ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အာဒံအချစ်နဲ့ လွင်ပြင်အချစ်

Thursday 13 October 2011





Friends18.com Orkut Scraps


                                  အာဒံက ဧ၀ ကိုဘယ်လိုပြောခဲ့လဲ?
ချစ်တယ်လို့ပြောခဲ့တာလား
i love you လို့ပြောခဲ့တာလား
ဘယ်လို ဘာသာစကားနဲ့ပြောခဲ့မှန်းငါ မသိခဲ့ပေမဲ့
မြန်မာလိုပဲတတ်တဲ့ငါက မြန်မာလိုနားလည်တဲ့နင့်ကို
ရင်ထဲက ရင်ခုန်သံရဲ့ စည်းချက်နဲ့အတူ
နှလုံးသွေးရဲ့ စီးဆင်းရာ မေတ္တာရပ်ဝန်းအတိုင်း
နှုတ်ဖျားက မတားဆီးနိုင်ခဲ့လို့
ချစ်တယ်ဆိုတဲ့ စကားကို
နင့်ကို ရိုးရိုးလေးပဲ ပြောခဲ့တာပါ........
အာဒံက ဧ၀ကို ပန်းသီး တစ်လုံးကျွေးတာလား တစ်ခြမ်းကျွေးတာလား
တစိတ်လေးပဲကျွေးတာလားကို ငါမစဉ်းစားခဲ့ဖူးပေမဲ့
ငါ့မှာ ပန်းသီးတစ်လုံးရှိရင်တော့ တစ်လုံးလုံး
နင့်ကိုကျွေးမိမှာတော့ သေချာပါတယ်
ငါကိုယ်တိုင် မသိခဲ့တဲ့ သူတို့အချစ်ဇာတ်လမ်းကို
ငါစိတ်မ၀င်စားဘူး
ငါကိုယ်တိုင် ရင်နဲ့ရင်းပြီးချစ်ခဲ့ ငါတို့ဇာတ်လမ်းပဲ စိတ်ဝင်စားတယ်
အာဒံက ဧ၀ကိုဘယ်လောက်ချစ်လဲငါ မသိချင်ဘူး
ငါကတော့ နင့်ကို ငါ့ဘ၀ထက်ပိုချစ်ခဲ့တယ်
အာဒံက ဧ၀ကို အပြစ်မြင်ခဲ့လား ဘယ်သူမှမသိခဲ့ဘူး
ငါကတော့ နင့်ကို အပြစ်မမြင်ပဲ အရာရာကို အချစ်လို့ပဲထင်ခဲ့တာပါ....
အာဒံနဲ့ ဧ၀အချစ်က ရာဇ၀င်တွင်ခဲ့ပေမဲ့
နင်နဲ့ငါ့အချစ်ကတော့
နှစ်ဦးသားရင်မှာ ကျန်ရစ်ခဲ့ရင် ငါကျေနပ်ပါပြီ


လွင်ပြင်လှိုင်းငယ်





Friends18.com Orkut Scraps

9 comments:

သမီးစံ said...

အောင်မြတ်လေးနော်
တယ်ဆိုတဲ့စာပါလားကွယ်း))
အညွှန်းခံရတဲ့မိန်းကလေးကတော့
တော်တော်ကံကောင်းမှာပဲဗျို့း)
ရည်မှန်းသူနဲ့အမြန်ဆုံစည်းနိုင်ပါစေရှင်
ချစ်ခင်စွာဖြင့်
သာမီးရှံးP

mstint said...

ကဗျာလေးကိုဖတ်ပြီး 'အဲဒီလောက်တောင်ချစ်ရသူ' ဆိုတဲ့သီချင်းလေးကို သတိရလိုက်တယ် လွင်ပြင်လေးရေ။
သက်ဆိုင်သူတော့ ဒီကဗျာလေးဖတ်ပြီး ကြည်နူးနေမှာပဲ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

jasmine(တောင်ကြီး) said...

တီတင့်နဲ့ သမီးစံပြောတဲ့အတိုင်းပါပဲ
ချမ်းမြေ့ပါစေလို့

မေသိမ့်သိမ့်ကျော် said...

သူများတွေများ ချစ်တတ်လိုက်ကြတာ။ ချစ်သူကို မြတ်မြတ်နိုးနိုးနဲ့ကို ပုံအောပြီးချစ်တတ်လိုက်ကြတာရှင်။ အားကျပါရဲ့။

ခင်တဲ့
မေသိမ့်

Aung Htut said...

ကဗျားလေးကို ကြိုက်တယ်ဗျို့.... :P

Candy said...

ကဗျာလေး ကောင်းတယ်... :D

Angelhlaing(May everybody be happy and healthy! said...

မိုက်တယ် :)

♫♪★လွမ်းပိုင်ရှင်★♪♫ said...

အော်အော် အချစ်တွေအချစ်တွေ နာတို့တော့လွမ်းရပါတယ် ဗျာ ကောင်းတယ်ဗျာ
ခံစားခဲ့ပါတယ်နော် ကို လွင်ပြင်နဲ့ လှိုင်းငယ်

မိုးသက် said...

ကိုကြီး.. ဧ၀က ကျွေးတာ ဟုတ်ဖူးလား.။ ဟိဟိ.
ကဗျာလေးကောင်းတယ်.။ ကျွန်တော်သာဆိုရင်လည်း တစ်လုံးလုံး ကျွေးမိမှာပဲ.။ ဘာလို့လဲ ဆိုတော့ ပန်းသီးမကြိုက်လို့.။ ဟိဟိ.။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :