ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

တုနှိုင်းမမှီတဲ့ အလှပြင်ဆိုင်

Friday 13 April 2012



လူရယ်လို့ ဖြစ်လာမှတော့
အလှအပဆိုတဲ့အရာကို ကြိုက်ကြစမြဲပေါ့
မိန်းကလေးတွေ မိတ်ကပ်လိမ်းသလို
ယောက်ျားလေးတွေလဲ မျက်နှာဂျီးချွတ်တာတော့ လုပ်တတ်ပါရဲ့ ။

သစ်ဆန်းတဲ့ပစ္စည်း ပြောင်မြောက်တဲ့ပညာ
သင့်ယူရူပါကို
မယ်ကုဝံမှသည် ပပ၀တီအလား
ကုသ နဲ့နင်လားငါလားတောင်
ခဏအတွင်းမှာ ဘရက်(စ်)ပစ်ထက် သားနားသွားအောင်
လုပ်ဆောင်နိုင်တဲ့ အလှပြင်ဆိုင်တွေက ဒုနဲ့ဒေးပေါ့ ။

တိုးတက်လွန်းတဲ့ ဒီခေတ်အခါမှာ
ကိုယ်ပိုင်ဆိုင်လေးတဆိုင်တော့ ဖွင့်ဖို့သင့်ပြီ မိတ်ဆွေ
ရုပ်အလှကိုပြင်ဆင်ဖို့ ပေးရတဲ့ငွေတွေ အချိန်တွေ
စိတ်ပင်ပန်းမှု့တွေကမနည်းပါလား
စိတ်အလှကိုပြင်ဆင်ဖို့တော့ မေ့နေသလားပဲနော် ။

ငွေကုန်ကြေးကျ အခမဲ့နဲ့
ကိုယ်ပိုင်နှလုံးသားထဲမှာ
ရိုးသားတဲ့ အခင်းအကျင်း
မြင့်မြတ်တဲ့ စက်ပစ္စည်းတွေနဲ့
လောကမှာ တုနှိုင်းမမှီတဲ့ အလှတရာကို ဖန်တီးပေးနိုင်တဲ့
"စိတ်အလှပြင်ဆိုင်"လို့ နာမည်တပ်ပြီး
ကိုယ်ပိုင် နှလုံးတွင်းဆိုင်လေးတော့ ဖွင့်သင့်ပြီ။


လွင်ပြင်လှိုင်းငယ်

9 comments:

ချစ်စံအိမ် said...

ဟုတ်ကဲ့ပါ ကြိုးစားဖွင့်နေပါတယ်..
ကဗျာလေးအားပေးခဲ့ပါတယ်..

နွေလ said...

အမြဲဖွင့်ထားပါတယ်
ဒါပေမယ့် ပစ္စည်းမစုံသေးဘူး
စုနေတယ် စုနေတယ်
ကဗျာလေးက အဓိပါယ်ရှိပြီး
လေးနက်လှတယ်
အားပေးသွားတယ် အစ်ကို
ပျော်ရွှင်ပါစေ

ကြည်ဖြူခင်ခင် said...

ကဗျာလေးကို လာရောက်ဖတ်ရှု ခံစားသွားပါတယ်.. အစဉ်အားပေးလျှက်..

San San Htun said...

မှန်၏

ဟန်ကြည် said...

စိတ်တွေကို အလှပြင်မပေးခင် အကုန်လုံး ရေနွေးဖြောပစ်ရဦးမယ်ထင်တယ် လွင်ပြင်ရေ...

အပြင်ပန်းကို ဦးစားပေးနေကြလွန်းတော့ အတွင်းစိတ်တွေက ညစ်ပတ်နေကြတာ ကြာလှပေါ့...

ခရီးသွားနေလို့ ကွန်မန့်နောက်ကျသွားတာ စိတ်မရှိပါနဲ့ဗျား...

ဆန်းသစ်အောင် said...

အလှပြင်ဆိုင်မှာလာပြီး ရုပ်လှဘို့တင်မက

စိတ်လှဘို့အတွက်ပါ ပြင်ဆင်သွားပါတယ်.

Unknown said...

ခံစားအားပေးခဲ့ပါတယ် ခင်မျာ
စာသားလေးတွေလှ သလို
ခံယူချက်လေးတွေလည်း လှပါပေတယ်ဗျာ




(ဒုတိယ)

မဒမ်ကိုး said...

ဟုတ်တယ်အကိုရေ နှစ်သစ်မှာတော့စိတ်တွေလဲ ပြင်သင့်တယ်

မမနဲ့အတူ နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေနော်

ညီမငယ် ဂျာရစ်

Cameron said...

ခေါင်းစဉ်ကိုတွေ့တော့ ကဗျာတစ်ပုဒ်လို့မထင်မိဘူး...။ ပျော်ရွှင်မင်္ဂရှိသောနှစ်သစ်လေးဖြစ်ပါစေ..။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :