သဲ သက်တွေပေး ချစ်ခဲ့တဲ့ သူ
ဘု ကျကျစကားတွေနဲ့ ကြည်နူးစေတဲ့ သူ
စု စည်းထားတဲ့ မေတ္တာတွေအားလုံးပေးတဲ့ သူ
ကို ယ့်မာနတွေခ၀ါချပြီး မောင့် အတ္တမီးပါ ငြိမ်းပေးတဲ့ သူ
မြတ် နိုးယုယ မိခင်တစ်ယောက်လို အလိုလိုက် ဆုံးမတတ်တဲ့ သူ
နိုး စက်တစ်ခုလို မောင့်ဘ၀ကို အမြဲတမ်း အချက်ပြနိုးထစေတတ် သူ
ရင် ထဲမှ စကားလုံးတွေနဲ့သာ ပြောဆိုတတ်တဲ့ သူ
ခုန် နေတဲ့ရင်အစုံက မောင့်ကို ချစ်လို့အသက်ဆက်ရန်ခုန်နေတာပါလို့ ၀န်ခံတတ်တဲ့ သူ
ချစ် ခြင်းအားလုံးပေါင်း ၂၀၂၈နဲ့ ချစ်တာပါလို့ပြောတတ်တဲ့ သူ
ရ ယူပိုင်ဆိုင်ခြင်း အတ္တမှာ မောင့်အချစ်တစ်ခုပဲလိုချင်တယ်လိ
ပြည့် လျှံနေတဲ့ မေတ္တာကန်လေးထဲမှာ မောင့်ဘ၀ကို သန့်စင်စေတဲ့ သူ
စုံ လင်တဲ့ လောဘမုဆိုးများမြှား ရိုးသားစွာေ
လှ ပတဲ့ ဘ၀ပန်းခင်အလယ် စိတ်ကို လန်းဆန်းစေတဲ့ သူ
မောင့် ဘ၀ကို ဇာတ်ခုံလှလှလေးတွေပြင်ဆင်ပေးတဲ့ သူ
ဘ ၀များစွာမောင်နဲ့ ဆုံပါရပါစေလို့ ဆုတောင်းတတ်တဲ့ သူ
ဝ င်ရောက်လာမယ့် လောကဓံမုန်တိုင်းခပ်ကြမ်းကြမ်းလဲ ဆိုင်ဆိုင်ရဲတယ်လို့ ကြွေးကြော်တဲ့ သူ
လွင်ပြင်လှိုင်းငယ်
24 comments:
“သူ” အကြောင်းကို အားပေးသွားတယ် အစ်ကို ... မမတစ်ယောက်တော့ ကြည်နူးခြင်းတွေနဲ့ အစ်ကို့ကို အချစ်တိုးတော့မှာပဲ ... ထာဝရပျော်ရွှင်ကြည်နူးကြပါစေနော် ... :)
သဲဘုစုကို ရအောင်ပုံဖော်သွားတာကိုး။ အတွေးကောင်းပါတယ်ခင်ဗျား။
အိ... ချစ်ပြနေလိုက်တာ...။ မနာလိုချင်စရာကောင်းပ.။
အဲလိုဒီဇိုင်းလေးနဲ့ရေးထားတာကြိုက်တယ်။ ကြည်နူးစရား)
ကိုယ့်မာနတွေခ၀ါချပြိးမောင့်အတ္တမီးပါငြိမ်းပေးတဲ့သူ
မြတ်နိုးယုယမိခင်တစ်ယောက်လို
အလိုလိုက်ဆုံးမတတ်တဲ့သူတဲ့
မမစံပယ်ကတော်တော်ချစ်ဖို့ကောင်းတယ်နော်
အစ်ကိုနဲ့အမနဲကတော့လိုက်ပါပေတယ်
တစ်ယောက်နဲ့တစ်ယောက်အ၇မ်းချစ်တတ်ကြတယ်
သူများတွေတောင်သူတို့ကိုကြည့်ပီးအားကျလာပီ
အလည်လာတိုင်း သူများကိုအားကျနေရတာ
မဖြစ်ဘူး ကိုယ်တိုင်လည်း ရှာမှတော့ဖြစ်တော့မယ် ^_^
ကဗျာလေးကကောင်းလိုက်တာ
အလည်လာသွားတယ်နော်
အဆုံးသောချစ်ခြင်းတွေက မဆုံးသောကဗျာများဆက်လက်ရေးသားနိုင်ပါစေ..း)
ကိုလွင်ပြင်နှင့် သဲဘုစု ..ထာဝရအချစ်အိမ်လေးမှာပျော်ရွှင်နိုင်ပါစေ
ဂွတ်တယ်ဗျာ..သူများရဲ့..သူ...ကတော့..အားကျစရာပဲဗျို့....
ကျွန်တော့်မှာသာ.... အစဉ်သဖြင့် လာလာ'စား'တဲ့သူ၊ ပတ်ဂျီကန်မယ့် သူ.... လိုရာရသွားပြီးရင်..ဘုရားပြီး.ငြမ်းဖျက်မဲ့..သူ....
ပြောမကုန်နိုင်ပေါင်ဗျာ.... :D
အစ်ကိုရဲ့စကားလုံးတွေထဲမှာ
အစ်မတော့ အရည်ပျော်နေလောက်ပြီ
အရမ်းမိုက်တယ်လေ ...
ဂယ်ကိုလေးစားပါတယ်လွင်ပြင်နဲ့ သူ ဆိုတဲ့ မရေ...
လိုက်ဖတ်တဲ့ချစ်သူနှစ်ယောက် ထာဝရ ပျော်ရွှင်ကြည်နူးကြပါစေလို့ မေတ္တာထပ်လောင်းဆုတောင်းပေးလိုက်ပါတယ်ရှင်..
ခင်တက်တဲ့
လေပြေချို
သဲဘုစုလဲလာဖတ်ပေးပါတယ်
အကိုကလဲ ..အကိုပါပဲနော်...အမကလဲ ...အမပါပဲ..လိုက်လဲလိုက်ကြပါတယ် နှစ်ယောက်သား...ညလေးတကယ်ကို မနာလိုဖြစ်လာပြီဟာ....
သူ ...ကိုခံစားသွားပါတယ်ခင်ဗျာ..
သဲဘုစု..
သိပ်ပြီးမပြုံးနဲ့ သွားတွေအအေးပက်ကုန်ဦးမယ်..း) ဟိ ဟိ။
ကိုဘုန်းကြွယ်...
သိပ် ချစ်တတ်သကိုးဗျ...
အဲသည့် နှစ်ထောင့်နှစ်ဆယ့်ရှစ် ချစ်မေတ္တာ ဆိုတာကို ဒေါ်မာမာအေးရဲ့ သီချင်းထဲမှာ နှစ်နှစ်ကာကာကို စွဲလမ်းမိတယ်ဗျာ။
အရမ်းမိုက်တယ်...
အပြိုင်အဆိုင်ကိုချစ်နေကြပါလား..
သူများတွေမနာလိုဖစ်နေဦးမယ်နော်..း)
တစ်ခုကျန်နေသေးသဗျို့
ဘုစုခရုလေးတွေ မွေးဖွားပေးမဲ့ သူ
:P :P :P ဟိဟိ
ဟီး အားကျလာပြီး...:P
အောင်မြလေး...မိလွမ်းတစ်ယောက် အရှုပ်လုပ်နေလို့
မရောက်ဖြစ်တာ. ခုမှ ရောက်လို့ ဖွဲ့နွဲသီကုံးထားတဲ့
ဘုစုလေးကို ဖတ်သွားတယ်. အပြိုင်အဆိုင် ဘယ်သူ
မှမနိုင်ပါ. လိုက်ဖက်တဲ့အတွဲ...အဲလိုတွေရေးလို့ ဟို
ကလဲ အဲလိုတွေ ချစ်တာပေါ့..
ခင်တဲ့
အလွမ်း
ဟုတ်ပနော်..မနာလိုချင်စရာ ကောင်းအောင် ချစ်ပြနေလိုက်တာနော်.....ဟင်းးးးဟင်းးးး:):)
အကိုရေ..အားပေးခံစားလျှက်ပါလို့...
ကဗျာလေးက ကြည်နူးဖို့ကောင်းလို့ ပြုံးမိတယ်။
ဖတ်ရတာ ကြည်နူးဖို့ကောင်းလိုက်တာ..
ဒီနှစ်ယောက်ကို ခေတ်သစ် ရိုမီယိုနဲ့ ဂျူးလယက်လို့ ကင်ပွန်းတပ်ရမယ်း)
ချစ်စရာကဗျာလေး အားပေးသွားတယ် လွင်ပြင်လေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
း) တူများ သား၊ သမီး ၁ ယောက်တည်းနေ နေတာဂိုနော် ..အားကျအောင် လုပ်နေကြတယ် ဟွမ်း ဟွမ်း ဟွမ်း ..
ခံစားချက်လေး ကောင်းတယ်ရှင့် ..ကိုလွင်ပြင်
Post a Comment