စံ တင်လောက်ပါရဲ့
ပယ် ချခံငါ့ဘ၀ကို
ဖြူ စင်ခြင်းအစပြု အပြာရောင်အနားကွတ်လို့ရယ်
လို အပ်တာ သံယောဇဉ်ကြိုးဝိုင်းကြားက အချစ်စစ်နဲ့
မွှေး ရနံ့က ရိုးသားခြင်းပန်းတစ်ပွင့်လိုပါပဲ ။
စံ ပြဖြစ်ဖို့ ဒို့နှစ်ယောက်အချစ်တွေ ချပြတာမဟုတ်ပါဘူး
ပယ် ချထားတာဆိုလို့ အမုန်းရဲ့ ဆွေမျိုးတစ်ခု
ရ ရှိထားတဲ့ အချစ်စစ်ကို မြဲသထက်မြဲအောင်
နံ့ သာဖြူထက် မွှေးတဲ့ မေတ္တာတွေ နင့်ပါးပြင်မှာ လိမ်းလို့ရယ်
သင်း ပျံ့တဲ့ ချစ်ခြင်းဂုဏ်ကို နှလုံးသားတံခါးဝမှာ ချိတ်ဆွဲ ။
စံ ထားရလောက်တဲ့ နင့်ရဲ့ နားလည်ပေးတတ်မှု့
ပယ် ထားလို့မရတဲ့ အနစ်ခံတတ်တဲ့ နင့်ရဲ့ စိတ်ထား
ထက် မြက်တဲ့ နှလုံးရည်
မွှေး ပျံ့တဲ့ ဂုဏ်သတင်း ။
စံ ပယ်ပန်းတွေမြတ်နိုးပေမယ့်
ပယ် ဖျက်ထားတာ အတ္တပန်းရိုင်းတွေမဖူးပွင့်စေဖို့
ထက် ကောင်းကင်ယံမှာ နင့်ရဲ့ သစ္စာတရားတွေမိုးထားလို့ရယ်
လှ ပတဲ့ဘ၀ပန်းခင်းကို နင့်မေတ္တရည်နဲ့လောင်းစိုက်ခဲ့တာလား ။
စံ ရွေးနေတဲ့ ဦးနှောက်ရဲ့ ပြဇာတ်မဟုတ်ဘူး
ပယ် ချရအောင်လဲ မဲရွေးရလောက်တဲ့ နိုင်ငံရေးလောက်မရှုပ်ဘူး
ချို မြိန်တဲ့ ချစ်ခြင်းဝိုင်တစ်ခွက်လောက်နဲ့တင်
က စားနေတဲ့ လောဘဈေးကွက်ထဲ
ငါ့ ရဲ့ ရိုးသားခြင်းချိန်ခွင်နဲ့
ဘ ၀ကိုရဲရဲကြီးရင်ဆိုင်ရဲပါတယ်
ဝ င်ရောက်လာမယ့် အခက်အခဲမှန်းသမျှ ငါဖြေရှင်းပေးပါ့မယ် ။
အိပ်မက်လေးသို့ အမှတ်တရ
လွင်ပြင်လှိုင်းငယ်



Myanmar Kyat Converter
17 comments:
ကောင်းလေစွပါတကားးးးးး
သများတွေ ချစ်တတ်ရေးတတ်တာများ အားကျထှာ :)
ဟိုက် ဘုရား ဘုရား
အဲ့ဒီလောက် အထိတော့ လိုက်အမှီတော့ဘူး
အကိုရေး)း)
ရေးတတ်လို့မုန့်ကျွေးမယ်နော်
ဆီကျက်ခေါက်ဆွဲချက်မယ်နောက်ရက်ကျရင်
ဟ့မိုက်သဟ ဖတ်ရတာဇတ်ညောင်းလဲပြေသွားတယ်
ဟိုလှည့်ဒီလှည့်
စာသားတွေအရမ်းကောင်းတော့လေးစားတယ်ဟေ့..
အားကျပါပေတယ် :)
ဟဟ.. ညွှန်းသဗျ..။ အနော်တောင်ကြွေကျသွားတယ်.။
လန်းတယ်ဗျို့ ........
ဒီကဗျာလေး ဖတ်ဖူးတယ် ကိုလွင့်ပြင်ရေ့...
ခင်တဲ့
မမဝသုန်
မမ၀သုန်ရေ ဒီကဗျာ သစ်သစ်ပါ
မမ၀သုန်ဖတ်ဖူးတာ ဒီကဗျာလေးပါ ခပ်ဆင်ဆင်လေးပေါ့
အိပ် မပျော်လဲပဲ
မက် ခွင့်ရချင်တယ်
လေး နက်တဲ့ ချစ်ခြင်း အကြောင်းတွေကိုပေါ့
က လေးတစ်ယောက်လိုဖြူစင်လွန်းတဲ့ မင်းအပြုံးက
ငါ့ အတွက်တော့ ဘုရားပေးတဲ့ ဆုလာဒ်တစ်ခုပါ
ဘ ၀မှာ တစ်ကြိမ်တစ်ခါသာ
ဝ င်ရောက်ခဲ့တဲ့ သံယောဇဉ် အချစ်များစွာနဲ့ပေါ့ ။
စံ ပယ်ဖြူ စိတ်ထားလေးနဲ့
ပယ် ဖျက်ထားတဲ့ အတ္တတွေကြား
ချို သာတဲ့ ရီသံတွေနဲ့
က နေတဲ့ဒေါင်းမလေးတောင် ငေးသွားရတယ်
ငါ့ ဘ၀ရဲ့ ထာဝရ အလှရှင်လေးရယ်
အ ဆုံးသတ်မှာလဲ
ချစ် ခြင်းတရားတွေ ပွေ့ဖက်သွားဖို့
ဆုံး ဖြတ်တတ်တဲ့ နှလုံးသားကို ကျေးဇူးပါ ။
နှ လုံးသားက
လုံး ၀ကို မုန်းမရမယ့်
လှ ပတဲ့ မင်း စိတ်ထားများနဲ့
ငါ့ ဘ၀ကို လှပအောင်ပြုပြင်ပေးရင်း
ဘု ရင်မတပါးလို အမိန့်တွေ မပေးပဲ
ရင် ထဲကစေတနာ စကားများနဲ့
မ မှားတဲ့ ချစ်ခြင်းတွေ အပြည့်နဲ့ ချစ်တတ်သူရေ ။
အော....ချစ်တတ်လိုက်ပါပေ့နော်....။ ရေးမကုန်နိုင်တဲ့ ရင်ထဲက ကဗျာတွေ ဘယ်တော့မှ မသေစေနဲ့ ကလွင်ပြင်...။
အမ်မလေးးးးး အမ်မလေးးးး
စံပယ်ချိုတော့သိဖူးးဝူးးးးးး
မောင်ဘကြိုင်တောင် ရင်ခုန်ချင်လာသလိုလို ဖျားဖျား
နုရွလှပနေပုံများ ကောင်းပေစွ ကောင်းပေစွ
အဟင့် တူများတွေများရေတတ်လိုက်ထှာ...ဆီချက်ခေါက်ဆွဲ လုပ်ကျွေးချင်အောင်ကို ရေးတတ်ထှာ..
ရောက်ခဲ့ကြောင်း
ခင်မင်တဲ့
အလွမ်း
ဟိုက်ရှားဘားစ်...
ချီးကျူးပါသဗျား...ဦးဟန်ကြည်တို့တော့ ဒါမျိုးရေးဖို့ ခေါင်းထဲကကို မထွက်တာရယ်...ဂျက်တို့များ ကံကောင်းချက်...
ထူးထူးဆန်းဆန်းလုပ်တတ်တဲ့ ကိုလွင်ပြင်ရဲ့ စိတ်ကူးကို အရမ်းသဘောကျတယ်
ကဗျာလေးက ဖတ်ရတာလဲကြည်နူးဖို့ ကောင်းတယ်
မဂျက်ကိုဘယ်လောက်ချစ်လဲဆိုတာသိသာတယ်
ခင်တဲ့
မိုးသူ(တောင်ကြီး)
ချိုသွားတဲ့စပယ်ကို ရေးဖွဲ့သူနဲ့အတူ မြင်ဖူးချင်လိုက်ပါဘိ ...
မိုက်တယ်ဗျာ ကဗျာကတော့
Post a Comment