သဲဘုစုလေး
မင်းနဲ့ငါ
ကောင်းကင်ပြာကို
ထီးလေးလုပ်လို့
ပင်လယ်ပြင်ထက်
လမ်းလျှောက်ထွက် ။
ကောင်းကင်ပြာကို
ထီးလေးလုပ်လို့
ပင်လယ်ပြင်ထက်
လမ်းလျှောက်ထွက် ။
သဲဘုစုလေး
မင်းနဲ့ငါ
လေပြေနမ်းလို့
ကြယ်ကြွေတွေကောက်
လေပြေနမ်းလို့
ကြယ်ကြွေတွေကောက်
ရင်မှာအပြည့်အမောက် ။
သဲဘုစုလေး
မင်းနဲ့ငါ
နှလုံးသားကြမ်းပြင်ထက်
ကြယ်ကြွေတွေချခင်း
သံယောဇဉ်ကြိုးမျှင်ထိပ်
သံယောဇဉ်ကြိုးမျှင်ထိပ်
အချစ်အပ်လေးတပ်လို့ရယ်
ကြယ်ကြွေတွေသီပြီး
မင်းခေါင်းထက်မှာ ပန်ဆင်ပေး
လမင်းလေးတောင် ရှက်လို့ပြေး ။
ကြယ်ကြွေတွေသီပြီး
မင်းခေါင်းထက်မှာ ပန်ဆင်ပေး
လမင်းလေးတောင် ရှက်လို့ပြေး ။
လွင်ပြင်လှိုင်းငယ်
21 comments:
လမင်းလေးတောင် ရှက်လို့ပြေးတယ်ပေါ့...ကဗျာလေး လှတယ် လွင်ပြင်ရေ...
ကောင်းလိုက်တာ ကောင်းလိုက်တာ "ကဗျာ"
ကဗျာလေးခံစားသွားတယ်..အကိုတော်ရေ....
ခင်တဲ့...မိုးနတ်
အင်း
ကြယ်ကြွေတွေတော့ ပန်ရဦးမှာပေါ့နော်
ဘုစု
လေပြေနမ်းလို့
ကြယ်ကြွေတွေကောက်
ရင်မှာအပြည့်အမောက် ။
စာသားလေးကောင်းတယ်..
ကဗျာလေးလာဖတ်သွားပါတယ်....
ကဗျာကောင်းလေးလာခံစားသွားပါတယ်။
သဲဘုစုလေး
မင်းနဲ့ငါ
လေပြေနမ်းလို့
ကြယ်ကြွေတွေကောက်
ရင်မှာအပြည့်အမောက် ။
ဒီကဗျာလေးတွေဖတ်ရလို့ သဲဘုစုလေး အမြန်ဆုံး နေကောင်းလာတာဖြစ်မယ် :P
ကဗျာလေးက ချစ်စရာလေး လွင်ပြင်လေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အချစ်အကြောင်း
ကာရံလှလှတွေကိုအားပေးသွားတယ်
တယ်ဆိုတဲ့ စာပါလားအစ်ကိုရေ
ကြယ်ကြွေတွေပန်ပေးလိုက်တဲ့အခါ ဖြစ်သွားမယ့် မမစံပယ်မျက်နှာကို မြင်ယောင်မိသေးမြင်ယောင်မိသေး
ကောင်းကင်ပြာကို
ထီးလေးလုပ်လို့
ပင်လယ်ပြင်ထက်
လမ်းလျှောက်ထွက် ။
ကဗျာလေးအ၇မ်းလှတယ်အကို
အားပေးသွားပါတယ်
ကဗျာလေးလှလိုက်တာဟယ်....
သဲဘုစုလေး
မင်းနဲ့ငါ
နှလုံးသားကြမ်းပြင်ထက်
ကြယ်ကြွေတွေချခင်း
သံယောဇဉ်ကြိုးမျှင်ထိပ်
အချစ်အပ်လေးတပ်လို့ရယ်
ကြယ်ကြွေတွေသီပြီး
မင်းခေါင်းထက်မှာ ပန်ဆင်ပေး
လမင်းလေးတောင် ရှက်လို့ပြေး ။
ကဲ... ဘုစုလေးရေ.. နေကောင်းပီဟုတ်.. အရမ်းချစ်ကြတဲ့ သူတို့နှစ်ဦး အမြဲချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါ၏
ခင်တဲ့
လေပြေ
အမ်မယေးယေး ကဗျာဖတ်ရတာ
အူယားတာဂျာာာ မနာလိုတောင်ဖစ်ဒယ်
အော့်သဲဘုစုလေး သဲဘုစုလေး
ကောင်းလိုက်တဲ့ကဗျာလေး
သဲဘုစုနဲ့ ခရုကောက်သူ
ကဗျာလေးတွေ အများကြီးရေးနိုင်လို့ လေးစားပါတယ်ဗျာ
သဲဘုစုလေးတဲ့
အသုံးအနှုန်းညင်သာလိုက်ပုံများ..:)
လာဖတ်သွားတယ်ကိုကြိးရေ
ကြယ်ကြွေတွေတောင်ခေါင်းမှာသီပေးချင်သတဲ့လား။ ကဗျာကောင်းလေးဖတ်သွားပါတယ် ကိုလွင်ပြင်။
ကြယ်ကြွေတွေသီပြီး
မင်းခေါင်းထက်မှာ ပန်ဆင်ပေး
လမင်းလေးတောင် ရှက်လို့ပြေး ။
သိပ်ချစ်ကြတဲ့သူတို့နှစ်ဦး
နှလုံးစိတ်ဝမ်းချမ်းမြေ့ပျော်ရွှင်ကြပါစေ
ဆုတောင်းလျက်ခင်တဲ့အန်တီလေးမေခင်
ကဗျာတွေ အပြိုင်လှနေကြတာ ....
မနာလိုဖြစ်ချင်လာဘီနော် ...းP
စံပယ်အတွက် ကဗျာတွေအများကြီးရေးပေးနိုင်ပါစေ
မမစံပယ်တို့ကတော့ ကံကောင်းလိုက်တာ
ကဗျာလေးတွေတစ်ပုဒ်ပြီး တစ်ပုဒ်ရေးပေးတဲ့ သူရှိတယ်ဆိုတော့လေ အဟဲ
သည်တစ်ခေါက်လည်း အားကျသွားပြန်ဧ။်
ခင်တဲ့(အိမ်မက်ကောင်းကင်)
သဲဘုစုလေး
မင်းနဲ့ငါ
လေပြေနမ်းလို့
ကြယ်ကြွေတွေကောက်
ရင်မှာအပြည့်အမောက် ။
ကိုလွင်ပြင်ရဲ့ ကဗျာလေးက
အရမ်းကြည်နူးဖို့ ကောင်းတယ်
မဂျက်က ဒါတွေနဲ့ ပဲ
ကြည်နူးပျော်ရွှင်နေမယ်ထင်ပါရဲ့ 
အရမ်းအားကျဖို့ ကောင်းတဲ့စုံတွဲပါပဲဗျာ
ခင်တဲ့
မိုးသူ(တောင်ကြီး)
Post a Comment