ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

လေ

Monday 2 April 2012

လေထဲမှာ တွေ့
လေထဲမှာချစ်
လေထဲမှာ လွမ်း
လေထဲမှာ ခမ်း(မျက်ရည်)
လေထဲမှာ ကျွမ်း(နှလုံးသား)
လေထဲမှာ စမ်းတ၀ါးဝါးနဲ့
လေထဲမှာ ငိုနေလဲ အပိုပါပဲလေ ။

လေထဲမှာ ထပ်ရှာ
လေထဲမှာ ထပ်ချစ်
လေထဲက အချစ်နဲ့တော့
လေထဲက နှလုံးသား
လေမှာ လွင့်ပြီး
လေတိုက်ရာပါ
လေနှင်ရာလွင့်
လေကြမ်းတော့ ရမ်း
လေလမ်းကြောင်းက နှလုံးသား
လေတိုက်စားတော့
လေဖြစ်သွားတဲ့ နှလုံးသား ။

လေညှင်းကအေး
လေပြေကဆော့
လေနီအတော့မှာ
လေကြမ်းဝင်ဆောင့်
လေကြောင့်ပျက်သွား ဘ၀များ  ။

လွင်ပြင်လှိုင်းငယ်

(သူငယ်ချင်းတစ်ယောက်မှ အကူအညီတောင်းရေးခိုင်းထားသော ကဗျာလေးဖြစ်ပါသည် အားပေးကြပါဦး)

ပုံကို googleမှ ကူးယူးသည် ။

8 comments:

Z@! said...

လေကြောင့်ပျက်သွားတဲ့ဘဝများ တဲ့.. ။ လေနဲ့ မျောပြီး ပျက်သွားရတာကတော့ မတန်ဘူးလို့ ထင်တယ်..။ သတိထားရမှာပေါ့.။ အန္တရာယ်ဆိုတာ လက်တစ်ကမ်းမှာ..

နွေလ said...

ကဗျာလေးကို ဖတ်ရှုသွားပါတယ် အစ်ကိုရေ
အဓိပ္ပါယ် အရမ်းရှိတယ်

စံပယ်ချို said...

0nlime ဆိုတာ ရောဂါတစ်မျိုးပါပဲ

အလွမ်းမြို့ said...

လွင်ပြင်လှိုင်းရေ...လာလည်သွားတယ်နော်.. လေ ကိုဖတ်သွားတယ်။ လေနာဂစ်ပါထည့်လေ နောက်ဆို။။ အဟဲ..စတာနော်...


ခင်မင်တဲ့
အလွမ်းမြို့

ဖြိုးဇာနည် said...

လေတွေများပြီး လေပါလည်တော့မလို့ အဟီးးးးး

ချစ်စံအိမ် said...

နာပြောနေတဲ့အတိုင်းပဲ ဟူးးးးးးးးး
တယ်ခက်တယ်လေပဲ :D

ရင်ဆူး said...

လေထဲက အကြောင်းများပေါ့အစ်ကို......လေထဲမှာဘဲ ပြီးသွားကြမှာပါဗျာ....

ကြယ်ပြာ said...

လေထဲမှာတွေ့ လေထဲမှာချစ်ပေမယ့်လည်း လေတိုက်စားလို့ လေမဖြစ်သွားတဲ့ နှလုံးသားတွေလဲ ရှိပါတယ်... ဒါပေမယ့် ကဗျာလေး မိုက်တယ် ...

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :