ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

သံယောဇဉ်

Thursday 12 April 2012

                                                          မမြင်တဲ့ကြိုး ရင်မှာတွယ်ရစ်
 
ဖြုတ်ဖို့မလွယ် ဖြတ်ဖို့ခက်ခဲ

ဖျက်ဖို့နတ္တိ သူ့ သတ္တိက

အနှိုင်းမဲ့စွမ်းအား ပိုင်ဆိုင်ထားတဲ့

ထိုကြိုးလေးတမျှင်

သံယောဇဉ်ရယ်.......

ထူထပ်တံတိုင်း

မိုင်ပေါင်းဝေးကွာ

ဘ၀ခြားလဲ ဖြတ်ဖို့ခက်တဲ့

ဒီကြိုးမျှင်ကို မင်းရစ်ပတ်ခဲ့တာ

နှစ်ပေါင်းကြာပြီ

မောင့်သံယောဇဉ်ကြိုးလေးရယ်......

နှစ်တွေပြောင်းလို့ သက္ကရာဇ်ဟောင်းလဲ

မဆွေးမရိ ရင်မှာတွယ်ညှိ့

တိုးတိုးလို့သာ ခိုင်မြဲလာတဲ့ ကြိုးလေးပါ

 
အချစ်ဆိုရင် အမုန်းရှိမယ်

ကြိုက်တယ်ဆိုရင် မကြိုက်ဘူးရယ်လို့

ဆန်ု့ကျင်ဘက်အရာတွေရှိပေမယ့်လဲ

ဆန့်ကျင်ဘက်မရှိတဲ့ ဒီစကားလုံးကလဲ

သံယောဇဉ်ပါပဲ

မောင့်သံယောဇဉ်ကြိုးလေးရယ်............
  လွင်ပြင်လှိုင်းငယ်

5 comments:

အလွမ်းမြို့ said...

မောင့်သံယောဇဉ်ကြိုးလေးရယ်...တဲ့လား..
လွင်ပြင်ရေ ရောက်ခဲ့တယ်နော်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။အလွမ်းမြို့ကတော့ လွင်ပြင်ကဗျာလေးနဲ့ အပြိုင် (လေးဖြူ) သီချင်းလေး အော်ဆိုသွားပြီ။။ ( သံယောဇဉ် သံယောဇဉ် လူကိုအရူးတစ်ပိုင်းဖြစ်စေတယ်....ဆိုလားဘဲ... သတိတော့ထားနော်... လေးဖြူက အရူးတစ်ပိုင်းဖြစ်စေတယ်တဲ့...ပထမဆုံး အကောင်းဆုံး ကော်မန့်ပေးခဲ့တယ်...အဟီး

ပျော်ရွှင်ပါစေ
ခင်မင်တဲ့
အလွမ်းမြို့

ပျိုးယုဝသုန် (Pyo Yu Wathone) said...

သံယောဇဉ်ကြိုးလေးနဲ့ ရစ်ပတ်ခံထားရတယ်ပေါ့လေ... ဒါကိုလည်း ကိုလွင်ပြင်က လိုလိုချင်ချုင်ပဲ မဟုတ်လား..။

ခင်တဲ့
ဝသုန်

Candy said...

သံယောဇဉ်ကြိုးလေးက မမစံပယ်ကို တွယ်ပတ်နေသည် :P

ရင်ဆူး said...

ဆန့်ကျင်ဘက်မရှိတဲ့ ဒီစကားလုံးကလည်း သံယောဇဉ်ပါဘဲ....ဆိုတာလေး မိုက်တယ်ဗျာ.......

Thwin said...

နှစ်တွေပြောင်းလို့ သက္ကရာဇ်ဟောင်းလဲ

မဆွေးမရိ ရင်မှာတွယ်ညှိ့

တိုးတိုးလို့သာ ခိုင်မြဲလာတဲ့ ကြိုးလေးဟာ သံယောဇဉ်ပေါ့ နော်..။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :