အားလုံးမင်္ဂလာပါ..
မတွေ့တာကြာတော့ မုဒိတာရဲ့ လှုပ်ရှားမှုတွေနဲ့ အဆက်ပြတ်သွားတာတောင် နည်းနည်းကြာသွားပြီ။ကျွန်တော်တို့ရဲ့ နိုင်ငံတကာမှ အလှုရှင်များ၏ စုပေါင်းလှုဒါန်းမှုဖြင့် (29.8.2012)ရက်နေ့တွင် စတင်တည်ဆောက်ခဲ့သော သာယာကုန်း ဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်း ကျောင်းဆောင် ဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်တာကြောင့် အခုလာမဲ့ တနင်္ဂနွေနေ့မှာ ကျောင်းဆောင်အား ရေစက်ချပြီး ဆရာတော်အား အပ်နှံတော့မှာ ဖြစ်ပါတယ်။အစီအစဉ်ကို အောက်မှာ ဆက်လက် ဖတ်ရှုပါခင်ဗျား..
အခုလာမဲ့ တနင်္ဂနွေနေ့မနက် ( ၉း၃၀ ) အချိန်တွင် ရန်ကုန်မြို့မှ ထွက်ခွာမှာ ဖြစ်ပြီး ကျောင်းရှိ သဃာင်္တော်များ၏ နေ့ဆွမ်းအချိန်အမှီ သွားရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံခြားရောက်ရှိနေတဲ့ အလှုရှင်များကိုယ်စား မြန်မာနိုင်ငံမှ မိသားစုဝင်တွေလိုက်ပါပြီး ကိုယ်တိုင်ရေစက်ချနိုင်အောင်လည်း စီစဉ်ပေး ထားပါတယ်။လိုက်ပါမည့် ပရိတ်သတ်အရေအတွက်ကိုကြည့်ပြီး သင့်တော်မည့် ခရီးသည်ယာဉ်ကို စီစဉ်မှာဖြစ်တဲ့အတွက် မိမိတို့ကိုယ်တိုင် ရေစက်ချ လှုဒါန်းလိုတဲ့ မည်သူမဆို အောက်ပါ ဖုံးနံပါတ်များသို့ဆက်သွယ်ပြီး (၁၉.၁၀.၂၀၁၂-သောကြာ) ရက်နေ့နောက်ဆုံးထားပြီး စာရင်းပေးကြပါရန် -လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်..။
၁။ကိုကျော်စွာစိုးမြတ် - 094 210 598 27 ၊ ( andrew189kc@gmail.com)
၂။ဒေါ်အိအိစိုး- 095 152 463 ၊ ( ei.soe64@gmail.com )
၃။အဘီး - 094 200 874 35 ၊ ( phoeheadphyu@gmail.com )
မြို့နယ်သံဃာ့နာယကဆရာတော်နှင့် ကျောင်းရှိသံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်မှာဖြစ်ပြီး လိုက်ပါမည့် မုဒိတာအဖွဲ့သားများ၊ အလှုရှင်များ နှင့် ကျောင်းရှိ စာသင်သားကလေငယ်များအား နေ့လည်စာဖြင့် ဧည့်ခံမှာ ဖြစ်ပါတယ်ခင်ဗျား..။

(၁)
2 comments:
ဝမ်းသာပီတိ ဖြစ်မိပါသည် လွင်ပြင်လေးရေ
ခင်မင်လျက်
သာဓုခေါ်သွားပါတယ်။နောက်လဲဒီ့ထက်မကလှူနိုင်ပါစေ။
Post a Comment