ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

တဂ်ပို့(နွေလ၏ တဂ်ပို့)

Monday 6 August 2012

တဂ်ပို့မရေးရတာတော်တော်ကြာနေပါပြီ ဒီနေ့တော့ ညီလေးနွေလ တဂ်ထားလို့ ရေးခွင့်ကြုံပါတယ် ။
နွေလမတဂ်ခင်ရှေ့ကလဲ သူ့လိုဆိုဒ်ပျက်သွားရတာတွေကို ကြားနေရပါတယ် အဲ့လိုကြားတိုင် တော်တော်လေး
ခံစားမိပါသည် ကျွန်တော်တို့ဘေးကသူငယ်ချင်းတွေတောင် ဒီလောက်ခံစားရတယ်ဆိုရင် ပိုင်ရှင်က ဘယ်လောက်ကြေကွဲနေမလဲဆိုတာ တွေးကြည့်တာတောင် တွေးလို့မရပါဘူး ။ညီလေးနွေလ ရင်ထဲကမေးလာတာတွေကို ကျွန်တော်လဲ ရင်ထဲကအတိုင်းပဲ ဖြေလိုက်ပါ့မယ် ။


 (၁) သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ … ဘယ်လိုတည်ဆောက်ခဲ့ရသလဲ ?
ကျွန်တော်ဘလော့လေးကို  11 July 2011 မှာ စတင်ခဲ့ပါတယ် ။နည်းပညာပိုင်တွေမှာအားနည်းလွန်းတော့ အင်တာနက်မှာ ဟိုဖတ် ဒီဖတ် စမ်းတ၀ါးဝါးနဲ့ လုပ်ခဲ့ရတာပါ နည်းပညာဆိုဒ်တော်တော်များကိုလဲ ကျေးဇူးတင်မိပါတယ် သူတို့သေချာရေးပြထားလို့တာ ဆိုဒ်လေးတစ်ခုဖြစ်လာတာပါ ။


(၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ ?
မညာတိုင်း ၀န်ခံရမယ်ဆိုရင်တော့ ကျွန်တော့်ဇနီးရဲ့ တိုက်တွန်းချက်နဲ့ ကျွန်တော့်ရဲ့ ခံစားချက်ကို မှတ်တမ်းတင်နိုင်ရန်ဆိုဒ်လေးလုပ်
ဖစ်သွားတာပါ နောက်ပိုင်းစာတွေရေးရင်း ရေးရင်း သူငယ်ချင်းတွေလဲ အများကြီးရ စာကောင်းပေကောင်းတွေလဲဖတ်ရတော့ ဆိုဒ်လေးကို တော်တော်သံယောဇဉ်ဖြစ်ခဲ့ရပါတယ် ။

 (၃) သင် သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ … ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ ?
ရည်မှန်ချက်ရယ်လို့တော့မဟုတ်ဘူး မြတ်နိုးမိတာတော့အမှန်ပါပဲ ကျွန်တော် ရှင်သန်နေသရွေ့ ဆိုဒ်လေးကိုလဲ သူငယ်ချင်းများရဲ့
အားပေးသံတွေနဲ့ ရှင်သန်စေချင်ပါတယ် ။

 (၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား ?
တခါမှတော့ မပျောက်ဆုံး ဖူးပါဘူး ။

 (၅) ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင် ဘယ်လောက်ထိ ခံစားခဲ့ရဖူးလဲ … ?
မပျောက်ဆုံးဖူးပေမယ့် ပျောက်ဆုံးသူများအတွက် ခံစားဖူးပါတယ် ပထမဆုံးခံစားဖူးတာကတော့ ကျွန်တော့်ဇနီးဆိုဒ်လေး ပျောက်သွားတုန်းကပါ သူ့ဆိုဒ်လေးပျောက်သွားတုန်းက သူက တော်တော်ဝမ်းနည်းပြီး ခံစားနေရတော့ ကျွန်တော်ပါထပ်တူခံစားရခဲ့ဖူးပါတယ် ကံကောင်းစွာ သူ့ဆိုဒ်လေးပြန်ရလို့တော်သေးတာပေါ့ နောက်ပိုင်းသူငယ်ချင်းတွေဆိုဒ်ပျောက်သွားရင် ခံစားရပါတယ် ။


အားလုံးပဲ ပျော်ရွှင်စွာစာတွေရေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။ဆိုဒ်ပျက်ခြင်းခံစားမှု့တွေလဲ ဝေးပါစေလို့ ထပ်မံဆုတောင်းပေးလိုက်ပါတယ်


အားလုံးကို ရိုသေလေးစားလျက်


လွင်ပြင်လှိုင်းငယ်

11 comments:

မြတ်နိုးသူ(MUFL) said...

အစ်ကိုစာလေးကိုလာပီးဖတ်သွားပါတယ်နော်
အဲလိုမျိုးပျောက်သွားတာကိုကိုယ်တိုင်မကြုံဖူး
ပေမယ့်သူများနည်းတူစိတ်မကောင်းဖြစ်၇ပါတယ်
အားပေးသွားပါတယ်

Anonymous said...

အဲလို ပျောက်တတ်လား အကို
စတည်းက ဘာမှကောင်းကောင်းမလုပ်တတ်တာ အဲလိုပျောက်သွားလို့ကတော့ ထိုင်ငိုမိမလားဘဲ ဟီးးး
ပျောက်သွားတဲ့သူတွေလည်း အတော်ခံစားရမှာပဲနော
ကိုယ်ချင်းစာမိပါတယ် အကိုရေ

~ Kk ~

mstint said...

လိုရင်းတိုရှင်း တဂ်ပို့စ်လေး ဖတ်သွားပြီ လွင်ပြင်လေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မင်းမုန်းတဲ့သူ said...

တဂ်ပို့စ်လေးလာဖတ်သွားပါတယ်ကိုလွင်ပြင်

စံပယ်ချို said...

ဘုစုလဲအားဘူးဗျို့
မရေးရသေးဘူးဝေ့
ကူပါဦး

နွေတေးရှင် said...

အေးဗျာ...
ဟိုတုန်းက ကျွန်တော့်ဆိုဒ့်လေးလည်း
ပျောက်သွားတာလိုလို ဘာလိုလိုနဲ့ ကျွန်တော်ဖွင့်လို့မရတော့ တော်တော်လေးကို ဒေါသထွက် မိတယ်ဗျ။

ကိုယ်ချင်းစာပါတယ်
ကိုလွင်ပြင်ပြောသွားသလို ဘလောဒ့်အပေါ်ကို ဘယ်လောက်မှတော့ မရည်မှန်းထာပါဘူး ဒါပေမယ့်လို့ ကိုယ့်ရဲ့ခံစားချက်တို့အစဉ်စီးမျောရာ နေရာလေး

ကိုယ်နဲ့ထပ်တူ ဘလောဒ့်ဂါအပေါင်း တို့သည်လည်း အစဉ်စီးမျောရာ နေရာလေးမို့ တန်းဖိုးထားမိပါတယ်ဗျာ။

(ကိုနွေလ ကို ကိုယ်ချင်းစာလျှက် )

Cameron said...

မပျောက်ဖူးဘူး တော်တော်တော့ခံစားရမှာ...ကော်ပီတောင်ပြန်ယူထားရမလိုပဲ..။

လေပြေချို said...

အဲ့လိုလည်း ပျောက်တက်လားဟင်.. လေပြေကတော့ကိုယ့်ရဲ့ဘလော့လေးကို ကမ္ဘာငယ်လေးတစ်ခုလို့တောင် တင်စားထားတာ.. ပျောက်သွားရင်တော့ ကြေကွဲပြီပဲ..:((((

အလွမ်းမြို့ said...

လွင်ပြင်ရေ။
မိလွမ်း ဖတ်သွားတယ်။ မှတ်သွားတယ်။
ကိုယ့် တကယ့်ပိန်းပိန်း..
ဘလော့သာ အဲလိုဖြစ်ရင် တေပြီဘဲ။
အားပေး မှတ်သားသွားကြောင်း
ဒီနေရာလေးမှ လက်မှတ်ထိုးခဲ့တယ်


ခင်တဲ့
အလွမ်း

မိုးညချမ်း said...

မောင်လေးနွေလကို ကိုယ်ချင်းစာမိပါရဲ့အစ်ကိုရေ ... တဂ်ပိုစ့်လေးကို လာအားပေးသွားပါတယ်နော် ...

နွေလ said...

ဘာအသံမှမကြားလို့
ကျွန်တော်က မရေးတော့ဘူးတောင် ထင်နေတာ
ရေးပေးတာ ကျေးဇူးပါဗျာ

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :