ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ကျွန်တော်ရေးတဲ့ လွင်ပြင်အကြောင်း

Thursday 17 May 2012

အတွေးပေါက်တူးနဲ့ မြေမြှပ်ထားတဲ့ အတိတ်ဇာတ်ကြောင်းစာအုပ်ကို တူးဖော်ပြီးပြန်ဖတ်ကြည့်မိတယ်။

စာအုပ်အဖုံးဒီဇိုင်ကိုက စိတ္တဇဆန်ပြီး ဖတ်ချင်စရာတစ်စက်လေးမှမကောင်းတဲ့ အပြင်အဆင်မျိုးနဲ့မို့ ကိုင်ထားပြီးမှ ပြန်ပစ်ချလိုက်ချင်တာ ဒါပေမယ့်လဲ မဖြစ်သေးပါဘူး ဒီစာအုပ်ကိုဒီနေ့ဖတ်မှ ဖြစ်မှာပါလေ။စာမျက်နှာ (တစ်)အဖွင့်မှာကတည်းကကို ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်ကို ဒုက္ခပေးနေတဲ့အခန်း မိခင်ကသွေးတောင်းလို့ဆိုပြီတကြိမ်တခါမှ မသောက်ဖူးတဲ့ ဆေးလိပ်ကို သူ ကိုယ်ဝန်ရှိမှသောက်တတ်ပြီး သူလဲမွေးပြီးရော ဆေးလိပ်လဲပြတ်ရောတဲ့ လူတောင်မဖြစ်သေးဘူး ဇာတိကတော့ပြနေပြီ ။
ကဲ မွေးတဲ့အခန်းရောက်လာပါပြီ ... အချိန်က နေ့လယ်၁၂နာရီကျော် နေ့က စနေနေ့ နေတော့တက်တယ် ရေတက်မတက်တော့ ပင်လယ်နဲ့မနီးလို့ မသိလိုက်ပေမယ့် ရိုးရာကိုတော့ လွန်ဆန်လိုက်တယ် ဓါးထမ်းမကျော်ပါဘူး အနမ်းဦးနဲ့ပဲ လူ့လောကထဲကိုရောက်လာတဲ့ သူ့ကို ကြိုဆိုခဲ့ကြတယ်။ ကြယ်တွေအိပ်တဲ့ နေ့ခင်းမှာ သူကပူလို့ ဆိုပြီအကြောင်းပြ ငိုတတ်သလို တခါငို တစ်နာရီဆိုလားပဲ။ နေမင်းခရီးထွက်လို့ မှောင်မိုက်တဲ့ညက ခရမ်းချဉ်သီးရောင်မီးလုံးကို နှစ်သက်စွာကြည့်နေတတ်ပြီး သန်းခေါင်းကျော် ညဉ်းနက်လဲ သူက မအိပ်စက်လို့ မနက်စောစောစီးစီးအလုပ်သွားမယ့်မိဘတွေမှာ အိပ်ရေးပျက်ပေါင်းလဲမနဲတော့ပါဘူး။ စာမျက်နှာတွေတော်တော်များများဖတ်ပေမယ့် ကောင်းခန်းကို မရှိဘူး ကလေးဘ၀မို့ နားမလည်သေးလို့ဆိုးနေတာဖြစ်မှာပါ ရှေ့ရောက်မယ့် အခန်းတွေကောင်းချင်ကောင်မှာပဲ လို့မျှော်လင့်ချက်နဲ့ ဆက်ဖတ်ဖြစ်တယ်...။
ရောက်ပါပြီကျောင်းနေတဲ့အရွယ်.....။ ဟင်းမကောင်းလို့ ထမင်းဘူးမယူတဲ့အကြောင်း လွယ်အိတ်ဟောင်းလို့ကျောင်းပျက်တာက တစ်နှစ်မှာ ၅ရက် ။ ထီးစုပ်လို့ မိုးရွာတဲ့နေ့ ကျောင်းမတက်တာက ရေတွက်လို့တောင်မရပါဘူး ကျောင်းကဆရာ ဆရာမတွေကတော့ သူ့မိဘတွေရဲ့ မိတ်ဆွေတွေကြီးပဲပေါ့...။ မိတ်ဆွေတွေဆိုလို့ အထင်မကြီးနဲ့ သူ့ကြောင့် ကျောင်းကို တိုင်စာလေးလက်ကကိုင်ပြီး မျက်နှာငယ်လေးနဲ့ ရုံးခန်းတွေကိုလာရပါများလို့ ဆရာ ဆရာမတွေနဲ့ ရင်နှီးသွားကြတာလေ။
၈တန်းနှစ်လောက်ကျတော့ စာမျက်နှာမှာ ရည်စားထားတဲ့အခန်းတွေ ဘာတွေတောင်ပါလာလိုက်သေးတယ် ။ သူက အသုံးကျပါတော့မလား စာတော့သေချာမသင်ဘူး အချစ်စာတောင် စာမျက်နှာအသစ်မှာ အသစ်သင်ချင်နေသေးတယ်။နွေကျောင်းပိတ်ရက်တွေမှာ သူများသားသမီးတွေက အလုပ်လေးအကိုင်လေးနဲ့ ကိုယ်သုံးဖို့ ကိုယ့်ဟာကိုရှာထားကြတယ်..။ သူကတော့ အလုပ်လုပ်ရမှာ ရှက်လို့တဲ့ ကျောင်းပိတ်ရက် လက်ဖက်ရည်ဆိုင်ထိုင်ပြီး ဆေးလိပ်လေးသောက် သီချင်းလေးနားထောင်နဲ့ဟုတ်နေတာပဲ။ ဘ၀က လက်ဖက်ရည်တစ်ခွက်နဲ့ ဆေးလိပ်တစ်လိပ်လောက်တောင် တန်ဖိုးမရှိဘူးလို့ကိုယ့်ဟာ ကိုယ်တွေးနေသလားမသိဘူးနော်။
ဖတ်လိုက်ရတဲ့ စာမျက်နှာတိုင်း မိဘအတွက် သိတတ်မှု နားလည်ပေးမှု ကိုယ်ချင်းစာ စိတ်ကတမျက်နှာမှတောင် မပါသေးဘူး ချစ်ခြင်းမေတ္တာဆိုတာ ဝေလာဝေး။ အတွေးနဲ့ မိဘမေတ္တာ...ရေးရေးလေးတော့ မြင်စေ့ချင်တယ်။ ကဲဆက်အုံးမှ...သူ့အကြောင်းက ဖတ်ရတာ ကောင်းကွက်ကိုမရှိတာ ဆယ်တန်းကို ၂နှစ်ဖြေလိုက်မှ တင်မှတ်လို့ထင်ရတဲ့ အောင်မှတ်လေးနဲ့ ပညာရေးစာမျက်နှာကို နိဂုံးချူပ်ထားလိုက်တယ်...။
သူ့ ဘ၀ကတော့ ကောင်းစားဦးမယ် ရှေ့စာမျက်နှာတော်တော်များများကတော့ တိုးတက်လာတာတွေ တွေ့ရတယ် အလုပ်အကိုင်မရှိ ဆေးလိပ်အပြင် အရက်သောက် ရန်ဖြစ်နဲ့ရပ်ကွက်ထဲက ခွေးတောင်သူ့ကိုကြည့်မရတဲ့အဆင့်ထိတိုးတက်လာပြီ။ ရာသီတွေက မိုးရွာလိုက် နေပူလိုက် ချမ်းလိုက်အေးလိုက်နဲ့ ပြောင်းလဲနေပေမယ့် သူ့မှာ ပြောင်းလဲတာဆိုလို့ အိမ်မှာ မထားတော့ဘဲ အမျိုးတွေအိမ်မှာ လိုက်ထားရလွန်းလို့ မြန်မာပြည်မှာ သူမနေဖူးတဲ့နေရာတောင် ခပ်ရှားရှားဖြစ်နေပြီ...။ တနေရာမှာ တခါဆိုသလို အိမ်ပြန်ရင် လက်ဆောင်လေးတော့ ရတတ်စမြဲပါပဲ လက်ဆောင်လေးကတော့ ဘာလဲဆိုတော့ နောက်အိမ်ကိုယောင်လို့တောင်မလာပါနဲ့တဲ့။ ဒါကြောင့်ပြောတာ သူ့ကို အမျိုးတွေကပါ အဲ့လောက်ချစ်တာ။ နောက်ဆုံးတော့ တရွာမပြောင်းသူကောင်းမဖြစ်လို့ပြောရမလား မကောင်းကျောင်းပို့လို့ဆိုရမလားတော့မသိဘူး.... မိဘတွေက တွေးပူပြီး ရှိစုမယ့်စုလေးနဲ့ တိုင်းတပါးသွား နေချင်သလိုနေ မနေနိုင်ရင် ပြန်လာမှာပဲတွေးပြီး လေယာဉ်ပေါ်ကို မျက်ရည်တွေ ရွှဲရွှဲစိုပြီးတင်ပေးလိုက်ပါတော့သည်။
ဘ၀စာမျက်နှာသစ်တော့ စဖတ်ရပါပြီ သူ ကိုယ့်အားကိုယ်ကိုးပြီး ရှာစားရတော့မယ်လေ မလုပ်ရင်လဲ ငတ်ဖို့ပဲရှိတာဆိုတော့ သူလုပ်ရပြီပေါ့ တလ နှစ်လ သုံးလ နဲ့ ဘ၀အကြောင်းတော့ နားလည်နေတတ်ပြီးထင်ပါတယ်။ သူ့မိဘတွေနဲ့ ဖုန်းပြောရင် မျက်ရည်တွေ လယ်တယ်လယ်တယ်နဲ့ ညအိပ်ရင် မိဘဓါတ်ပုံလေးတွေထုတ်ကြည့်နေတတ်
ပါပြီ...။ လက်ကျောမတင်းတဲ့ဒင်း တစ်နှစ်တောင်မခံဘဲ အိမ်ပြန်လာမယ်လို့ တွေးပြီး ပို့လိုက်တဲ့ မိဘတွေတော့ တွက်ချေလွဲသွားပြီပေါ့ သုံးနှစ်ပြည့်တာတောင် သူက ပြန်မလာဘူး သူလေးကလဲ မာနတော့အ၇ှိသားနော်။

ဝါး..........ဖတ်ရတာ ပျင်းတောင်လာပြီ စာမျက်နှာတွေကလဲ စိတ်ဝင်စားစရာမရှိသလို ထူးခြားတာလဲ မရှိဘူး။ နောက်တရွက် နှစ်ရွက် သုံးရွက်နဲ့ ရှစ်ရွက်မြောက်မှာတော့ အကြောင်းအရာအသစ်လေးကို စတင်တွေ့ရှိခဲ့ပါတယ်။ ဘာလဲဆိုတော့ အပြာရောင်စာလုံးတွေနှင့် ချစ်ခြင်းတွေကို ရေးဖွဲ့ထားတဲ့ နှလုံးသားခံစားချက်များပါပဲ သူကောင်မလေးတစ်ယောက်ကို အရမ်းမြတ်နိုးကြောင်း ချစ်ကြောင်း လက်ထပ်ရယူလိုကြောင်း စုံလို့ပါပဲ ကောင်မလေးကို သူက အိပ်မက်လေးလို့ ခေါ်တယ်တဲ့..။ နောက်ပိုင်းစာမျက်နှာ အားလုံးလိုလိုကတော့ ကောင်မလေးရဲ့ ချစ်ခြင်း သူ့ရဲ့ ချစ်ခြင်းတွေကို နှလုံးသားနှင့် ရေးဖွဲ့ထားသည်ထင်ပါ့ ပေါ့ပျက်ပျက်အကြောင်းအရာများကို သိပ့်မတွေ့ရတော့ပေ။ ဘာလိုလိုနဲ့ စာရွက်တွေလှန်လိုက် ဖတ်လိုက်လုပ်လာလိုက်တာ သူတို့ ချစ်ခြင်းမှာ အခက်အခဲတွေမနဲပါ့လား ဒါပေမယ့် အားလုံးကို အောင်မြင်အောင်ကျော်လွှာပြီး လက်ထပ်ပြီး နှစ်ယောက် တစ်ဘ၀နဲ့နေလာတာတောင်တော်တော်ကြာသွားပြီကိုး။ သူလဲ အခုတော့ မိဘမေတ္တာရော ချစ်သူသစ္စာရော သိသင့်သလောက်တော့ သိနေပြီထင်တာပဲ နောက်ရေးမယ့် သူ့ရဲ့ သမိုင်းစာမျက်နှာမှာ ဘာတွေထပ်ရှိမယ် ထပ်ဖြစ်မယ်ဆိုတာကို စောင့်ကြည့်ရတော့မှာပဲလို့ တွေးရင်း စာအုပ်ကို ပိတ်မိလိုက်ပါတော့တယ်။ 
 
စံပယ်ချစ်လင် ကိုလွင်ပြင်

21 comments:

ရာဇာထွေး said...

အဟီး မိုက်တယ် ကွာ...
နောက်ပိုင်းဇာတ်ထုတ် အကိုသိနေလို့ မဖတ်ရလည်း
နေပါစေ... နောက်ဆုံးရေးထားတဲ့ စာကြောင်းတော့
အရမ်းခိုက်ပဲ ... ဘာတဲ့ စံပယ်ချစ်လင် ကိုလွင်ပြင်
တဲ့ အဟီး ကာရံညီလိုက်ပုံ များ ကိုယ့်မိန်းမတောင်
နာမည်ပြန်ပြောင်းခိုင်းရလို ဖြစ်နေပြီ :P အားပေး
သွားပြီလွင်ပြင်ရေ..
ခင်မင်စွာဖြင့်...
ရာဇာထွေး

Crystal said...

ပိုင်သကွာာာာာ ကာရန်တွေ နဘေတွေနဲ့ အဟစ် :P

ဖြိုးဇာနည် said...

ဟိုက်ရှားဘား မိုက်သဟ

ဘာတဲ့ ကြော်ငြာလေးတောင်ဝင်သွားသေးတယ်

စံပယ်ချစ်လင် ကိုလွင်ပြင်တဲ့ အတော်မိသဟ

Snow May said...

ဖတ်ရတာ အတော်ရသမြောက်တယ်.. နောက်ပိုင်းစာမျက်နှာတွေမှာ.. အဲလိုလူမျိုးလေးများ ထပ်တွေ့နေရမလားနော် :D
ခင်မင်စွာဖြင့် Snow

မိုးသက် said...

အစ်ကို အဲ့လိုရေးတာ အရမ်းသဘောကျတယ်. ။အရမ်းဖတ်လို့ကောင်းတယ်အစ်ကို. သမားရိုးကျ စကားပြေတစ်ပုဒ်ထက် အများကြီးရသမြောက်သွားတယ်.။

Cameron said...

တွေ့လား အားပေးကြတာ....။ ဆက်ရေးပါ စံပယ့်ချစ်လင် ကိုလွင်ပြင်...ဟိ ဟိ...း))

နွေလ said...

အားကျမိပါရဲ့ ... အစ်ကိုရေ
ဒီလိုလေး ချစ်သူနဲ့ ဘဝခရီးကို
အတူတူလျှောက်ချင်ပါရဲ့
ဒါပေမယ့် မဖြစ်နိုင်တော့ဘူး
လောလောဆယ်မှာတင်
အိပ်မက်တွေ ရိုက်ချိုးခံထားရတယ်
အစ်ကိုရေ . . .
ကွဲနေတယ်

ချစ်စံအိမ် said...

စံပယ်ချစ်လင်ကိုလွင်ပြင်ရေ ဖတ်သွားပါတယ်။။

Unknown said...

ကဲ... နော် မပြောဘူးလား... ဒီတစ်ပုဒ်လေးက တော်တော်မိုက်... :D

ခင်တဲ့
နော်

ဟန်ကြည် said...

ပိုင်ပါပေ့ စိန်လွင်ပြင်...

တစ်ချက်ခုတ် သုံးချက်ပြတ်ဆိုတာ ဒါပဲထင်ရဲ့...အံမယ်မင်း အနှီလိုလူကိုမှ ဂျက်တို့ ဂရုမစိုက်ရင် ဒီကလေးမအသည်းက သံမဏိနဲ့ လုပ်ထားတာပဲ ဖြစ်ရမယ်...း)

rose of sharon said...

အိုင်ဒီယာလေးကိုသဘောကျတယ်...း) စိတ်ကူးကောင်းလိုက်တာ

ထရီဆာ (Teresa) said...

စံပယ်ချစ်လင် ကိုလွင်ပြင်ရေ...ဖတ်သွားတယ်..ပြုံးသွားတယ်

မိုးသူ(တောင်ကြီး) said...

စံပယ့်ချစ်လင်ကိုလွင်ပြင်ရေ
အားပေးဒယ်ဗျာ ရေးဖွဲထားတဲ့ ပုံစံလေးကို
အရမ်းနှစ်သက်မိပါတယ်

မိုးသူ(တောင်ကြီး) said...

စံပယ့်ချစ်လင်ကိုလွင်ပြင်ရေ
အားပေးဒယ်ဗျာ ရေးဖွဲထားတဲ့ ပုံစံလေးကို
အရမ်းနှစ်သက်မိပါတယ်

htawoo said...

စံပယ်ချစ်လင် ကိုလွင်ပြင်
ဆိုတဲ့ စာသားလေးကို သဘောကျမိပါကြောင်း...
ထော်ဦး

စံပယ်ချို said...

ကဲ ပြောဘူးလား သများပြောတဲ့အတိုင်းပဲနော်

မောင်ဘုန်း said...

ကောင်းလိုက်တဲ့ အရေးသာ .... အထက်ကပြောခဲ့တဲ့သူတွေလို ပဲ ပြောပါရစေ ...
စံပယ့်ချစ်လင် ... ကိုလွင်ပြင် ... ရေ ...
နောက်စာမျက်နှာ တိုင်း ချစ်ခြင်းတွေ ဆင့်ကဲ နိုင်ကြပါစေ ဗျာ .... ။

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ရေးထားတဲ့ပုံစံလေးကမိုက်တယ်ကိုလွင်ပြင်

အိမ်မက်စေရာ said...

ဒုတိယပိုင်းလေးများ ရှိရင် ဆက်ဖတ်ချင်သေးတယ် ကိုလွင်ပြင်ရေ...
မမဂျက်ကို အားကျထှာ...
ခင်တဲ့
အိမ်မက်

Anonymous said...

သူများတွေအားကျအောင် ရေးတတ်ပ

Unknown said...

အားပေးသွားတယ်နော် ကိုလွင်ပြင်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :