ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အိပ်မက်လေးသို့ အမှာစကား

Tuesday 17 April 2012

အိပ်မက်လေးရေ
ကောင်းကင်ကို မော့ကြည့်ပြီး
ကြယ်တစ်စုံလောက် လိုချင်တယ်လို့
ငါ့ကို မပူဆာပါနဲ့ဟာ
ကောင်းကင်ကို လှေကားထောင်ပြီး
တက်ယူပေးမယ်လို့လဲ
နင်ပျော်အောင် အလိမ်အညာတွေမသုံးချင်ဘူး
နင်လိုချင်ရင် ကြယ်တစ်စုံအစား
လိုရာသုံးဖို့ ငါ့ရင်တစ်စုံကို
နင်မတောင်းလဲ ပေးပြီးသားပါ ။

အိပ်မက်လေးရေ
ကန္တရလမ်း ခရီကြမ်းက
ထွက်သည့်ရေကြည်
အိုအေစစ်မှ သောက်ချင်တယ်လို့
မတောင်းတပါနဲ့လား
ခရီးကကြမ်း နင်ပန်းမှာမို့
သစ္စာကွင်းပြင်က
ငါ့ရဲ့ မေတ္တာရေကြည်လေးသာ
ဘ၀တသက်တာအတွက် သောက်သုံးပါလားကွယ် ။

အိပ်မက်လေးရေ
စိန်စီတဲ့လမ်း ရတနာပန်းနဲ့
ခြွေရံတစ်သောင်း
နင်တောင်းတလဲ
ဘ၀အခြေအနေ မရေရာသေးလို့
လက်ရှိဘ၀မှာတော့
နှလုံးသားကို ခင်း
သည်းဦးပန်းနဲ့
ငါ့ချစ်ခြင်းတွေကို
နင့်ဘေးမှာထား ခစားစေပြီး
နင့်ရဲ့ဘ၀ ထာဝရပြည့်စုံခြင်းနဲ့
ထားပေးပါ့မယ်
အိပ်မက်လေးရယ် ။

အိပ်မက်လေးသို့ အမှတ်တရ

14 comments:

ချစ်စံအိမ် said...

ကဗျာလေးအားပေးသွားပါတယ်

Candy said...

ကဗျာဆန်သော ကဗျာဆရာ ကိုလွင်ပြင် :P :P

Snow May said...

ကဗျာကတော့ ဘယ်လိုရေးရေးကို ကောင်းနေပါလား ပါရမီထူးပုံများ.. အားကျမိပါတယ်..း)

မိုးသက် said...

အိပ်မက်လေး..အတွက်..ခံစားချက်တွေက ပီပြင်လွန်းတယ်နော်အစ်ကို....။
မိုက်တယ်..။ သွားနောက်လိုက်ဦးမယ်. ဟီး.။

ရင်ဆူး said...

ကဗျာဆရာကတော့...ကဗျာဆရာပါဘဲဗျာ...ဘယ်လိုရေးရေးကောင်းနေတော့တာဘဲ....မိုက်တယ်အစ်ကိုရေ....

Cameron said...

စံပယ်ချိုကမှ တကယ့် ကဗျာဆရာတစ်ယောက်ကို ပိုင်ဆိုင်ထားသူ...း)

စံပယ်ချို said...

အီပူတူး ဆားချက်ထားတာသူတို့မသိဘူး

မောင်ဘုန်း said...

မိုက်တယ် ... အိမ်မက်လေး တဲ့ ... ။
ကဗျာလေး ကောင်းတယ် ဗျာ ... ။

ခြွေရံတစ်သောင်း....... နင်တောင်းတလဲ ....
ဆိုတဲ့ ကာရံ လေး အတုယူ သွားပါတယ် ... ။

ခင်မင်စွာဖြင့်

မောင်ဘုန်း

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ကဗျာလေး ဖတ်၇တာ ညင်ညင် သာသာ နူးနူးညံ့ညံ့လေး

ခင်တဲ့
ဝသုန်

သိင်္ဂါကျော် said...

"နင်လိုချင်ရင် ကြယ်တစ်စုံအစား
လိုရာသုံးဖို့ ငါ့ရင်တစ်စုံကို
နင်မတောင်းလဲ ပေးပြီးသားပါ "

စာသားတွေ ကြိုက်သွားတယ်..

8Yar said...

တိတော့တိတယ်။ ဒါပေမယ့် ကြိုက်တယ် ဟီး... :P

htawoo said...

မနေ့ ကတောင် အိပ်မက်မက်ပါသေးတယ်...
ကိုလွင်ပြင်ရယ်..
ထော်ဦး

မိုးသူ(တောင်ကြီး) said...

အိပ်မက်လေးရေ
ကောင်းကင်ကို မော့ကြည့်ပြီး
ကြယ်တစ်စုံလောက် လိုချင်တယ်လို့
ငါ့ကို မပူဆာပါနဲ့ဟာ
ကောင်းကင်ကို လှေကားထောင်ပြီး
တက်ယူပေးမယ်လို့လဲ
နင်ပျော်အောင် အလိမ်အညာတွေမသုံးချင်ဘူး

တခါတခါ မိန်းခလေးတွေက လိမ်မှကြိုက်တယ်နော်
အမှန်တွေချည်းသိပ်မပြောနဲ့ လေ
စတာနော် :P
ခင်တဲ့ 
မိုးသူ

Thwin said...

အိပ်မက်လေးကို မှာတဲ့ အမှာစကားတွေ ကို အိပ်မက်လေးက ကျေနပ်လက်ခံမှာပါ...။ အိပ်မက်လေး အရမ်း ကံကောင်းတယ်...။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :