ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

သဲဘုစုနှင့် ကြယ်ကြွေကောက်သူ

Thursday 6 September 2012

 သဲဘုစုလေး
မင်းနဲ့ငါ
ကောင်းကင်ပြာကို
ထီးလေးလုပ်လို့
ပင်လယ်ပြင်ထက်
လမ်းလျှောက်ထွက် ။

သဲဘုစုလေး
မင်းနဲ့ငါ
လေပြေနမ်းလို့
ကြယ်ကြွေတွေကောက်
ရင်မှာအပြည့်အမောက် ။

သဲဘုစုလေး
မင်းနဲ့ငါ
နှလုံးသားကြမ်းပြင်ထက်
ကြယ်ကြွေတွေချခင်း
သံယောဇဉ်ကြိုးမျှင်ထိပ်
အချစ်အပ်လေးတပ်လို့ရယ်
ကြယ်ကြွေတွေသီပြီး
မင်းခေါင်းထက်မှာ ပန်ဆင်ပေး
လမင်းလေးတောင် ရှက်လို့ပြေး ။

လွင်ပြင်လှိုင်းငယ်

21 comments:

ဘုန်း၂တောက် said...

လမင်းလေးတောင် ရှက်လို့ပြေးတယ်ပေါ့...ကဗျာလေး လှတယ် လွင်ပြင်ရေ...

လရိပ်အိမ် said...

ကောင်းလိုက်တာ ကောင်းလိုက်တာ "ကဗျာ"

မိုးနတ်ကြယ်စင် said...

ကဗျာလေးခံစားသွားတယ်..အကိုတော်ရေ....
ခင်တဲ့...မိုးနတ်

စံပယ်ချို said...

အင်း
ကြယ်ကြွေတွေတော့ ပန်ရဦးမှာပေါ့နော်
ဘုစု

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

လေပြေနမ်းလို့
ကြယ်ကြွေတွေကောက်
ရင်မှာအပြည့်အမောက် ။
စာသားလေးကောင်းတယ်..
ကဗျာလေးလာဖတ်သွားပါတယ်....

ချင်းမလေး said...

ကဗျာကောင်းလေးလာခံစားသွားပါတယ်။
သဲဘုစုလေး
မင်းနဲ့ငါ
လေပြေနမ်းလို့
ကြယ်ကြွေတွေကောက်
ရင်မှာအပြည့်အမောက် ။

mstint said...

ဒီကဗျာလေးတွေဖတ်ရလို့ သဲဘုစုလေး အမြန်ဆုံး နေကောင်းလာတာဖြစ်မယ် :P
ကဗျာလေးက ချစ်စရာလေး လွင်ပြင်လေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

kokoseinygn said...

အချစ်အကြောင်း
ကာရံလှလှတွေကိုအားပေးသွားတယ်

Yoemyaykya said...

တယ်ဆိုတဲ့ စာပါလားအစ်ကိုရေ
ကြယ်ကြွေတွေပန်ပေးလိုက်တဲ့အခါ ဖြစ်သွားမယ့် မမစံပယ်မျက်နှာကို မြင်ယောင်မိသေးမြင်ယောင်မိသေး

မြတ်နိုးသူ said...

ကောင်းကင်ပြာကို
ထီးလေးလုပ်လို့
ပင်လယ်ပြင်ထက်
လမ်းလျှောက်ထွက် ။
ကဗျာလေးအ၇မ်းလှတယ်အကို
အားပေးသွားပါတယ်

Cameron said...

ကဗျာလေးလှလိုက်တာဟယ်....

လေပြေချို said...

သဲဘုစုလေး
မင်းနဲ့ငါ
နှလုံးသားကြမ်းပြင်ထက်
ကြယ်ကြွေတွေချခင်း
သံယောဇဉ်ကြိုးမျှင်ထိပ်
အချစ်အပ်လေးတပ်လို့ရယ်
ကြယ်ကြွေတွေသီပြီး
မင်းခေါင်းထက်မှာ ပန်ဆင်ပေး
လမင်းလေးတောင် ရှက်လို့ပြေး ။
ကဲ... ဘုစုလေးရေ.. နေကောင်းပီဟုတ်.. အရမ်းချစ်ကြတဲ့ သူတို့နှစ်ဦး အမြဲချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါ၏
ခင်တဲ့
လေပြေ

ဖြိုးဇာနည် said...

အမ်မယေးယေး ကဗျာဖတ်ရတာ
အူယားတာဂျာာာ မနာလိုတောင်ဖစ်ဒယ်
အော့်သဲဘုစုလေး သဲဘုစုလေး

မင်းအရိပ် said...

ကောင်းလိုက်တဲ့ကဗျာလေး
သဲဘုစုနဲ့ ခရုကောက်သူ
ကဗျာလေးတွေ အများကြီးရေးနိုင်လို့ လေးစားပါတယ်ဗျာ

ချောကလက်ကျူးပစ်လေး said...

သဲဘုစုလေးတဲ့
အသုံးအနှုန်းညင်သာလိုက်ပုံများ..:)
လာဖတ်သွားတယ်ကိုကြိးရေ

ဆူးသစ် said...

ကြယ်ကြွေတွေတောင်ခေါင်းမှာသီပေးချင်သတဲ့လား။ ကဗျာကောင်းလေးဖတ်သွားပါတယ် ကိုလွင်ပြင်။

အန်တီလေးမေခင် said...

ကြယ်ကြွေတွေသီပြီး
မင်းခေါင်းထက်မှာ ပန်ဆင်ပေး
လမင်းလေးတောင် ရှက်လို့ပြေး ။
သိပ်ချစ်ကြတဲ့သူတို့နှစ်ဦး
နှလုံးစိတ်ဝမ်းချမ်းမြေ့ပျော်ရွှင်ကြပါစေ
ဆုတောင်းလျက်ခင်တဲ့အန်တီလေးမေခင်

Anonymous said...

ကဗျာတွေ အပြိုင်လှနေကြတာ ....

မနာလိုဖြစ်ချင်လာဘီနော် ...းP

Latt Latt said...

စံပယ်အတွက် ကဗျာတွေအများကြီးရေးပေးနိုင်ပါစေ

အိပ်မက်ကောင်းကင် said...

မမစံပယ်တို့ကတော့ ကံကောင်းလိုက်တာ
ကဗျာလေးတွေတစ်ပုဒ်ပြီး တစ်ပုဒ်ရေးပေးတဲ့ သူရှိတယ်ဆိုတော့လေ အဟဲ
သည်တစ်ခေါက်လည်း အားကျသွားပြန်ဧ။်
ခင်တဲ့(အိမ်မက်ကောင်းကင်)

မိုးသူ(တောင်ကြီး) said...


သဲဘုစုလေး
မင်းနဲ့ငါ
လေပြေနမ်းလို့
ကြယ်ကြွေတွေကောက်
ရင်မှာအပြည့်အမောက် ။

ကိုလွင်ပြင်ရဲ့ ကဗျာလေးက

အရမ်းကြည်နူးဖို့ ကောင်းတယ်

မဂျက်က ဒါတွေနဲ့ ပဲ

ကြည်နူးပျော်ရွှင်နေမယ်ထင်ပါရဲ့ 

အရမ်းအားကျဖို့ ကောင်းတဲ့စုံတွဲပါပဲဗျာ

ခင်တဲ့
မိုးသူ(တောင်ကြီး)

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :