နေ့နေ့ ညည
ငါ့ဘ၀က
ငါ့ဘ၀က
အချိန်တိုင်းမှာ
နင်မှနင်ပါ ။
နင်မှနင်ပါ ။
နေ့ရဲ့အလင်း
ညရဲ့လမင်း
ဘ၀အလင်း
နင်မှနင်ပါ ။
ထွက်သက်ဝင်သက်
ငါ့ရဲ့သက်က
ဘ၀များစွာ
နင်မှနင်ပါ ။
နင်မှနင်ပါ ။
ငါ့ရဲ့ အိပ်မက်
နေ့ခင်းမက်လဲ
အိပ်မက် မင်းသ္မီး
နင်မှနင်ပါ ။
အလုပ်သွားပြန်
လူကအလုပ်
စိတ်ကဝေးဆီ
နင်မှနင်ပါ ။
အရာအားလုံး
တန်းဖိုးထားဆုံး
အနှိုင်းမဲ့ချစ်
နင်မှနင်ပါ ။
အိပ်ပျော်နိုးထ
ညနက်သန်းခေါင်
ဘယ်ချိန်ကြည့်ကြည့်
မြင်ခြင်ခဲ့တာ
နင့်မျက်နှာ
လ၀န်းထက်မက
ပန်းကခစား
အလှတရားရဲ့
ဧကရီ နင်မှနင်ပါ
အိပ်မက်လေးရာ ။
(အိပ်မက်လေးသို့ အမှတ်တရ)
လွင်ပြင်လှိုင်းငယ်
15 comments:
ယုံလိုက်ပါနော် :P
အလုပ်သွားပြန်
လူကအလုပ်
စိတ်ကဝေးဆီ
နင်မှနင်ပါ ။ ... ဒီစာသား လေးတော့ တိုက်ဆိုင်လို့ လားမသိဘူး ... အရမ်း ကြိုက် တယ်
အယ် .. ကဗျာ တစ်ပုဒ် လုံး coppy လုပ်သွားပြီနော် ...
ခင်မင်စွာဖြင့်
နင်မှနင်တဲ့
အားပေးပါတယ်ကဗျာကောင်းလေးပါဗျာ....
ယုံဘူး...
မမက လှမ်းခေါ်တိုင်း မအားလို့ မပြန်ပဲ ချက်နေတာများ..ဟီးးးး
(တို့ထောင်လိုက်ပြီ...)
ခင်လျက်
ဂျွန်မိုး
မင်းမှ....မင်းပဲ... :P
(လေးဖြူသီချင်းသတိရသွားလို့)
100% တော့မယုံလိုက်နဲ့နော်
အမတော် :))
နင်နဲ့ ငါ
ငါနဲ့ နင်ဟာ
နေ့ နဲ့ ည
ည နဲ့ နေ့ 
ဖြစ်နေတော့...
ဟူး..ဘီလိုလုပ်ရပ..ကိုလွင်ပြင်
ယုံပါတယ်
ကောင်းလိုက်တဲ့ စာသားလေးတွေ ဗျာ... ကဗျာလေးလည်း ကြိုက်တယ်။
အောင်မြလေး... ကိုလွင်ပြင်ရယ်... တူတူနေနေရတာတောင် ဒီလောက်လွမ်းရလား.. အတူတူမနေရသေးတဲ့ လူတွေကိုအားနာပါဦး
ချိတ်ညစ်တယ်.. လွမ်းသွားပြီ.. ပြန်မယ်.. ဒီမှာကြာကြာနေရင် ရူးသွားမယ်.. အဟင့် :(
နင်မှနင်ဖြစ်နေတဲ့ လွင်ပြင်လေးရေ
မဒမ်လွင်ပြင်မရှိရင် အသက်မရှင်ခြင်ဘူးပေါ့နော်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
နင်မှနင့်ကြောင့် ငါ၇ူးရတာပဲလေ
အပေါ်ကတစ်ယောက်ကတော့ယုံပါတယ်တဲ့
ဒိုးကန်တော့ယုံဘူး ဟိဟိ
(ရန်တိုက်ပေးသွား၏ )
ကဗျာလေး ခံစားအားပေးသွားပါတယ်...
ကဗျာလေး ဖတ်ရင်း ဟိုအရင် မှန်ကူကွက်များခွေထဲမှာ ကိုအောင်ဆိုထားတဲ့ နင်နဲ့ ငါ သီချင်းလေးတောင် သတိရမိသွားတယ်...
ငါစိတ်ထဲလဲ နင်မှနင်ပါ လွင်လေးရယ် သေရောဟ ဟီးးး
ကဗျာတွေလာအားပေးသွားတယ်..
အားလုံးအတွက်ကျေးဇူးတင်ပါတယ်။
Post a Comment