ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

သို့.......လွင်ပြင်

Thursday 10 May 2012

အသက်သာကြီးလာတယ်
အမှားတွေက မ(နဲ)သွားတဲ့အပြင်
ပိုပိုများပြီး ပိုပိုမှားလာတယ်
ပိုပိုမှားတာကို လိုလိုလားလား
ဆက်မှားနေလေတော့
လောကအလယ်မှာ တန်ဖိုးမဲ့တဲ့
လူလို့ခေါ်ယုံ လူတစ်ယောက်ဖြစ်ချင်နေတာလား  ။

အသိတရားတွေကလဲ
သတိထားနေမှပဲ
ပိုပိုသတိကင်းမဲ့လာသလိုပဲဆိုတော့
ဘာမှ အသုံးမ၀င်တဲ့ မာနတွေကို
နေ့စဉ်အရောင်တင်ရင်း
ငါတရားမဲ့တဲ့လူတစ်ယောက်ဖြစ်ချင်နေတာလား ။


စိတ်ဓါတ်တွေကိုဖျက်ဆီးနေတဲ့
အပျော်အရေခြုံ
မကောင်းဆိုးဝါးအဖျက်သမားကြောင့်လား
ကြံ့ခိုင်းမှု့မရှိတဲ့ ငါ့စိတ်ဓါတ်ကြောင့်လားမသိဘူး
အပျော်တွေက တဖြေးဖြေး အပျက်ဘက်သို့ ကူးပြောင်းနေပြီ  ။

မနေ့က လုပ်တဲ့အမှားကို
ဒီနေ့ကြမှ နောင်တ ရတယ်
ရတဲ့  နောင်တ က တစ်ညအိပ်တော့ ပျောက်သွားတယ်
မနက်ဖြန်ဆက်မှားမယ်
ဒီလိုနဲ့ပဲ နောင်တ တောမှာမြောနေရင်း
စစ်မှန်တဲ့ နောင်တ မရှိချင်သူများလား  ။  
 ခိုင်မာပါတယ်လို့
ကြွေးကြော်နေတဲ့ စိတ်ဓါတ်တွေကလဲ
ကြွေးကြော်နေပေမယ့်လဲ
အရေးပေါ် အထာမကျတဲ့
ကိစ္စသေးသေးလေးတွေအတွက်နဲ့တောင်
ယိုင်နှဲ့နေလေတော့
ဖယောင်းခဲစိတ်ဓါတ်နဲ့
နေ့ညတွေကိုဖြတ်ကျော်ချင်နေသူများလား  ။


ဘာမှမရှိသေးတဲ့ဘ၀ကနေ
ဘာမှမဖြစ်သေးတဲ့ အနေအထားတစ်ခုကို
ဘာတွေများကျေနပ်ပြီး
ဘာအတွက်များ မာန်တက်နေရင်း
ဟန်ချက်ပျက်နေတဲ့ခြေလှမ်းတစ်စုံနဲ့
မာယာများတဲ့ လောကလမ်းပေါ် လျှောက်ချင်နေတာလား  ။

တွေးမကြည့်နဲ့
ပြေးကြည့်လိုက်ပါ
ကိုယ်ပိုင်သမိုင်းစာမျက်နှာတွေမှာ
မိဘအတွက်
ချစ်သူ ဆွေမျိုးများအတွက်
သူငယ်ချင်းများအတွက်
နေထိုင်ရာ ကမ္ဘာမြေကြီးအတွက်
တန်ဖိုးရှိသည့် စာမျက်နှာ
အသုံးဝင်သည့် စာမျက်နှာ
တစ်မျက်နှာမပြောနဲ့
တစ်ကြောင်းတောင်ရှိသေးရဲ့လားလို့  ။

စာတွေရေးပြီး ဖြေမတွေးပါနဲ့
အခြေအနေက
အမှားတွေ ပြင်ဆင်
မတတ်တာတွေ သင်ရမယ့်အချိန်ပါ။(လောကပညာကို ဆိုလိုပါသည်)
လွင်ပြင်လှိုင်းငယ်

17 comments:

Anonymous said...

ကိုလွင်ပြင်...အရမ်းကောင်းပါတယ် .. ကောင်းလွန်းလွန်းလို့ အရမ်းကောင်းပါတယ်လို့ပဲ ရိုးရိုးလေးပြောခဲ့ပါတယ် ...
ဒီကဗျာကိုရေးဖို့အတွက် တွေးဖြစ်သွားတဲ့ အသွေးစ ကို ပိုနှစ်သက်မိတယ်...ဂုဏ်ယူပါတယ်ရှင်..... :)

အလွမ်းမြို့ said...

လွင်ပြင်ရေ။ အလွမ်းကတော့ ချီးမွမ်းယုံကလွဲပြီး ဘာမှ အပိုထပ်မပြောတတ်။တကယ်တော်ပါတယ်။ တကယ်ကောင်းတဲ့ ကဗျာလေးပါ။
အားပေးနေမယ်။ မမမြသွေးနီပိုစ့်လေးထဲ ((လွင့်ပြင်လှိုင်းငယ်))ဆိုတဲ့နာမည်လေးမြင်ရတော့ အထူးပင် ဝမ်းသာဂုဏ်ယူမိပါကြောင်း တဆက်တည်း ပြောခဲ့ပါရစေ။

ခိုင်မာပါတယ်လို့
ကြွေးကြော်နေတဲ့ စိတ်ဓါတ်တွေကလဲ
ကြွေးကြော်နေပေမယ့်လဲ
အရေးပေါ် အထာမကျတဲ့
ကိစ္စသေးသေးလေးတွေအတွက်နဲ့တောင်
ယိုင်နှဲ့နေလေတော့
ဖယောင်းခဲစိတ်ဓါတ်နဲ့
နေ့ညတွေကိုဖြတ်ကျော်ချင်နေသူများလား ။

အရမ်းကောင်းတဲ့ ကဗျားလေးလို့ မှတ်ချက်ပေး သွားတယ်။ ရေးလည်း ရေးတတ်ပါ့


ခင်မင်တဲ့
အလွမ်း

ချစ်စံအိမ် said...

ဘာမှမရှိသေးတဲ့ဘ၀ကနေ
ဘာမှမဖြစ်သေးတဲ့ အနေအထားတစ်ခုကို
ဘာတွေများကျေနပ်ပြီး
ဘာအတွက်များ မာန်တက်နေရင်း
ဟန်ချက်ပျက်နေတဲ့ခြေလှမ်းတစ်စုံနဲ့
မာယာများတဲ့ လောကလမ်းပေါ် လျှောက်ချင်နေတာလား ။စာသားတွေအရမ်းကြိုက်တယ်..
တပုဒ်လုံးကြိုက်တယ်...

Snow May said...

ကဗျာလေးအားပေးသွားပါတယ် :)

စံပယ်ချို said...

သများလဲ အသိတွေကို သတိထားနေပါတယ် တချက်
တချက်နဲနဲလွတ် သွားတာပဲရှိတာပါ

ဖြိုးဇာနည် said...

ဟုတ်ပါတယ်လွင်ပြင်ရေ
ကျွန်တော်ဆိုတာလဲ
တကယ်တော့ လေထဲမှာ
လွင့်နေတဲ့ ပန်းဝတ်မှုန်လေးပါပဲ
ဘယ်အချိန် ရေထဲကျသွားမလဲပဲ
ပန်းကလေးတွေပေါ်ကျရင်တော့

Unknown said...

ခံစားလို့ကောင်းတဲ့ကဗျာလေး တစ်ပုဒ်ပါဗျာ...
ခံစားသွားပါတယ်...:)

Latt Latt said...

ကဗျာတွေ ဖတ်သွားပါတယ်

Candy said...

ကိုယ့်ဟာကိုယ် ဝေဖန်လိုက်တဲ့ ကဗျာလေးပေါ့နော် :D

ခရစ္စတလ် said...

အပျော်တွေဆိုတာလည်း တရားသဘောနဲ့ ကြည့်တော့ ဘယ်မြဲမလဲလေ ဒါကြောင့် ပျက်ရပြန်တယ်...း)

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ကောင်းတယ်ကိုလွင်ပြင်ရေ
ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ထာတာလေး ကြိုက်တယ်

ခင်တဲ့
ဝသုန်

Anonymous said...

ဖတ်ပြီးမှတ်သွားတယ်နော်....

ငြိမ်းစိုးဦး said...

ကိစ္စသေးသေးလေးတွေအတွက်နဲ့တောင်
ယိုင်နှဲ့နေလေတော့ ... သတိပြုစရာတွေနဲ့
အမှားတွေ ပြင်ဆင်
မတတ်တာတွေ သင်ရမယ့်အချိန်ပါ ...

Unknown said...

ကဗျာလေးဖတ်ပြီး ငါသာ...ဆိုရင်ရော ဆိုပြီး ပြန်ကြည့်မိတယ်...
အတွေးလေး ကြိုက်တယ် အကို... :)

ခင်တဲ့
ဂျွန်မိုး

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာကောင်းလေးကို ဖတ်သွားပါတယ်။

လေးစားလျက်
မြတ်

Unknown said...

အကိုရေ ခရီးလွန်နေလို့ နောက်ကျတွားတယ် ဟိဟိ
ကဗျာလေးကိုဖတ်ရင်း
အမှားတွေ ပြင်ဆင်
မတတ်တာတွေ သင်သွားပါတယ်
အကိုရေ..

(ဒုတိယ)

မိုးသူ(တောင်ကြီး) said...

မနေ့က လုပ်တဲ့အမှားကို
ဒီနေ့ကြမှ နောင်တ ရတယ်
ရတဲ့ နောင်တ က တစ်ညအိပ်တော့ ပျောက်သွားတယ်
မနက်ဖြန်ဆက်မှားမယ်
ဒီလိုနဲ့ပဲ နောင်တ တောမှာမြောနေရင်း
စစ်မှန်တဲ့ နောင်တ မရှိချင်သူများလား ။

ကျွန်တော်လဲ မှားကောင်းတုန်း မှားနေစဲ ထပ်မှားဖို့ ကျိုးစားနေတုန်းပါ
အမှားများစွာနဲ့ လူပေါ့နော်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :