ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ကျွန်တော်ရဲ့ အိမ်ကျယ်

Friday 27 April 2012

အိန်ဂျယ်ဆိုတာ နတ်သမီးလား ?နတ်သမီးဆိုရင်တော့ အလှတရားရဲ့ ထိပ်ခေါင် လိုရာမှန်တမျှကို ဖန်ဆင်ပေးနိုင်တဲ့ တန်ဖိုးရှင်းတစ်ပါးပေါ့နော်။လှပခြင်းမှာ ပြိုင်ဘက်ကင်း လိုရာဆန္ဒမှန်သမျှ ဖြည့်ဆည်းပေးနိုင်တဲ့ တန်ခိုးရှင်တစ်ယောက်ကို
လူသားတိုင်းက လိုချင်တပ်မက်မှာ ဧကန်မလွဲပေါ့ လူထဲက လူသားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်လဲ အိန်ဂျယ်လေးတစ်ပါး
လိုချင်လား မေးရင် ရိုးသားစွာပဲ ပြန်ဖြေမိမယ် မလိုချင်ဘူး။ ဗျာ စာလုံးပေါင်းမမှားပါဘူး မလိုချင်ဘူးလို့ဖြေတာပါ။မလိုချင်တဲ့
အကြောင်းပြချက်တစ်ခုကျွန်တော့်မှာရှိလို့ မလိုချင်ဘူးလို့ ဖြေခဲ့မိတာပါ။အကြောင်းပြချက်ကတော့ အိန်ဂျယ်တစ်ပါးထက်တန်ဖိုးရှိတဲ့
အိမ်ကျယ်လေးတစ်ပါးကို ကျွန်တော်ပိုင်ဆိုင်ပြီးဖြစ်နေလို့ပါပဲ။အိမ်ကျယ် အိမ်ကျယ် အိမ်ကျယ် ဘာလို့ သူ့ကို အိမ်ကျယ်လို့ခေါ်လဲဆိုတော့
ဒီလိုဗျာ................

ကျွန်တော့်မှာ အားနည်းချက်တစ်ခုရှိတယ် အဲ့ဒါကဘာလဲဆိုတော့ အားနာတတ်ခြင်းပဲ။ဘယ်လောက်ထိအားနာတတ်လဲဆိုရင် ကိုယ်ပိုက်ဆံချေး
ထားတဲ့သူတွေ့ရင်တောင်တခါတရံရှောင်သွားတတ်တယ် ဘာလို့လဲဆိုရင် သူအဆင်မပြေရင် ကိုယ့်ကို အကြွေးတောင်းတယ်ထင်မှာစိုးလို့ဆိုပြီးအားနာပြီးရှောင်သွားတာပါ။ အဲ့ဒီအကြောင်းတွေကို မဒမ်လွင်ပြင်ကို ပြောပြမိတော့ သူက စိတ်ဆိုးမာန်ဆိုးနဲ့ အဲ့လို ဘာကြောင့်လုပ်ရတာလဲ အဲ့လောက်တောင် အားနာတတ်ရလား
ဆိုပြီး အိမ်မှာပွဲကြမ်းတာ အကြိမ်ကြိမ်မို့ နောက်ပိုင်းသူ့ကို အကြွေးပေးတဲ့အကြောင်းသိပ့်မပြောဖြစ်တော့ပေ။တစ်နေ့ လူတစ်ယောက်ဆီမှာ
အကြွေးရစရာရှိတာ ၃လလောက်နေတာတောင်ပြန်မပေးတောင်းရမှာလဲအားနာ ပိုက်ဆံကလဲလိုနေ အလိုက်သိသိနဲ့လဲ မပေးတော့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့အချိန်မှာမှန်တချပ်လိုကျွန်တော့ကိုကြည့်တတ်သော
သူမက ဘာဖြစ်နေတာလဲ မျက်နှာလဲမကောင်းဘူးဆိုပြီး ချော့မေးတော့ မတတ်နိုင်တဲ့အဆုံး သူတောင်းရင်တော့ ရမှာပဲလို့တွေးပြီး အကြွေးကိစ္စပြောပြလိုက်တော့ ဆံပင်တွေတောင် ထောင်တက်လာသလားထင်ရအောင် စိတ်ဆိုးမာန်ဆိုးဖြင့် အ၀တ်အစားပင်မလဲတော့ပဲ အိမ်နေ၀တ်ဖြင့် ကျွန်တော်လက်ဆွဲကာအကြွေးရစရာရှိရာနေရာသို့ထွက်ခဲ့ကြသည် ကျွန်တော်လဲ ပြဿနာတက်မည်စိုးသောကြောင့် မိန်းမရေ အရမ်းကြီးလဲ မကြမ်းနဲ့ဦးနော် အော်ကြီးဟစ်ကျယ်ဆို
ငါရှက်တယ် ဘာညာနဲ့ တစ်လမ်းလုံးပြောလာခဲ့ရသည် သူကတော့ ထုံစံအတိုင်း ဟိုရောက်ရင် ဘယ်လိုလုပ်မယ်ဆိုတာ ကြည့်ထားလို့ တခွန်းပဲပြန်ပြောသည် ကျွန်တော်လဲ ပြောမိတာ ငါ့အမှားပဲလို့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိပါသည်။ဒီလိုနဲ့သူအလုပ်လုပ်တဲ့နေရာသွားတော့ စားသောက်ဆိုင်သွားထမင်းစားတယ်လို့ သူနဲ့အလုပ်အတူတူလုပ်တဲ့သူကပြောတော့ နောက်မှလာရအောင်ပါ မိန်းမရာဆိုပြီး ချော့ပြီးခေါ်ပေမယ့်လဲမရ စားသောက်ဆိုင်လိုက်မယ်တဲ့
ကျွန်တော်တော့ ဒုက္ခရောက်ပါပြီ မတော်စားသောက်ဆိုင်လူတွေအများကြီးကြားအော်လားဟစ်လားဆို ရှက်စရာကြီး ဒါပေမဲ့ ကျွန်တော် ဇနီးစနေသမီးကမရ စာသောက်ဆိုင်သို့လိုက်ပါပြီ ဟိုရောက်တော့ အကြွေးပေးရမည့် သူငယ်ချင်းက တစ်ယောက်ထဲထိုင်နေတာလဲတွေ့ရော
ထိုစာပွဲသို့ ဦးတည်သွားပြီး ထိုသူရှေ့တည့်တည့်ရပ်ကာ တစ်ချက်ကြည့်လိုက်သည် သူငယ်ချင်းအကိုကြီးကလဲ သူ့ကိုတွေ့တော့ "ညီမ ထိုင်ဦးလေ တစ်ယောက်ထဲလား လွင်ပြင်ရော"လို့မေးတော့ နောက်မှာကျန်ခဲ့တဲ့ ကျွန်တော့်ကို မေးငေါ့ပြကာ စာပွဲမှာဝင်ထိုင်လိုက်တော့ ကျွန်တော်လဲ မြန်မြန်လေး
လိုက်ကာသူ့အနားဝင်ထိုင်လိုက်သည် ။ပြဿနာတော့ တက်တော့မှာပဲလို့တွေးနေတုန်း"ညီမတို့ဘာစားမလဲ မှာလိုက်မယ်လေ"လို့ဟိုဘက်ကလဲစကားစလိုက်ရော ချက်ချင်းပဲ တားဆီချိန်တောင်မရပဲ"မစားတော့ပါဘူးအကိုရယ် အကို့ကိုတွေ့လို့ ၀င်လာတာ
မတွေ့တာလဲကြာပြီလေ အဆင်ကောပြေရဲ့လား"လို့ စကားကိုချိုသာစွာပဲပြန်ဖြေတော့ ကျွန်တော်မင်တက်သွားတာပေါ့ ကျွန်တော်ထင်တာနဲ့ တခြားစီဖြစ်နေပါရောလား ထိုနောက် သူမကပဲဆက်ပြီး"အဆင်မပြေတာရှိလဲ လွင်ပြင့်ကိုပြောနော် ကျွန်မတို့ကိုဘာမှအားနာစရာမလိုပါဘူး အခုတော့
ကိစ္စလေးရှိလို့ခွင့်ပြုဦးနော်လို့"ပြောဆိုနှုတ်ဆက်ပြီး စာပွဲထိုးကိုခေါ်ပြီး အကြွေးပေးရမယ့်သူစားထားသောက်ထားတာကိုရှင်းပေးပြီး ကျွန်တော်လက်ဆွဲခေါ်ကာ
ဆိုင်ပြင်သို့ထွက်လာခဲ့၏ လမ်းရောက်တော့ ကျွန်တော်လဲမနေနိုင်တော့ပဲ မိန်းမ မင်းအိမ်နဲ့ လမ်းမှာပြောတော့ ဒီလိုမဟုတ်ပါဘူး ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့အခုကြတော့ဘယ်လိုဖြစ်တာလဲ သူများစားထားသောက်ထားတာတောင်ကြားကရှင်းပေးလိုက်သေးတယ်ပြောတော့ မျက်နှာငယ်လေးနဲ့
မောင်ကလဲစိတ်တော့တိုတာပေါ့လို့ဒါပေမယ့် သူ့ကိုတွေ့တော့ ဘယ်လိုတောင်းမရမလဲ စကား၇ှာတာမရဘူး အားလဲအရမ်းနာပဲ ကိုယ်ကတောင်းလို့ သူ့မှာပေးစရာမရှိရင် ပိုတောင်အားနာဖို့ကောင်းအုံးမယ် အခုကြည့်ပါ့လား သူစားနေတာကလဲ ခေါက်ဆွဲကြော်လေးရယ် အအေးလေးရယ်၂မျိုးပဲ
အဲ့ဒါနဲ့ သနားပြီးရှင်းပေးခဲ့တာပါ မောင့်ကိုတာ အပြစ်ပြောနေတာ မိန်းမလဲတခါမှ မကြွေးမတောင်းဖူးဘူး ဟိ လို့ ချစ်စရာအမူအရာလေးနှင့်ပြန်ပြောတော့
သူ့ကိုအပြစ်မတင်ရက်တော့ပဲ ထိုနေ့မှစပြီးသူ့အတွက် နာမည်အသစ်တမျိုးရခဲ့တာပေါ့။သူ့ကို အိမ်မှာဆိုကျွန်တော် အိမ်ကျယ်လေးလို့ ခေါ်တတ်ပါသည် ဒါကို သူငယ်ချင်းတွေကကြားတော့ အိန်ဂျယ်လို့ခေါ်တယ်ထင်ပြီး မင်းကလဲ အဲ့လိုလေးခေါ်ပြီး ချွဲနေတော့ပဲလို့ ဘုမသိဘမသိပြောတော့ ကျွန်တော်
အိမ်ကျယ်လေး ပြုံးနေတတ်ပါသည်။

တကယ်တော့ အိန်ဂျယ်တပါးထက်ကျွန်တော့်အိမ်ကျယ်လေးကစိတ်ထားပိုလှပါတယ်။
လူ့အလိုနတ်မလိုက်ဆိုပေမယ့်လဲ ကျွန်တော်အိမ်ကျယ်လေးကတော့ ကျွန်တော်အလိုကို လိုက်ပါတယ်(မှတ်ချက်။  ။မကောင်းတဲ့ အလုပ် မတည့်တဲ့အစားအစာတို့ကလွဲပြီး ကောင်းမွန်တဲ့ ကိစ္စမှန်သမျှ လိုက်လျောပါသည်)။
ကျွန်တော့် အိမ်ကျယ်လေးကို ကျွန်တော် အိန်ဂျယ်ထောင်သောင်းများစွာနဲ့လဲ မလဲနိုင်ပါဘူး။အိမ်ကျယ်လေးဟာကျွန်တော့် အတွက်တော့ တန်ဖိုးအရမ်းကြီးတဲ့ ဘုရားပေးတဲ့ လက်ဆောင်လေးပါပဲဗျာ ။
 
အိပ်မက်လေးသို့ အမှတ်တရ

17 comments:

Cameron said...

လွင်ပြင့်ရဲ့ အိမ်ကျယ်လေး အကြောင်းကို အိန်ဂျယ်ချစ်တဲ့ မမမိုးငွေ့က လာရောက်အားပေးသွားပါကြောင်း... မရီနဲ့နော်ဆိုလို့ ပြုံးပဲပြုံးသွားပါတယ်ကွယ်...။

မောင်သီဟ said...

ကြည်နှုးစရား)
လူပျိုကြီးတွေ အပျိုကြီးတွေဖတ်ပြီး အားကျကြမှာ သေချာပဲး)း)

မောင်သီဟ said...

ကြည်နှုးစရား)
လူပျိုကြီးတွေ အပျိုကြီးတွေဖတ်ပြီး အားကျကြမှာ သေချာပဲး)း)

khin said...

မမကျားနဲ.သိပ်မကွာပါဘူး ဟိဟိ
မမြင်၇သေး၇င်အားမနာတတ်ပေမဲ. မြင်လိုက်၇င်အားနာတတ်တယ်။ အဲလို အိန်ဂျယ်လေး၇ထားတာ ကံကောင်းတာပေါ.ရှင်။

မိုးသူ(တောင်ကြီး) said...

မဒမ်လွင်ပြင် ...မဂျက်ရေ
အဲဒါစိမ်ခေါ်တယ်လို့ ခေါ်တယ်
ဗိုက်ခေါက်သိတယ်မလား ဟီးဟီး
မိုးသူ တို့ ဝင်ကလန့် ဘီဟီးဟီး

စတာနော် ကိုလွင်ပြင် ဟီးဟီး :P

ခင်တဲ့
မိုးသူ(တောင်ကြီး)

ချစ်စံအိမ် said...

ဟီးလမင်းထင်တာလည်းအကြွေးပြန်ရလောက်မယ်ပေါ့ :P အိန်ကျယ်တဲ့ဟီ အဲနာမည်ပဲခေါ်ရမှာလားမမ :D

ahphyulay said...

အင်း...
ဖြူစင်သန့် ရှင်းလွန်းတော့ လဲ
“အိမ်ကျယ်” ကို ကျွန်တော့် မဟာဘွဲ့ ကြီး
ဖြစ်တဲ့  “ အဖြူလေး ” ကို ပေးခဲ့ မယ်နော်။

ကျွန်တော်ကတော့  ထုံးစံအတိုင်း
စာတော်တော်မရေးနိုင်မလည်နိုင်ဖြစ်နေ
အုံးမယ်ဗျာ...။
ရောဂါလေ....၊
ခွပ်ဒေါင်းကလေး က,နေတာပဲ
ဖဘကြီးပေါ်မှာ စောင့် ငေးနေတော့ မယ်။

စံပယ်ချို said...

သူရေးလိုက်မှပဲလူတွေသိကုန်ပြီ

စံပယ်ချို said...

သူရေးလိုက်မှပဲလူတွေသိကုန်ပြီ

မောင်ဘုန်း said...

အဲ့လို လား ..... အင်း ပိုက်ဆံ ချေးပါအုံး ကို လွင်ပြင်ရေ ..
ပြီးရင် ... ရှိမဲ့ နေရာ တစ်ခါတည်းပြောလိုက်မယ် ...
ဘီယာ ...ဆိုင်မှာ ...စောင့်နေမယ်နော် ... အဟီး ... ။

Snow May said...

ဇာတ်လမ်းလေးတစ်ခုဖတ်ရသလိုပဲ..ရှေ့ဆက်ဘာဖြစ်မလဲနဲ့ စိတ်ဝင်တစားဖတ်ရင်း ဘယ်လိုနည်းလမ်းတွေသုံးမှာလဲပေါ့.. ဟိဟိ လိုက်ဖက်တဲ့စုံတွဲပဲနော် :)

မိုးသက် said...

အစပိုင်းက ဖတ်ပြီးအစ်မဂျက်ကို လန့်နေတာ. ဟဟ..ပြီးတော့သူက ပိုဆိုးနေတာ.. ။ နောက်ကြုံရင်သူတို့ဆီကချေးဦးမှ.. ဟီး.။

အလွမ်းမြို့ said...

အဟမ်း...အဟမ်း... လွင်ပြင်ရေ..ဒီလိုစုံတွဲမျိုး လိုက်ရှာနေတာကြာပြီ..အိန်ဂျယ်(အိမ်ကျယ်)လေးနဲ့ မိတ်ဆက်ပေးဦး...ပိုက်ပိုက်ချေးချင်လို့...အဟဲ


လာရောက်အားပေးကြောင်း

ခင်မင်တဲ့
အလွမ်း

Unknown said...

ခေါ်တာခေါ် အကိုရေ အနော်တို့
ဇနီးမောင်နှံဆို အသဲရေ အသဲတုန်းလေးရေ
ကိုယ့်သဲလေးရေ နဲ့
သူများတွေ နားကြားမြင်း ကို ကပ်နေ အောင်
ခေါ်တာ ဟီးးး

ဟန်ကြည် said...

အင်း...လွင်ပြင်နဲ့ ဂျက်တို့စုံတွဲရယ် ဦးဟန်ကြည်တို့ စုံတွဲရယ် ပေါင်းထားလိုက်လို့ကတော့ဖြင့် ရှာမလောက်ဖြစ်တော့မှာပဲ...ဒီမှာလည်း ဘာထူးသေးလဲ...ရစရာရှိတဲ့ အကြွေးလေးများရှိလို့ မဒမ်ဟန်ကြည်ကိုများ အားကိုးရမလား လှည့်ကြည့်လိုက်...တောင်းရမှာ အားနာပါတယ်လေ...သနားပါတယ်လေဆိုတဲ့ မျက်နှာကိုပဲ တွေ့ရပြီမှတ်...

ဒါပေမယ့် အနှီစိတ်ဓာတ်ကိုက ဦးဟန်ကြည်တို့ လွင်ပြင်တို့ မြတ်နိုးတဲ့ စိတ်ဓာတ်မဟုတ်လားလေ...အနှီတော့လည်း အိန်ကျယ်များနှင့် တစ်ဘ၀တာပေါ့...ဟဲ ဟဲ

စကားမစပ် အပေါ်က ကိုဘကြိုင်က လူပြိုကြီးတွေ အားကျနေမယ်ဆိုတော့ သူကစွံများ စွံလေပြီလားမသိး)

3rdthameetaw said...

အိမ်းးးးးးးးးးကောင်းလေစွ..ကောင်းလေစွ

ွှThwin said...

အိန်ကျယ်လေး ကို မျက်လုံးထဲ မြင်လာမိတယ်..။ အိန်ဂျယ် ထောင်သောင်းများစွာနဲ့ ဘယ်လဲလို့ ရမလဲ..။ ဘုရားပေးတဲ့ လက်ဆောင်လေးကို..နော။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :