အချစ်ကြောင့်ရယ်လို့
အသက်ရှင်တာမဟုတ်ပေမယ့်
အသက်ရှင်ဖို့အတွက်တော့
ရင်ခုန်သံ ကာရံနဲ့
အချစ်ကဗျာတစ်ပုဒ်မှ မစပ်ဆိုနိုင်ရင်
ရင်ခုန်သံ သွေးပျက်ပြီး
ကြည်နူးခြင်းမဲ့
ဘေးထွက်ထိုင်ရသလို ဖြစ်နေမှာပေါ့ ။
ကမ္ဘာမြေကြီးပေါ်က
အလှနတ်မိမယ်အားလုံးကို
မြင်တွေ့နိုင်တဲ့ မျက်ဝန်းတစ်စုံ ငါ့မှာရှိပေမယ့်
နှလုံးသားရဲ့ မျက်ဝန်းတစ်စုံမှာတော့
နင့်တစ်ယောက်ထဲမြင်ပြီး
တခြားလူတွေအတွက် စုံလုံးကန်နေတာ
ဘာကြောင့်များလဲချစ်သူရယ် ။
မီးကိုထိရင် ပူတယ်
ရေခဲက အေးတယ်
ဒါဟာ သဘာဝတရားဆိုပေမယ့်
ဘ၀တပါးတောင် မရောက်သေးပဲ
အနေကျဲလို့ သွေးခဲသွားပြီး
အချစ်ကိုလမ်းဘေးမှာချရောင်းတဲ့
လူတွေကိုငါမုန်းတယ် ။
ဘာပဲဖြစ်ဖြစ်ပါ
ပဲပြုတ်သည် မထား
ထီပေါက်လို့ ဟစ်ဟော့အဆိုတော်ဖြစ်သွားတာ
ငါနဲ့မဆိုင်ပါဘူး
ဒါပေမယ့်
အသဲခိုက်အောင်အေးတဲ့
ဆောင်းနံနက်က
ရော့(ခ်)သီချင်းလေးညည်းပြီး
နင်ပြုတ်ကျွေးတဲ့ ပဲပြုတ်ကြောင့်
ငါထီမထိုးဖြစ်တာ ကြာနေပြီဟာ ။
လွင်ပြင်လှိုင်းငယ်
9 comments:
ဒါဆိုရင် အစ်ကို Rocker ကြီးပေါ့
ကဗျာလေးက အရမ်းမိုက်တယ် အစ်ကိုရေ
ရေးတတ်ပါပေ့
Rockerကြီးဆိုရင်တော့ ညီလေးနဲ့တူသွားပြီအစ်ကိုရေ.. ။ ကဗျာလေးကောင်းတယ်အားပေးသွားပါတယ်.။
ကဗျာလေးအရမ်းကောင်းတယ်. အားပေးသွားပါတယ်
တကယ်ပဲ ဟိုရောက်ဒီရောက် ဖြစ်သွားပါတယ်ဗျာ....:)
ကဗျာလေး လန်းတယ်ဗျာ....ပေါ့ပေါ့ပါးပါးနဲ့ တကယ်ထိတယ်.....ရေးတတ်ပါ့ ကိုလွင်ပြင်ရယ်.....
ကဗျာလေးကမိုက်တယ်ဟေ့
အဟားဟား အော်တာနေးတစ်ခိကဗျာပေါ့နော်
နာလည်း ထီထိုးဦးမှ..ထီပေါက်မှ rocker လုပ်မယ်..ဒန်..ဒန့် ..ဒန်
Post a Comment