ငါဟာမင်းရဲ့ အချစ်ဦး မဟုတ်ဘူးဆိုတာ
ရူးနေတဲ့သူတောင် သိပါတယ်
အချစ်ဦးမဖြစ်ခဲ့ရလို့
အလယ်တန်းဘ၀နဲ့
မင်းရဲ့ အချစ်ခြေစစ်ပွဲကိုဝင်ခဲ့ပေမဲ့လဲ
အချစ်တော်ဟောင်း ရောင်းရင်းများက
ကျောနံပါတ်ပြ
စီနီယာ ၀ါအရနဲ့
ငါ့ရင်ကို လှောင်ပြုံးများနဲ့
ဇုန်ကန်ခံရလို့
ပွဲစဉ်နားပြီး
ဒဏ်ရာ ဗလပွနဲ့
ဘေးထွက်ထိုင်ခဲ့ရသူပါ ။
ချစ်ဦး ချစ်လယ် ဖြစ်ခွင့်မရပေမဲ့လဲ
ဖူးစာရေးနတ်ရဲ့ မျက်နှာသာပေးမှု့ကြောင့်
မင်းရဲ့ ချစ်ဆုံးဖြစ်ခွင့်ရလို့
ရူးမတတ်ပျော်ခဲ့ဖူးပါတယ်
အဆုံးသတ်ရဲ့ အချစ်တစ်ခုမှာ
အိပ်ပျော်မယ်လုပ်တုန်း
ငါရခဲ့တာ မင်းရဲ့ အဆုံးသတ်အချစ်မဟုတ်ပဲ
ဆုံးပါးနေတဲ့အချစ်ဆိုတာ
မင်းအမူအရာတွေက
ငါ့ကို ခြောက်လှန့်လို့
မင်းရဲ့ ဆုံးပါးနေတဲ့ အချစ်နဲ့အတူ
ငါ့ရဲ့ သုံးမရတော့တဲ့ နှလုံးသားကို
သောင်ပြင် နေပူပူမှာ
ကျီးထိုးထိုး ခွေးစားစား
လွင့်ပစ်လိုက်ပါပြီ ။
(လွန်ခဲ့သော ၁၀နှစ်ကျော်မှ ငယ်သူငယ်ချင်း ကိုသက်အတွက် အမှတ်တရရေးခဲ့ဖူးသော ကဗျာလေးကို ပြန်လည်တင်ပြပါသည်။)
လွင်ပြင်လှိုင်းငယ်
6 comments:
ကဗျာလေးကဟောင်းနေပေမဲ့
အသက်ဝင်နေသေးပါတယ်
အားပေးသွားပါတယ်
ဆုံးပါးနေတဲ့ အချစ်နဲ့
သုံးစားမရတော့တဲ့ နှလုံးသားရဲ့
အချစ် ဆုံး ကဗျာလေးခံစားအားပေးသွားပါတယ်
camomilla
တော်သေးတယ် တော်သေးတယ် ကိုသက်ကယ်လို့နော်း)
မဒမ်လွင်ပြင်ကိုများစောင်းသလားလို့း)
အင်း..ခက်တော့တာပဲ..မဒမ့်ကို ထိန်းမနိုင်ပါဘူးဆိုနေ သူဆော့ဖို့ တစ်အိမ်တောင် တိုးလာနေပါလား..
ဒုက္ခ..ဒုက္ခ
မဒမ်လွင်ပြင်ကိုများစောင်းစရာလား
သူလေးက လွင်ပြင် အသက် လွင်ပြင်ဘဝ
လွင်ပြင်မြတ်နိုးရာ လွင်ပြင် သဲတုံးလေးကို ဟင့်
ထင်စရာလားနော်
ကဗျာလေးကောင်တယ်ဗျာ ...
Post a Comment