Gtalkကိုခင် ချက်တင်ထိုင်ပြီး
ကျောင်းပျက်ရက်တွေများခဲ့ပြီ
ကျူရှင်မတက် ဆိုင်ကိုလစ်ပြီး
ကျူစာတွေကို သင်ယူသည်......
Vzo ချစ် အမြင်သစ်နဲ့
စာကျက်ချိန်လဲမရှိတော့ပြီ
သင်ပြဆရာ မမြင်ရာ
ဂျောင်ကြားလေးမှာ အိပ်ခဲ့တာ.....
ပျော်စရာလေးများဆုံဆည်ရာ
အွန်လှိုင်းပေါ်မှာတွယ်တာ တာ
အချိန်တွေပြောင်း လတွေဟောင်းလို့
စာမေးပွဲလဲ ရောက်ခဲ့ပြီ
ဖြေစရာမသိ စာမရှိနဲ့
ကျောင်းခေါင်းလောင်းသံလဲတိတ်ခဲ့ပြီ
မိဘတို့ရဲ့ မျှော်လင့်ရာ
အောင်စာရင်းထဲမှာ ငါ့နာမည်မပါ
ငိုကြွေးမှုနဲ့ အဆုံးသတ်တာ
ကယ်ပါ ကူပါ Gtalkရာ
Vzoလဲ မတတ်နိုင်ပါ......
လွင်ပြင်လှိုင်းငယ်
5 comments:
(အစ်ကိုလွင်ပြင်ရေ..ဘလော့အရေးကောင်းလို့
စာမေးပွဲမဖြေနိုင်တဲ့သူကိုရော..
ဘယ်လိုလုပ်ရပါ့ရှင်းP)
လွန်သာလွန်..ဘာကိုမှ..မကျွံပါစေနဲ့ကလေးတို့ရယ်
ကိုယ့်ဘ၀တက်လမ်းကို..ထိခိုက်မိအောင်တော့
မဖြစ်စေချင်ပါဘူးး)။
အဲ..ဂျီတော့တွေ..vzo တွေအသုံးလွန်ပြီ
ဝန်ကြီးသားသမီးနဲ့..သွားတွေ့ရင်တော့
တစ်မျိုးပေါ့နော်းP
ဒီလိုဆို..သုံးရကျိုးနပ်သွားတာပေါ့း)
ချစ်ခင်လေးစားလျှက်ပါရှင်
သာမိစံး)
တစ်ကယ်လား။
ဖတ်သွားပါတယ်
ခ်ခ် ရေးထားတာလေးက အတွေးစလေးတစ်ခုပါပဲ
မှတ်သားလိုက်ပါတယ်ဗျ
စာမေးပွဲကျတဲ့အထိဖြစ်စရာလားရှင်
ဟုတ်ပါ့နော် .. စာမေးပွဲတောင်ကျတာလား :D
Post a Comment