ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

လင်နဲ့မယား

Saturday 13 October 2012

အသွင်တူမှ အိမ်သူဖြစ်ရမှာလား
အိမ်သူဖြစ်ပြီးမှ အသွင်တူအောင်
စိတ်တူကိုယ်တူ
အေးအတူ ပူမမျှပဲ
သူ့ဘ၀နဲ့ ကိုယ့်ဘဝ
ပေါင်းစည်းပြုပြင်ပြီး
ထာဝရကြည်နူး ပျော်ရွှင်ဖွယ်
ဘ၀အိမ်လေးဆောက်မယ်ဆိုရင်ကော မဖြစ်ဘူးလား ။

အသွင်တူ အိမ်သူဖြစ်ပြီးမှ
ယောက်ျားကလဲ
အိမ်ဦးသခင် ငါအရှင်ပဲလို့
စိတ်မှာ အမှတ်မှား
ပျော်ရာမှာနေ ကြုံရာမှာစား
ဇနီးမယားအလှတရားကို
လမ်းဘေးက ပျော်တော်ဆက်မယ်လောက်
တန်းဖိုးမထား
ဖောက်ပြန်တာကို
ဂုဏ်တစ်ခုလို သဘောထားပြီး
ဇနီးမယားရဲ့ အတွင်းစိတ်ကို ၀င်မကြည့်ပဲ
သန်းခေါင်ယံ
အိမ်အရောက်မှာ
မျက်ရည်စိုးစိုး
မောလို့အိပ်ပျော်နေတဲ့
မိန်းမဘေးမှာ ငွေအပုံပေးယုံနဲ့
ပြီးပြည့်စုံနဲ့
အိမ်ထောင်လင်ယောက်ျားဘ၀လား  ။

အသွင်ကတူတူ ဒီလင်ယူပြီး
ဇနီးမယား သက်ထားသခင်
ဒီနာမည်နှင့်
ချက်ပြုတ် လျှော်ဖွတ်
ဒီအလုပ်တွေ ဘေးချထားပြီ
အိမ်အပြင်မှာ လူတကားနဲ့
အိမ်ဦးနတ်လင်
အ တင်းမှစလို့
အိုဘားမား အသားမဲတာအဆုံး
အတင်းစုံ သတင်းစုံနဲ့
ဒိုဘီမှာတော့ အ၀တ်တွေ
မွဲခြောက်ခြောက်နဲ့ပေါ့
ရှောပင်ဆိုတာ
လင်တော်မောင် ငွေထုတ်စက်ရှိသလား
အတွေးမှာထားပြီး
ဒစ်စကောင့်လေးချလို့ ၀ယ်လိုက်တာလို့
ဆင်ခြေ ဆင်လက် ဆင်တစ်ကောင်လုံးနဲ့
ဝယ်တဲ့ ပစ္စည်းတွေကတော့
လင်တော်မောင်ရဲ့ ပါးလှပ်လှပ် အိပ်ကပ်လေးကို
လောင်ပြုံးလေးပြုံးလို့ပေါ့ ။

လင်းနဲ့မယား
လျှာနဲ့သွား
ဒီစကားတွေ ဘေးထားလိုက်ပါ
သွားကလဲ ၀ါးဖို့ထားပြီး
လျှာကလဲ အရသာခံ
မတော်လို့ ကိုက်မိရင်တောင်
သွားကလဲ လျှာလေးနားသွားလို့ရယ်
လျှာကလဲ ငါ့နေရာငါမနေ
အပြင်ထွက်လို့ ကိုက်မိပါလားလို့
နားလည်မှု့ နှလုံးသားကိုခြံလေးခတ်ပြီး
အပြစ်မမြင် အချစ်သစ်ပင်လေးတွေ အရိပ်ရအောင်စိုက်လို့ရယ်
ဘ၀အိမ်လေးမှာ အတူတကွ ထာဝရနဲ့
လက်တွဲသွားတာ
အိမ်ထောင်သည်များရဲ့
နှိုင်းယှဉ်လို့မရတဲ့ 
ဘ၀အလှတရားပါ ။
 
လွင်ပြင်လှိုင်းငယ်
 
မှတ်ချက်။       ။အလုပ်တွေများနေလို့ အားနေတဲ့အချိန်လေးမှာ ဆားချက်လိုက်ပါတယ် ဟိ

14 comments:

ခရစ္စတလ် said...

သစ်ပင်တွေ စိုက်တော့ တစ်သက်တာ စိတ်ချမ်းသာရာရတာပေါ့ :)

Cameron said...

ဆားပဲချက်နေနော်...ဆားပုံကြီးတွေဖြစ်နေပြီ..။

လေပြေချို said...

ဆားလဲချက် ကဗျာလဲစပ်ပေါ့နော့်..
ကဗျာလေးကို သေသေချာချာ ခံစားဖတ်ခဲ့ပါတယ်..
ခင်တဲ့
လေပြေ

စံပယ်ချို said...

မီးမီးပြောသလိုပါပဲ
ဆားပုံကြီးဖြစ်နေမယ်နော်
ဘုစု

Unknown said...

နားလည်မှု့ နှလုံးသားကိုခြံလေးခတ်ပြီး
အပြစ်မမြင် အချစ်သစ်ပင်လေးတွေ အရိပ်ရအောင်စိုက်လို့ရယ်
ဘ၀အိမ်လေးမှာ အတူတကွ ထာဝရနဲ့
လက်တွဲသွားတာ
အိမ်ထောင်သည်များရဲ့
နှိုင်းယှဉ်လို့မရတဲ့
ဘ၀အလှတရားပါ ။
အားပေးလျှက်ခင်တဲ.အန်တီလေးမေခင်

တောက်ပကြယ်စင် said...

နှစ်ကိုယ့်တစ်စိတ်ဖြစ်ဖို့၊ အပြန်အလှန်နားလည်မှုရှိဖို့အရေးကြီးတယ်ပေါ့နော်။
ခင်မင်တဲ့

မိုးနတ်ကြယ်စင် said...

ငန်တယ်ဗျာ အကိုတော်....ဆားနဲနဲလျှော့ပါအုံး...
တော်ကြာသွေးတိုးနေအုံးမယ်....ဟိ.

ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် said...

အကိုရဲ့ဆားချက်က မှတ်သားစရာတွေပဲဗျား
ခင်တဲ့......

ချစ်စံအိမ် said...

နာဖတ်ဖူးတယ် ထပ်ဖတ်သွားတယ် ပိုမှတ်မိတာပေါ့:P

Anonymous said...

ယောက်ခမရေ လင်နဲ့ မယားဆင်နဲ့ ကျားတဲ့...တိန်

မြတ်နိုးသူ said...

အသွင်တူမှ အိမ်သူဖြစ်ရမှာလား
အိမ်သူဖြစ်ပြီးမှ အသွင်တူအောင်
စိတ်တူကိုယ်တူ
အေးအတူ ပူမမျှပဲ
သူ့ဘ၀နဲ့ ကိုယ့်ဘဝ
ပေါင်းစည်းပြုပြင်ပြီး
ထာဝရကြည်နူး ပျော်ရွှင်ဖွယ်
ဘ၀အိမ်လေးဆောက်မယ်ဆိုရင်ကော မဖြစ်ဘူးလား ။
အဲလိုမျိုးဆိုဖြစ်မယ်ထင်တာပဲနော်
မသိပါဘူးပါးပါးရယ်လာပြီးတော့ပဲဖတ်သွားပါတယ်နော်

ချော(အစိမ်းရောင်လွင်ပြင်) said...

ချက်ထားတဲ့ ဆားကလေးက ခပ်ငံငံနဲ့မို့ အနှစ်တွေချည်းပါဘဲလား..
ကောင်းလိုက်တာ..
အိုဘားမား အသားမည်းတာမပြောတော့ပါဘူး လေ :P

khin said...

ဖတ်မိတဲ.ကဗျာတွေထဲမှာ မမကျားအကြိုက်ဆုံးပါဘဲ မောင်လေးလွင်ပြင်ရေ

laminlwinpyin said...

ဒီကဗျာလေးအရန်းကောင်းတယ်..အိမ်ထောင်တွေတိုင်းမှာရှိနေရမဲ့အတွေးခေါ်ကောင်းလေးပါ

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :