ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အပျော်အပါးက ဒုက္ခများသား

Monday 2 April 2012

မိဝေး ဖဝေး
တပြည်ရွာမှာ
မိဘမောင်ဖွား
သူတို့ကောင်းဖို့
ငွေဆိုတာကို
ရှာဖွေ ဆုဆောင်း
အချိန်မှန်မှန်
အိမ်ပြန်ပို့တာ
ရောက်စကစ
ခြောက်လထိပေါ့  ။

လာတဲ့ အကြွေး
ဆပ်လို့ မပြီး
ဘီယာ ချိုချို
အညာပျိုနှင့်
ထုတ်သည့် လစာ
ကုန်မှထပြီး
ငွေပို့ရက်မှာ
ဖုန်းတစ်ခါခေါ်
ငိုသံပါလျက်
အလုပ်မကောင်း
ဒီတစ်လတော့
ချွေတာ စားလေ
မေမေတို့ရေ  ။

ရတာမလောက်
လောက်တာရဖို့
အို ဘ၀နဲ့
ငွေနောက်လိုက်ရင်း
လိုင်းတွေလည်းစုံ
အလုပ်ကုန်လို့
လကုန်ရက်မှာ
ပြည်မြန်မာက
မိဘတွေဆီ
ဖုန်းမဆက်တာ
သုံးနှစ်ကြီးတောင်
ရှိသွားပြီကွာ  ။

ခေတ်တွေကပြောင်း
အိုတွေမောင်းထုတ်
ပါမစ်မရှိ
အဖြစ်ကြားက
ပြည်မြန်မာက
မိဘမျက်နှာ
ဘယ်လိုပြန်ကြည့်
အဖြေမရှိ
ပြေးစရာ မြေလဲ
မရှိတော့ပြီ  ။

လွင်ပြင်လှိုင်းငယ်

(တချို့တချို့သောသူများကို ကြည့်ပြီး ကဗျာဖွဲ့မိသည်။)

6 comments:

ချစ်စံအိမ် said...

မလေးကလူတွေထင်ပါတယ် :P
လမင်းတော့အဲလိုဟုတ်ဘူး:D

အလွမ်းမြို့ said...

အဲလိုလေးတွေလည်း ရေးတတ်ပါ့။
စာသားနဲ့ လက်တွေ့ကလည်း တကယ်ကိုက်ညီပါ့။
အဟဲ... အားပေးတယ်။။ ဂွတ်



ခင်မင်တဲ့
အလွမ်းမြို့

မိုးသက် said...

စွယ်စုံပါပဲလား အစ်ကိုရေ. အားပေးသွားပါတယ်.။

လွင်ပြင်လှိုင်းငယ် said...

မလေးကလူတွေကြီးပဲလို့ မဆိုလိုပါဘူး။
နိုင်ငံခြားမှာ နေတဲ့ လူအနည်းစုကို ပြောတာပါ။
နိမ့်ချပြီးပြောဆိုခြင်းမဟုတ်ပါ စိတ်ထဲရှိတာကို ဒီလိုမဖြစ်အောင် ရေးပြမိခြင်းဖြစ်ပါသည်။

ဟန်ကြည် said...

နာမည်တော့ ကြားဖူးနေတာကြာပေါ့...လမ်းမသင့်လို့ မရောက်ဖြစ်ဖူး ဖြစ်နေတာ...အခုတော့ လင့်ခ်ပါယူသွားလို့ နောက်ဆိုရင် အသစ်တင်တိုင်း လာဖတ်ပါ့မဗျား...

ကိုယ်တိုင်ကလည်း ကဗျာကို မြတ်နိုးတာမို့ ဝေဖန်ရေးနဲ့ လေကန်ရေးလည်း လုပ်ရင်းပေါ့လေ...း)

ရင်ဆူး said...

ကိုလွင်ပြင်တို့ကတော့ သရုပ်ဖော်ကဗျာလေးလည်း ရေးတာဘဲဗျနော်....လေးစားပါတယ်ဗျာ......စေတနာလေးတွေ မြင်သွားပါတယ်.....

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :