ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ရေမှာသေပါ လှေမှာမသေပါနဲ့

Wednesday 28 March 2012

ကဝေတစ်ကောင်ရဲ့ ငိုသံလား
ကညာပျိုရဲ့ ရီသံလား
အတည်တကျမရှိတဲ့ ဘ၀မှာ
နှုတ်ထွက်စကားလုံးတိုင်းက
အထားမကျတဲ့
အလိမ်အညာစကားတွေမို့
လူတကာက မယုံ
ပုံသွင်းထားတဲ့
အပြုံးတွေက
နှုတ်ခမ်းနဲ့ နှလုံးသားကြားမှာ ကွာဟနေလေရဲ့  ။

အဖိုးတန် အမျိုးမှန်ဖြစ်စေချင်တဲ့ မိဘ
အရိုးခံနဲ့ ထက်မြက်စေချင်တဲ့ မောင်ဘွား
အမြင့်စံဘ၀မှာ တင့်တယ်နေတာမြင်ချင်တဲ့ သူငယ်ချင်းများ
ဒီအဖြစ်တွေကြားက
နင့်ဘ၀ကတော့လေ
အမျိုးမှန်ပေမယ့် အဖိုးမတန်
အရိုးခံ မဖြစ်ချင် အကျိုးမှန်သမျှ
ရတဲ့ နည်းနဲ့ရှား
အမြင့်စံစရာဆိုလဲ
နင့် ခန္ဓာကိုယ်တောင် ရောင်းချရမလိုဘဝ
တိုင်းတပါးမှာ
ခိုင်းစားခံနေရတာတောင်
ခဏတာပျော်ဖို့
ဘ၀ကိုမေ့
စေတနာစကားကို
မနာလိုစကားတွေလို့ ပုံသွင်းပစ်
တစ်လှေလုံးပုပ်အောင်
နင်သေပေးနေတာတော့ မဟုတ်ပါဘူးနော်  ။



(မှတ်ချက် ။     ။မည်သူ့ကိုမှ မရည်ရွယ်ပါ တခါတရံ မြင်ရတွေ့ရ ကြားရသော အဖြစ်ကို ရေးချမိခြင်းသာ။

  မေ့သားလေး(လွိုင်ကော်)

ကဗျာလေးတင်ပေးဖို့ မေးလ်ထဲက တောင်းဆိုလာတဲ့ မေ့သားလေး(လွိုင်ကော်)ရဲ့ ကဗျာလေးကို အားပေးကြပါအုန်းနော်



7 comments:

ချစ်စံအိမ် said...

ကဗျာလေးအရမ်းကောင်းတယ်..

Cameron said...

ဒါကြောင့်ဖတ်ရင်းက လွင်ပြင်ရေးနေကျပုံစံမျိုးနဲ့ ကွဲထွက်နေတယ်ထင်တာ...။ ကဗျာလေးကောင်းတယ်...။

Snow May said...

ကဗျာလေးခံစားသွားပါတယ်နော်.. :)

မိုးသက် said...

ကဗျာကောင်းလေး အားပေးသွားပါတယ်..။အစ်ကို.
မိုက်တယ်.။ ထပ်ရေးပါဦး...။

mstint said...

အိမ်အသစ်လေးကိုအလည်လာပြီး ကဗျာလေး
အားပေးသွားတယ် လွင်ပြင်လေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဖြိုးဇာနည် said...

လှပတဲ့ကဗျာလေးပါပဲ

သံစဉ်ချိုချိုလေးတွေပါကြားနေရသလိုပဲ

ဧဒင်အချစ်ပုံပြင် said...

ကဗျာလေးကိုကြိုက်လွန်းခဲ့တယ်ဗျာ..

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :