ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ငါ

Wednesday 22 February 2012

ငါသည် ငါဖြစ်ဖို့
ငါကိုယ်တိုင်
ငါ့ရာဇ၀င်ကို
ငါပိုင်တဲ့ ငါ့ဘ၀စာမျက်နှာမှာ
ငါနဲ့ဆိုင်တဲ့အကြောင်းတွေ
ငါပိုင်ခဲ့တဲ့ ဒုက္ခ သုခတွေကို
ငါ့နှလုံးသွေးနဲ့ ရေးရဲရမည်  ။



ငါသည် ငါဖြစ်သောကြောင့်
ငါ့ထက်တော်သူကို အားကျမိ၏
ငါ့ထက် ညံ့သူကို ငါ့ထက်တော်စေချင်၏
ငါလျှောက်မယ့်လမ်း ခယောင်းလမ်းဖြစ်ချင်ဖြစ်ပါစေ
အများလျှောက်တဲ့ လမ်းတော့ 
စိန်စီပြီး ဖဲခင်းတဲ့ လမ်းကောင်းလေးပဲ ဖြစ်စေချင်တာ
ငါ့ဆန္ဒမှန်ပါ  ။



ငါသည် ဓါးသွေးကျောက်ဖြစ်ချင်၏
ငါသာ ပါးသွားပေမယ့် အများ ထက် တော့ ငါပျော်၏
 ငါသည် လမ်းဘေးက ရေချမ်းစင်လေးလဲ ဖြစ်ချင်၏
အမြင်မလှပေမယ့် သူတပါး ရင်တော့ အေးစေ၏
ငါသည် ဇရပ်လေးလဲဖြစ်ချင်၏
အခင်းနွမ်းနေပေမဲ့ ခဏတာ အများအတွက် နားစရာတော့ရ၏ ။



ငါသည်  စာပေ ကဗျာလေးတောင် မရေးတတ်ပေမယ့်
ရသ ကိုခံစားတတ်၏
ကဗျာဆရာလက်ကို တန်ဖိုးထား၏
ငါသည် ဝေဖန်ရေးကို အားပေး၏
မနာလိုခြင်းကို ရွံမုန်း၏
ငါသည် အပြစ်ကင်းသော သူတော်စင်မဟုတ်ပေမယ့်
လူတွေကိုတော့ အပြစ်ကင်းတဲ့ လူတော်တွေဖြစ်စေချင်၏  ။



ငါသည် ငါဖြစ်သောကြောင့်
ငါ့ဘ၀ကို ငါခြယ်သပြီး
ငါဆေးရောင်က မလှပရင်
ငါ့ချစ်သူနင်နှင့် သင်တို့က
ငါ့အတွက် အရောင်ကောင်းလေးပြောခဲ့ပါ  ။



လွင်ပြင်လှိုင်းငယ်

 
 


 

17 comments:

မေမြို့မိုး said...

အားပါးပါး.. ဘယ်လိုတွေရွေးပြီးတော့များ
ပစ်ထည့်ထားတာလည်းအကိုရာ. .
ကောင်းတယ်...အရမ်းပဲ...။

မိုးငွေ့...... said...

ချစ်သူကိုအရင်ရွေးချယ်ပါစေလေ..(မစ္စဂျက် ဘာအရောင်ရွေးမလဲ)

ချစ်စံအိမ် said...

ငါသည်ပြောရမယ်ဆို ကောင်း၏ :)

Junemoe said...

ငါသည် ငါဖြစ်သောကြောင့်
ငါ့ဘ၀ကို ငါခြယ်သပြီး
ငါဆေးရောင်က မလှပရင်
ငါ့ချစ်သူနင်နှင့် သင်တို့က
ငါ့အတွက် အရောင်ကောင်းလေးပြောခဲ့ပါ ။

ဒီအပိုဒ်လေး အကြိုက်ဆုံးပဲ..
ကဲ ... မမရေ..ပြောပြလိုက်လေ.. ဘာအရောင်ကောင်းလဲဆိုတာ...
နော်ကတော့ အဖြူလေးက အကောင်းဆုံးလို့မြင်တယ်..ဟိ

ခင်မင်လျက်
Junemoe

ပျိုးယုဝသုန် said...

အရောင်တိုင်းကတော့နှစ်သက်စရာတွေချည်းပါပဲလေ...

ကိုရင် said...

အင်း..
ရောင်စုံသာချယ်ပစ်လိုက်ဗျာ :

san htun said...

ကောင်းလိုက်တဲ့ ကဗျာလေး

မောင်ဘုန်း said...

မချယ်ရသေ တာကို ...တော်တော် လှနေပြီ .... နောင်တော်

jasmine(တောင်ကြီး) said...

ရောင်စုံလေးဆိုလဲတစ်မျိုးလှတာပဲ

♫♪★လွမ်းပိုင်ရှင်★♪♫: said...

အီးးးးးးးးးးဘာအရောင်လေးပါလိမ့် ကောင်းလိုက်တဲ့ ကဗျာလေးပါဗျာ
အားပေးခဲ့ပါတယ်နော်....။
ခင်မင်လေးစားလျှက် (လွမ်း) www/lwanpaishin.blogspot.com

မောင်မောင် said...

ပထမဆုံး အပိုဒ်ကို အကြိုက်ဆုံးဘဲ အစ်ကိုရေ။

ဝေမိုးနိုင်(မုံရွာ) said...

ဒီကဗျာထဲက “ငါ”တွေ အများကြီး ပေါ်ထွက်လာပါစေလို့ ဆုတောင်းမိတယ်။ လူတွေက ဒီငါနဲ့ တစ်ခြားစီ ဖြစ်နေကြတယ်ဗျာ။

ဖြိုးဇာနည် said...

ငါတို့သည်ငါတို့ဖြစ်သည်
တို့ကြောင့်
ငါတို့သည်
ကိုယ့်သမိုင်းကို
ကိုယ်ရေးကြသည်။

ဟီးးးလိုက် ငါ ကြည့်တာ

ဖြိုးဇာနည် said...

This comment has been removed by the author.

အလွမ်းမြို့လေး said...

ကဗျာလေးတွေ လာရောက်ခံစားသွားတယ်။ အားပေးနေမယ်။ ပျော်ရွှင်ပါစေ။





ခင်မင်လျှက်
အလွမ်းမြို့

ညီညီ said...

လာလည်သွားတယ်ခင်ဗျ.....
ကဗျာလေးတွေ ကြိုက်တယ် သိလား......။
ကဗျာလေးတွေ ရေးရတာ ကဗျာလေးတွေ ဖတ်နေရတာ ပျော်စရာပဲ အကိုရေ........။

မိုးခါး said...

အရောင်လေး
အေးချမ်းပါတယ် ..း)

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :