ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ဆန္ဒပြပြန်ပြီ

Wednesday 24 October 2012

ဟိုနေ့က အတ္တကြော်ဆိုပြီး
သူငယ်ချင်းတစ်ယောက်လက်ဆောင်ပေးတာနဲ့
မောဟ သေရည်နဲ့ မြည်းလိုက်တာ
စုတ်ပြတ်သတ်နေတဲ့
သိက္ခာတွေ အန်ဖတ်ထဲရောလို့ပေါ့
အဆင့်တန်းမြင့်မြင့်နေနိုင်ပြီဆိုလို့
လှမ်းကြည့်လိုက်တာ
ဘတ်ကားဂိတ်က ညမင်းသမီးတွေတောင်
ဥပဒေသစ်တွေတောင်းဆိုလ်ု့
ရိုးရာပွဲမှာ
ဆင်းရဲသားဝတ်စုံနဲ့သူတွေက
နိုင်ငံတကာ အဆင့်အတန်းပွဲက ကောင်မလေးတစ်ယောက်ကို
ရိုင်းလို့ဆိုပြီးဝေဖန်နေလေရဲ့ ။

တိုက်တွေပေးမယ် ကားတွေပေးမယ်ဆိုပြီး
လမ်းတွေက နွားလှည်းမောင်းရင်တောင် လည်းတန်ကျိုးမယ့်အနေအထား
ပစ်မယ်ခတ်မယ်ဆိုရင်
အိမ်ထဲမှာ ပုန်းနေသူများ
အခုတော့ ကွမ်းယာဈေးတက်လို့ လမ်းမမှာ ဆန္ဒပြနေလေရဲ့ ။

ဟိုနိုင်ငံမကောင်းဘူး ဒီနိုင်မကောင်းဘူးနဲ့
ဝမ်းတစ်ထွာအတွက်
ပြည်ပမှာ အခြေချနေထိုင်သူတွေကို
မျိုးမချစ်ဘူးပြောနေသူတွေများနေပေမယ့်
နေ့စဉ်နိုင်ငံခြားထွက်ခွာသူကလဲ ရာနဲ့ထောင်နဲ့ပါလားနော်
 အမေ အမ မိန်းမကောင်းတွေ အဆိပ်ခတ်သတ်
မကောင်းတဲ့ ၀က်ဆိုဒ်ရေးနေသူက
ထူးချွန်တဲ့ အမျိုးကောင်းသမီးကို
 မကောင်းပြောနေတဲ့ ဒီပါစပ်က ထွက်ကျလာတဲ့
စကားတွေစားသုံးဖို့ နေ့စဉ်သောင်းသိန်းရှိနေပေမယ့်
နိုင်ငံကျော် စာရေးဆရာရဲ့ ၀က်ဆိုဒ်မှာတော့
တနေ့ လေးငါးယောက်နဲ့သာနေ့ရက်တွေကုန်ဆုံး ။

ပဲပြုတ်သည် ထီပေါက်လဲလုပ်လို့ရတဲ့
တွေ့သမျှ သီချင်းလုပ်တဲ့ ဟစ်ဟော့သမားတွေက
ရော့(စ်)ဂီတသမားတွေ ကော်ပီပဲ
 သောက်တတ်တယ်လို့ ၀ိုင်းပြောတဲ့ ဒီကာလ
အိပ်မရတဲ့ ညတိုင်း
အိပ်ဆေးအနေနဲ့ မြန်မာ ဟာသကားတွေ
 ကြည့်ပြီးအိပ်ရတာလဲများနေပြီ ။

နိုင်ငံခြားမှာ  ကတ္တီပါ ဖိနပ်စီးသူတွေ့ရင် သူ့ရှေ့မှာ
မြန်မာလိုမပြောနဲ့လို့ လက်တို့တွေကလဲ ဒုနဲ့ဒေး
အီးလို ယူနဲ့ အိုင် နဲ့လုပ်ပြီး မြန်မာကို မြန်မာလို့သိမှာ ရှက်သူကရှက်
ဖြစ်ပျက်နေတာက ခေတ်ပျက်သလားတောင်ထင်ရ ။

ပြုပြင်ပြောင်းလဲတို့ပြည်ကြီးမှာ
တောင်တွေလဲ ကတုံး
လယ်တွေကလဲ ဟိုလူသိမ်း ဒီလူသိမ်း
ရွာတွေထဲမှာလဲ ဟိုဒိန်းဒိန်း ဒီဒိန်းဒိန်း လက်နက်သံတွေဟိန်း
ကဲ ဘာပဲပြောပြော
တကယ်လို့သာ
ပစ်မယ်ခတ်မယ် ဖမ်းမယ်ဆီးမယ်ဆိုရင်
ကျွန်တော်ရော ဒီစာရေးရဲပါ့မလား
အတွေးများနဲ့သာ ။

လွင်ပြင်လှိုင်းငယ်

21 comments:

လရိပ်အိမ် said...

တောင်တွေလဲ ကတုံး
သစ်ပင်တွေလဲ ပြုန်း
ရေးရဲတဲ့ သတ္တိကို ချီးကျူးပါ၏။

Yoemyaykya said...

နိုင်ငံခြားမှာအခြေချတိုင်းမျိုးမချစ်တာတော့မဟုတ်ဘူးအစ်ကို။ ညီမတို့နားလည်ပါတယ်။ လူဆိုတာ ကိုယ့်အကြောင်းနဲ့ကိုယ်ပါ။ ဒီမှာနေတဲ့သူတိုင်းကိုလဲ ဒီတိုင်းပြည်ကို သိပ်ချစ်နေကြတယ်လို့တရားသေပြောလို့တော့မရပါဘူး။

Anonymous said...

စာကြောင်းတိုင်းစာကြောင်းတိုင်းက...
အနှစ်သာရအပြည့်နဲ.ပါပဲ...
Areal Thu

Cameron said...

ဆန္ဒပြပြန်ပြီဆိုလို့ ဒီနေ့ဆူးလေးမှာဖြစ်တဲ့ ကိစ္စကို ဆောင်းပါးရေးတယ်မှတ်တာ.. ကဗျာလေးရေးထားတာမိုက်တယ် အကုန်ပါအောင် ထိမိအောင်ရေးထားတာ..။

Cameron said...

ဝမှာတော့မကြောက်ဘူး အမ အကုန်စားတယ် မုန့်လုပ်နည်းလေးကလွယ်သားပဲ

တောက်ပကြယ်စင် said...

ဘာပြောရမှန်းကို သိတော့ဝူး...
ခင်မင်တဲ့

အလင်းသစ် said...

အင်းးးး...ဘုန်းဘုန်းတောက် ပြောသလိုပါပဲ...

သူကြီးမင်း (တုံးဖလား) said...

အမှန်တွေချည်းပါဘဲ။ ရာသီဥတုအခြေအနေအရ ဂလိုဘဲ ရောယောင်ကုန်ကြတာ ထင်ပါရဲ့။

ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် said...

အကိုကြီးစာတွေက
အပြစ်ပြောစရာတောင်မရှိဘူး
ခင်မင်တဲ့

မြတ်နိုးသူ said...

နိုင်ငံခြားမှာ ကတ္တီပါ ဖိနပ်စီးသူတွေ့ရင် သူ့ရှေ့မှာ
မြန်မာလိုမပြောနဲ့လို့ လက်တို့တွေကလဲ ဒုနဲ့ဒေး
အီးလို ယူနဲ့ အိုင် နဲ့လုပ်ပြီး မြန်မာကို မြန်မာလို့သိမှာ ရှက်သူကရှက်
ဖြစ်ပျက်နေတာက ခေတ်ပျက်သလားတောင်ထင်ရ ။
ကဗျာလေးခံစားသွားပီပါးပါး

Anonymous said...

အင်တာနေရှင်နယ် ဟိုဟာလုပ်ငန်းဆိုပြီး အဖွဲ့ လုပ်ဖို့ တောင်းဆိုနေသံကြားတယ် ခေတ်ကတော့သွားပါပီ ယောက်ခမရယ်

မင်းဧရာ said...

ဟိုအပေါ်က တစ်ယောက်(မောင်စွယ်စုံ)ဘူ့ကို ယောက်ခမ ခေါ်နေတာတုန်းး)။

ကောင်းတယ်ဗျာ့
ပြောမှသိ ထိမှနာနေတဲ့ လောက
ကိုယ့်ဒေါသကို ကိုယ့်ဖာသာမျိုချရတာတွေများ သိပ်ကိုခါးလွန်းတယ်ဗျာ။

khin said...

ဘာလို.အမှန်တွေပြောနေတာလဲ မောင်လေးလွင်ပြင်၊ မှန်လိုက်တာနော်။

Anonymous said...

မိုက်တယ်ဗျို့ အကိုလွင်ပြင်ရေ ...

ညီလင်းနိုင် said...

ခေတ်ကိုထင်ဟပ်စေတဲ့ ကဗျာလေး

မျှဝေခံစားခဲ့ပါတယ်ဗျာ ။

ဆက်လက်ထုဆစ်နိုင်ပါစေ ။

roseayemaung said...

ကဗျာတပုဒ်လုံးထိမိတယ်.တကယ်ကိုအမှန်တွေချည်းပဲ..
ကိုလွင်ပြင်ေ၇....

ချင်းမလေး said...

ခပ်မိုက်မိုက်...အဖြစ်မှန်တွေကိုကွင်းကွင်း
ကွက်ကွက်ရေးထားတဲ့ကဗျာလေး
လာဖတ်သွားပါတယ်..း)

ချော(အစိမ်းရောင်လွင်ပြင်) said...

အဖြစ်အပျက်တွေ အစုံအလင်ကိုပါသွားတယ်။။
ဒက်ထိမှန်တဲ့ အကြောင်းအရာတွေမို့ ပြုံးရင်းကို ဖတ်နေမိတယ်

အိမ်မက်စေရာ said...

စုံသွားတာပဲ ကောင်းတယ်..း)
ဆန္ဒဆိုတာက ရှိလာရင်တော့ ထုတ်ပြရမှာပဲ ကိုလွင်ပြင်ရေ..
တစ်ခုပဲ ထုတ်ပြရဲတဲ့ သတ္တိတော့ လိုတာပေါ့နော်..
ဆက်ရေးပါဦး..အားပေးနေတယ်
အိမ်မက်

San San Htun said...

ဒီနေ့ ခေတ်ရဲ့  ရေစီးကို ကဗျာလေးနဲ့  ဖော်ကျူးသွားတာ ကောင်းလိုက်တာ လွင်ပြင်ရေ...

မိုးသူ(တောင်ကြီး) said...

ကိုလွင်ပြင်ရေ ကလောင်တာဝန်ကျေတယ်ဗျာ

ဒီကဗျာလေးကတော့ great masterpieces

ပါပဲ လေးစားပါတယ် ဗျာ

ခင်တဲ့

မိုးသူ(တောင်ကြီး)

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :