ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

မျှော်လင့်ခြင်း

Monday 9 April 2012

မဆုံနိုင်သေးတဲ့ နှစ် လ ရက်တွေ

ရင်မှာတွေးပြီး လွမ်းဆွတ်မှုနဲ့

ရေတွက်ကြည့်ရင်

နှလုံးသားက နီးနေပေမယ့်
 လူချင်းကတော့ ဝေးနေရတာ

ဘာကြောင့်များလဲ ချစ်သူရယ်..............



ဝေးကွာခြင်းဆိုတာ

နီးစပ်မှုရဲ့ ပုံရိပ်နိမိတ်တွေလား

အချစ်စစ်ကို တိုင်းတာတဲ့ ပေတံတစ်ချောင်းလား

ဝေးကွာမှုဟာ မိုင်ပေါင်းမရေတွက်နိုင်ပေမဲ့

နီးစပ်မှုကတော့ ငါ့ခေါင်းလေးငုံ့ပြီး

နှလုံးသားကို လှမ်းကြည့်လိုက်ရင်

ဖြူစင်မှုတွေ အနှိုင်းဆမဲ့နဲ့ ရိုးရိုးလေးပြုံးတတ်တဲ့

ချစ်သူ ပုံရိပ်လေးဟာ နှလုံးသားဧရိယာမှာအပြည့်ပေါ့................



ချစ်သူလေးရယ်....

ခုချိန်မှာ ဘယ်လို အတားအဆီ အခက်အခဲတွေပဲရှိရှိပါ

မင်းရဲ့ ချစ်ခြင်းတွေကို ဦးထုပ်လုပ်ပြီး

နေပူပူမှာ မင်းရဲ့ အပြုံးကို မော့သောက်ရင်း

မျှော်လင့်ခြင်းတွေ ရင်မှာပိုက်ပြီး

မင်းရှိမယ့်အရပ်ဆီ ရိုးသားခြင်း ခြေတစုံ

အားအင်အပြည့်နဲ့ လှမ်းလျှောက်နေပါတရ်................





လွင်ပြင်လှိုင်းငယ်

10 comments:

ရင်ဆူး said...

ကဗျာလေးခံစားသွားပါတယ်အစ်ကိုရေ......ဘယ်လောက်ဝေးဝေး ချစ်သူခြင်း နားလည်မှု့ရှိရှိနဲ့ ချစ်နိုင်ကြပါစေဗျာ......

Cameron said...

တစ်အိမ်ထဲ နီးနီးကလေးရှိပေမယ့် မလွမ်းရဘူးလို့ဘယ်သူပြောလဲနော်...။ လွင်ပြင်ရေးတဲ့ ကဗျာလေးတွေထဲမှာ ဒီတစ်ပုဒ်က အရမ်းကိုနုဖတ်လှပနေတယ်လို့ ခံစားမိတယ်...။

ချောကလက်ကျူးပစ်လေး said...

မျှော်လင့်ခြင်းတွေ ရင်မှာပိုက်ပြီး
မင်းရှိမယ့်အရပ်ဆီ ရိုးသားခြင်း ခြေတစုံ
အားအင်အပြည့်နဲ့ လှမ်းလျှောက်နေပါတရ်................



ကဗျာလေးခံစားသွားတယ်ကိုကြိးရေ

ချစ်စံအိမ် said...

စာမျက်နှာခဏခဏပြောင်းနေတယ်..
ခေါင်းမူးသွားတာပဲ ဟီး
ကဗျာလေးခံစားသွားပါတယ်..

ဟန်ကြည် said...

အချစ်တွေကို ဦးထုပ်လုပ်ဆောင်းမယ်...

တယ်လှတဲ့ စိတ်ကူး...နှစ်ယောက်စလုံး လိုက်ဖက်ညီပါပေ့ဗျား...အလွမ်းဖွဲ့တွေ အရေးများကြလွန်းလို့...အခုတလော ကိုယ်တိုင်ကလည်း ကဗျာခမ်းနေပြန်တော့ သူများရေးတဲ့ကဗျာတွေ ဖတ်ရတာ ဘယ်လိုအရသာရှိမှန်းကို မသိတာ...

မိုးသက် said...

အားပါး..တန်းပလိတ်လေးက အရမ်းလှတာပဲ..အစ်မစိတ်ကူးလား အစ်ကိုစိတ်ကူးလား..။ ကဗျာလေးကလည်းကောင်းလိုက်တာဗျာ..။ တိမ်တွေပေါ်ကိုရောက်သွားသလိုပဲ.။နောက်ထပ်လည်းရေးပါဦး.။

လွင်ပြင်လှိုင်းငယ် said...

ညီလေးရေ တန်းပလိတ်လေးက အစ်မ စိတ်ကူးပါ။
သူက ဒါလေးကောင်းတယ် ဒါလေးလုပ်ဆိုတော့ အကိုလဲလုပ်လိုက်တာ ဟိ

စံပယ်ချို said...

အဲဒီလိုပဲပြောနေတာပဲ

8Yar said...

ကဗျာလေးကောင်းတယ် အစ်ကိုလွင်ပြင်ရေ။ ဗွမ်း ဗွမ်း ဗွမ်း ဗွမ်း!! ရေလည်းလာလောင်းပါတယ်ဗျိုး။ ပျော်ရွှင်စရာ သင်္ကြန်ဖြစ်ပါစေခင်ဗျာ!!

အလွမ်းမြို့ said...

လွင်ပြင်ရေ... ဦးထုပ်လုပ်ဆောင်းတာတော့ ဟုတ်ပါပြီ။ အပြုံးကိုတော့ မော့သောက်မယ်ဆို သတိထားနော်... သင်္ကြန်ရက်ဆိုတော့ အပြုံးနဲ့ မူးတာ မွှားတောက်မိမှာချိုးလို့... အဟီး..
ဆောင်းထားတဲ့ ဦးထုပ်က အခုတင်ထားတဲ့ ပုံးက ဦးထုပ်လေးလားဟင်..
နှစ်သစ်မှာ ပျော်ရွှင်ပါစေ


ခင်တဲ့
အလွမ်း

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :