ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

သင်္ခါရ

Friday 6 April 2012

မင်းပျိုးတဲ့သစ်ပင်
ပန်းမခူးရဆိုင်းဘုတ်တင်လဲ
အချိန်တန်ရင်ပန်းကတော့ကြွေမှာပဲ ။

လှပတဲ့ မင်းသွင်ပြင်
မာနတွေအရောင်တင်လဲ
အချိန်တန်ရင် ဇရာကတော့လာမှာပဲ ။

မင်းပိုင်တဲ့ ဘဏ္ဍ
ဝင့်ကြွားကာ ဂုဏ်ပြိုင်လဲ
အချိန်တန်ရင် စွန့်ခဲ့ရမှာပဲ ။

မိုးစက်ငယ်

8 comments:

မိုးသူ(တောင်ကြီး) said...

လှပတဲ့ မင်းသွင်ပြင်
မာနတွေအရောင်တင်လဲ
အချိန်တန်ရင် ဇရာကတော့လာမှာပဲ ။


သင်္ခါရ
တရားတွေခဏမေ့ထားလို့ မရဘူးလား ကိုလွင်ပြင်ရေ ဟီးဟီး

ခင်တဲ့ 

မိုးသူ(တောင်ကြီး)

ဟန်ကြည် said...

မကြွေသေးခင် နုပျိုစဉ်မှာ
လူ့ရွာလူ့ရပ် ကောင်းကျိုးထပ်အောင်
စွမ်းဆောင်နိုင်က တော်ပေစွ...

ဘာရယ်မဟုတ်ပါဘူး ကဗျာဖတ်ပြီး ဆက်တွေးလိုက်မိတာ..

Snow May said...

ကဗျာလေးတ တိုတိုလေးနဲ့ အဓိပ္မာယ်ပေါ်လွင်တယ်.. :)

ပျိုးယုဝသုန် (Pyo Yu Wathone) said...

နူးနူညံ့ညံ့လေး သတိပေးတဲ့ ကဗျာလေးပေါ့လေ..

ခင်တဲ့

ဝသုန်

ချစ်စံအိမ် said...

သြော် သခ်ါရ သခါင်္ရ

မျိုးဆက်သစ်မှတ်တိုင် said...

အများမပြောတဲ့ တရားသဘောကို

ဒီကဗျာလေးက ပါးပါးလေး ပြောပြသွားပါတယ်

Latt Latt said...

တရားသဘော ခံစားမိစေတဲ့ကဗျာလေး

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

စာသားလေးတွေကောင်းတယ်ဗျာ။ နောက်လည်းလာအားပေးပါ့မယ်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :