ကို ငါမခွဲနိုင်ဘူးဟာ ဘယ်လိုလုပ်ရမလဲ...................................
ငါပြန်ရမယ်ပြောတဲ့နေ့က နင်သတိလစ်ပြီး ဆေးခန်းရောက်သွားတယ်နော် အိပ်မက်လေးရေ ငါဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလိုက်ပြီဟာ ဘယ်အကြောင်းနဲ့မှ နင်နဲ့အဝေးမခံဘူး ငါတို့အချစ်ရဲ့ စွမ်းအားတွေနဲ့ဘ၀ကို ရဲရဲရင်ဆိုင်ဖို့ နင်ရှိတဲ့ဆီကို ငါရဲရဲကြီးလှမ်းလာခဲ့ပြီ အိပ်မက်လေးရေ.............သို့ပေမဲ့လဲ............ဘာတွေဆက်ဖြစ်မယ်လို့ သင်တို့ထင်လဲဟင်.......
ကျွန်တော်စာရေးနေတဲ့အချိန်မှာပဲ"မောင် မအိပ်သေးဘူးလား ညနက်နေပြီ မနက်အလုပ်သွားရအုံးမှာ အိပ်တော့လေ"တဲ့ ဒီလိုပြောတဲ့သူကတော့ ကျွန်တော့်ရဲ့ ထာဝရအိပ်မက်လေး သူပါပဲ.......
တကယ်ချစ်ရင် တွေဝေမနေပါနဲ့
တွေဝေမှုဟာ သင့်ကို တချိန်မှာ အလွမ်းတွေ နာကျင်မှုတွေ ခါသီးမှုတွေနဲ့ ဘ၀ကို ခြောက်သွေ့စွာဖြတ်သန်းရမှာပဲလို့ ကျွန်တော်ထင်ပါတယ်........
ကျွန်တော်ရဲ့ ခံစားမှုသည် ကွန်တော့အတွက်သာဖြစ်ပါတယ် သင့်ရဲ့ ခံစားမှုသည်လဲသင့်အတွက်သာဖြစ်ပါသည်.......
အမှားအယွင်းများပါလျှင် နားလည်ပေးနိုင်ကြပါစေ
လွင်ပြင်လှိုင်းငယ်


6 comments:

mstint said...

ရင်တွင်းခံစားချက် ရိုးရိုးရှင်းရှင်းလေးတွေနဲ့ တန်ဆာဆင်ထားတဲ့ 'အိပ်မက်လေး'ထဲ မျောပါသွားတယ် လွင်ပြင်ရေ။
တွေဝေခြင်းဆိုတာ တစ်ခါတစ်ရံ နောင်တရစေမည့် ဆုံးရှုံးမှုကို ပိုင်ဆိုင်တတ်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

Happy ending လေးပေါ့... ပျော်စရာကြီး... ကန်ဒီလည်း အဲ့လိုနေ့လေးရောက်ဖို့ မျှော်နေတယ်... :D

ဆူးသစ် said...

ဘယ်လိုပဲဖြစ်ဖြစ်စာရေးသူတစ်ယောက်ကို ကျွန်တော်တို့ကြိုဆိုပါတယ်။ ခံစားမှုအားကောင်းသူလို့ယူဆပါတယ်။ စာတွေပိုထွက်လာဦးမှာပါ။ ယုံကြည်ပါတယ်။ ဆက်လုပ်ပါ။

Angelhlaing(May everybody be happy and healthy! said...

ခံစားအားပေးလျှက်ပါ လို့....

jasmine(တောင်ကြီး) said...

အခုကပျော်ရမယ့်အချိန်လေ...
ဘာတွေစိတ်ညစ်နေတာလဲ

လမင်းငယ် said...

စာလေးဖတ်ပြီးတွေဝေမနေချင်တော့ဘူး
မှတ်ချက် အခုတွေဝေနေလို့ပါ :P

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :