လေထဲမှာ တွေ့
လေထဲမှာချစ်
လေထဲမှာ လွမ်း
လေထဲမှာ ခမ်း(မျက်ရည်)
လေထဲမှာ ကျွမ်း(နှလုံးသား)
လေထဲမှာချစ်
လေထဲမှာ လွမ်း
လေထဲမှာ ခမ်း(မျက်ရည်)
လေထဲမှာ ကျွမ်း(နှလုံးသား)
လေထဲမှာ စမ်းတ၀ါးဝါးနဲ့
လေထဲမှာ ငိုနေလဲ အပိုပါပဲလေ ။
လေထဲမှာ ထပ်ရှာ
လေထဲမှာ ထပ်ချစ်
လေထဲက အချစ်နဲ့တော့
လေထဲက နှလုံးသား
လေမှာ လွင့်ပြီး
လေတိုက်ရာပါ
လေနှင်ရာလွင့်
လေကြမ်းတော့ ရမ်း
လေလမ်းကြောင်းက နှလုံးသား
လေတိုက်စားတော့
လေဖြစ်သွားတဲ့ နှလုံးသား ။
လေထဲမှာ ထပ်ရှာ
လေထဲမှာ ထပ်ချစ်
လေထဲက အချစ်နဲ့တော့
လေထဲက နှလုံးသား
လေမှာ လွင့်ပြီး
လေတိုက်ရာပါ
လေနှင်ရာလွင့်
လေကြမ်းတော့ ရမ်း
လေလမ်းကြောင်းက နှလုံးသား
လေတိုက်စားတော့
လေဖြစ်သွားတဲ့ နှလုံးသား ။
လေညှင်းကအေး
လေပြေကဆော့
လေနီအတော့မှာ
လေကြမ်းဝင်ဆောင့်
လေကြောင့်ပျက်သွား ဘ၀များ ။
လွင်ပြင်လှိုင်းငယ်
(သူငယ်ချင်းတစ်ယောက်မှ အကူအညီတောင်းရေးခိုင်းထားသော ကဗျာလေးဖြစ်ပါသည် အားပေးကြပါဦး)
ပုံကို googleမှ ကူးယူးသည် ။
8 comments:
လေကြောင့်ပျက်သွားတဲ့ဘဝများ တဲ့.. ။ လေနဲ့ မျောပြီး ပျက်သွားရတာကတော့ မတန်ဘူးလို့ ထင်တယ်..။ သတိထားရမှာပေါ့.။ အန္တရာယ်ဆိုတာ လက်တစ်ကမ်းမှာ..
ကဗျာလေးကို ဖတ်ရှုသွားပါတယ် အစ်ကိုရေ
အဓိပ္ပါယ် အရမ်းရှိတယ်
0nlime ဆိုတာ ရောဂါတစ်မျိုးပါပဲ
လွင်ပြင်လှိုင်းရေ...လာလည်သွားတယ်နော်.. လေ ကိုဖတ်သွားတယ်။ လေနာဂစ်ပါထည့်လေ နောက်ဆို။။ အဟဲ..စတာနော်...
ခင်မင်တဲ့
အလွမ်းမြို့
လေတွေများပြီး လေပါလည်တော့မလို့ အဟီးးးးး
နာပြောနေတဲ့အတိုင်းပဲ ဟူးးးးးးးးး
တယ်ခက်တယ်လေပဲ :D
လေထဲက အကြောင်းများပေါ့အစ်ကို......လေထဲမှာဘဲ ပြီးသွားကြမှာပါဗျာ....
လေထဲမှာတွေ့ လေထဲမှာချစ်ပေမယ့်လည်း လေတိုက်စားလို့ လေမဖြစ်သွားတဲ့ နှလုံးသားတွေလဲ ရှိပါတယ်... ဒါပေမယ့် ကဗျာလေး မိုက်တယ် ...
Post a Comment