ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

နှလုံးသားအရှင်သခင်

Tuesday 4 October 2011




အချစ်တစ်ခုကို အရင်းပြုပြီး

သစ္စာကို အုပ်မြစ်ချ

မေတ္တာတံတိုင်း ခိုင်ခိုင်ဆောက်လို့

သံယောဇဉ်သွေးမျှင်တွေနဲ့

အတ္တအကင်းဆုံး ဒီနေရာ

မာန်မာနရှင်းတဲ့ ဒီဧရိယာ

ရိုးသားခြင်းကို ဘုရားတစ်ဆူးလို

လိမ်ညာစကားဒီမှာမထားပဲ

ချစ်ခြင်းတရားတွေကို အမိုးလုပ်

ကြင်နာခြင်းတွေ ကာရံထားတဲ့

နှလုံးသားမြို့တံခါးသို့

ဖြေးဖြေးခြင်းလေး လှမ်းဝင်ခဲ့ပါ

နှလုံးသား အရှင်သခင်

အိပ်မက်ရှင်လေးရယ်..............



လွင်ပြင်လှိုင်းငယ်





3 comments:

စံပယ်ချို said...

နှလုံးသားအရှင်သခင်ကိုယ်တိုင်လာရောက်ဖတ်ခဲ့ပါတယ်။
အိမ်မက်လေးးးးးးးးးးးးးးးး

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေး ခံစားအားပေးသွားတယ်လို့....

♫♪★လွမ်းပိုင်ရှင်★♪♫ said...

လာရောက် အားပေးခဲ့ပါတယ်နော်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :