ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အွန်လိုင်း အကယ်ဒမီဆုရှင်ရဲ့ အချစ်ဇာတ်သိမ်း

Wednesday 15 August 2012

မမြင်ရပေမယ့်
ခံစားမှု့တခုကို
ချပြတဲ့သူကပဲတော်တာလား
အစစ်လား အတုလား
ဝေခွဲလို့မရ
ခံစားတတ်တဲ့သူကပဲ
ညံ့တာလား ။

အချစ်အချစ်လို့အော်နေပေမယ့်
အသစ်အသစ်တွေကြားမှာ အချစ်ဆိုတာ
သစ်မြစ်ကိုခြစားသလို
အပေါ်ယံမမြင်ရ
အတွင်းပိုင်းမှာတော့
လှိုက်စားလို့ကုန်
 အရိုးအယွင်းလေးတောင်မကျန်တော့ပါလား ။

မနေ့က မိုးမိုး
ဒီနေ့ စိုးစိုး
မနက်ဖြန် ရိုးရိုးဆိုတဲ့ အမည်လေးပေးရင်ကောင်းမလားနဲ့
နှုတ်ဆက်သမျှကို လက်ခံပြော
နေရပ်တွေတောင်မေ့လို့
USA မှာကျောင်းတက်
အော်စီက အဒေါ်ဆီမှာနေတာ
စလုံးကအကိုဆီ ဒေါ်လာတွေပုံနေလို့လာ  ဖြုန်းတာပါ
ဆိုပြီး
အလိမ်အညာတွေက အကြိမ်တရာမကနဲ့
အွန်လိုင်းရုပ်သံဇာတ်လမ်းတွဲတွေမှာတောင်
အကယ်ဒမီးများရှင် အဖြစ်
ဂရင်းနစ် စံချိန်တောင်တင်လောက်ပါရဲ့ ။

အမေက မေးတော့ ကျောင်းသွား
အဖေကမေးတော့ ကျောင်းတက်
အဖြစ်မှန်က
အင်တာနက်ဆိုင်ရဲ့
တနှစ်တာ အကောင်းဆုံးဖောက်သည်ဆုမှာ ပထမရခဲ့ပေမယ့်
ကျောင်းပညာအောင်စာရင်းမှာတော့
နာမည်မကျန် အိမ်မပြန်ရဲလို့
နာမည်ရင်း ဖိုးထောင်
အွန်လိုင်းက အီမို ဆိုတဲ့ကောင်နဲ့
လိုက်ပြေးသွားပါပြီ အဖေတို့ အမေတို့ရေ ။ 


မှတ်ချက်။       ။ဘာရယ်မဟုတ် တွေးမိသမျှ စိတ်ကူးယဉ်သာဖြစ်ပါသည် ။ နာမည်များမှာ ကာရန်လိုက်မည်ထင်လို့ သုံးခြင်းဖြစ်ပါသည်
                            မည်သူမှမရည်ရွယ်ပဲ ဟာသပုံစံနှင့် ရေးသားပါသည် ။) 

လွင်ပြင်လှိုင်းငယ် 

14 comments:

3rdthameetaw said...

အတွေးကောင်းလေးကို ဖတ်သွားပါတယ်

mstint said...

အွန်လိုင်းခေတ်က အမှန်တကယ်အဖြစ်အပျက်လေးတွေ သီကုံးထားတာပဲး) အဲဒီလိုတွေကြားပေါင်းများနေပြီ လွင်ပြင်လေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Phyu Lwin said...

ဖြစ်တတ်တဲ့အဖြစ်အပျက်လေးကို ဟာသဆန်ဆန်လေးရေးထားတာ ဖတ်လို့ကောင်းပါတယ် :)

မင်းမုန်းတဲ့သူ said...

မလိမ်ပါဘူး...အမှန်အတိုင်းပဲညာတာဆိုတဲ့သူတွေ..
အကြောင်းကဗျာပေါ့...

မိုးညချမ်း said...

အရမ်းကောင်းလိုက်တာဗျာ ... ကဗျာလေးက ... အွန်လိုင်း တစ်ကယ်အမှန်အကန်ကို အကယ်ဒမီရှော့တွေ အများကြီးပဲနော် ... :)

နွေလ said...

ကြုံခဲ့ဖူးပါတယ်
အတိတ်က မိုးမိုး
ဒီနေ့ကျတော့ စိုးစိုး
မနက်ဖြန် ရိုးရိုး ဖြစ်မယ့်သူတွေနဲ့ ...

Yoemyaykya said...

မိုက်တယ်ဗျို့ရေးထားတာတွေ

Cameron said...

ရေးချက်ကတော့ လန်ထွက်နေတာပဲ ကလွင်ပြင်ရေ...တော်တော်တော့ထိမှာ..။

မြတ်နိုးသူ(MUFL) said...

အင်တာနက်ဆိုင်ရဲ့
တနှစ်တာ အကောင်းဆုံးဖောက်သည်ဆုမှာ ပထမရခဲ့ပေမယ့်
ကျောင်းပညာအောင်စာရင်းမှာတော့
နာမည်မကျန် အိမ်မပြန်ရဲလို့
နာမည်ရင်း ဖိုးထောင်
အွန်လိုင်းက အီမို ဆိုတဲ့ကောင်နဲ့
လိုက်ပြေးသွားပါပြီ အဖေတို့ အမေတို့ရေ
ခုခေတ်မှာအဲလိုလူတွေတကယ်ရှိနေပီအစ်ကိုရေ

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ကူးမှ ရရ
ရေးတတ်ပါပေတယ်...
အပြင်မှာလည်း အဲဒီလိုတွေ တကယ်များရှိနေမလား မသိဘူးနော်။

ချစ်စံအိမ် said...

သတိထားရမယ်... အွန်လိုင်းကို..

kiim said...

ဒီခေတ်နဲ့ ညီတဲ့ ကဗျာကောင်းလေးတပုဒ်လာဖတ်သွားပါတယ်..
အရမ်းကောင်းလှပါပေတယ်..း)

လေပြေချို said...

ဟုတ်ပါ့.. တချို့တချို့အွန်လိုင်းကို ခုတုံးလုပ်ပြီး လိမ်ညာနေတဲ့သူတွေ တကယ်ဖတ်မိပါစေလို့ ဆုတောင်တယ်သိလား....

လရိပ်အိမ် said...

ဟေးဟေး ကြိုက်တယ်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :