နေမင်း လမင်းတဲ့
မင်း ခြင်းတူပေမဲ့
ပူလောင်ခြင်းနဲ့ အေးမြခြင်းကတော့
လမင်းဖြစ်တဲ့ နင်ကတော့
အေးမြခြင်း သရဖူ
လူသားအကျိုးပြုသူလေးပေါ့။
နေရောင် လရောင်တဲ့
အလင်းရောင်ခြင်းတူပေမဲ့
အမှောင်ထုကြားမှာ နင့်အလင်းရောက်ရင်
သာယာမှုနဲ့ နင့်အလင်းအောက်မှာ အိပ်စက်ကြတယ်။
နေ့စဉ်ရက်ဆက် ပူလောက်မှုနဲ့
အထီကျန်စွာ ခရီးဆက်တဲ့ နေမင်းရဲ့
ငြီးငွေ့နေတဲ့ ခြေလှမ်းကြားမှာ
ညစဉ်ညတိုင်း ထွန်းလင်းမှု့မပေးပေမဲ့
နင်ရှိတဲ့ညတိုင်းမှာ ရံခြွေတော် ကြယ်အစုံနဲ့
ကခုန်လိုရယ်
သာယာမှု့အပေါင်း
ကြယ်များရဲ့ သခင် လမင်းနင်ရယ်။
ကမ္ဘာကထွက်ခွာ ခဏလေးမှာတောင်
လူသားတွေ အမှောင်ကြားလမ်းပျောက်မှာစိုးစိတ်နဲ့လား
နင့်ရဲ့ ခြွေရံတော်ပေါင်း ကြယ်စင်သောင်းများနဲ့
အလင်းစက်လေးဖြစ်ဖြစ် အကျိုးပြုအောင်
စိတ်ထားစေတနာ ကြီးမာစွာနဲ့ ထားခဲ့တာလား လမင်းလေးရယ်။
(သူငယ်ချင်း လမင်းအတွက် အမှတ်တရ)
လွင်ပြင်လှိုင်းငယ်




Myanmar Kyat Converter
7 comments:
မည်သို့ပင်ဆိုစေကာမူ..း))
နေနဲ့လ..ဆိုတာ..လူသားတိုင်းအတွက်
မရှိမဖြစ်ပါပဲအစ်ကိုရေ
ဒါနဲ့
အစ်ကို့ရဲ့သူငယ်ချင်း..လမင်းက
ယောကျာင်္းလေးလား..မိန်းကလေးလားရှင့်
မိတ်ဆက်ပေးအုံးလေးP
ချစ်ခင်စွာဖြင့်
သာမီးစံ
သူ့သတင်းနဲ့သူတော့ မွေးနေတာပဲ မဟုတ်လား..
အမောင်လွင်ပြင်ရေ..
သာမီစံရေ လမင်းဆိုတာက မိန်းကလေးပါ။
မဒမ်လွင်ပြင်ရဲ့ ယောင်းယောင်းပေါ့
လမင်းအတွက်ရေးပေးတဲ့
ကဗျာလေးကိုခံစားဖတ်ခဲ့ပါတယ်။
လာရောက်ခံစားအားပေးသွားပါတယ်ရှင်
လမင်းအတွက်ဆိုပေမယ့် လမင်းမဟုတ်တဲ့သူလဲ ခံစားအားပေးသွားတယ်လို့....:):)
အတွေးကောင်းပါတယ်။ သတ်ပုံတွေတော့ သတိထားပါခင်ဗျ။ ကဗျာကတိုတော့သတ်ပုံမှားရင် အဓိပ္ပါယ်က တော်တော်လွဲတယ်။ စကားပြေကျတော့ စာက ပြန်ထိန်းသွားနိုင်တယ်လို့ ကျွန်တော်မြင်မိတယ်။
Post a Comment