ခုန်နေတဲ့ နှလုံးသားဇာတ်ခုံပေါ်မှာ
အချစ်ကိုစတင်ကပြတဲ့ ဒီရက် ။
အသက်ရှူသံမှာ
ရှင်သန်ခြင်း အဓိပ္ပါယ်ကို စတင်သိရှိသည့် ဒီနေ့ ။
မျှော်လင့်ချက်ဆိုတာ
အသက်ဆက်တဲ့ မရှိမဖြစ်လိုအပ်ချက်ဆိုတာ သိလိုက်တဲ့ ဒီရက် ။
လူဆိုတာ
ဘယ်အတွက်ကြောင့်လူဖြစ်တယ်ဆိုတာ သဘောပေါက်လာတဲ့ ဒီနေ့ ။
လမ်းမှားကိုလျှောက်ချင်တဲ့ ခြေတစုံကို
လမ်းမှန်ကိုနင်း ပန်းခင်းလမ်းကို လျှောက်တတ်အောင် သင်ပေးလိုက်တဲ့ ဒီရက် ။
အရာစုံကို ခုံမင်တတ်တဲ့ အတ္တကို
ခန္ဓာကိုယ်မှာ အချစ်အတွက်အတ္တနဲနဲလေးပဲချန် ရှင်းလင်းလိုက်တဲ့ ဒီနေ့ ။
ငါဆိုသောနောက်မှာ သူဆိုတာပါလာတော့
ပတ်ဝန်းကျင် ကမ္ဘာပေါ်မှာ လူတကာကို ငါလို့ မြင်လာတဲ့ ဒီရက် ။
ဒဏ်ရာတွေပြည့်နေတဲ့ ရင်တစုံကို
ကာရံတွေခင်း ကဗျာပန်းတွေ စိုက်ခဲ့တဲ့ ဒီရက် ။
ပြောင်းလဲတတ်တဲ့ အကြောင်းတရားတွေပြည့်နေတဲ့ လောကမှာ
ဟောင်းနွမ်းပေမယ့် အကောင်းတိုင်းရှိနေရမယ့် စိတ်ထားကို နှလုံးသားနံရံမှာ တံဆိပ်ခတ်တဲ့ ဒီရက်
အတိတ်က အိပ်မက်ဟောင်းတွေ ပြတိုက်ပို့
အိပ်မက်သစ်မှာ ဘယ်တော့မှာ မဟောင်းမယ့် အိပ်မက်သစ်တွေဆက်မက်နေမယ့် ဒီည
ဂျီးအထပ်ထပ်တက်နေတဲ့ စိတ်ခန္ဓာကိုယ်ကို
မေတ္တာရည်ထဲစိမ် အတ္တတွေပါ ကွာကျအောင် နင့်နှလုံးသားနဲ့ တိုက်ချွတ်ပေးတဲ့ ဒီရက်
ခင်မင်မှု့စ
သံယောဇဉ်နှောင်ဖွဲ့မိရင်း
အချစ်မှသည် မေတ္တာ
မေတ္တာမှသည် သစ္စာ
သစ္စာမှသည် နားလည်ပေးမှု့
နားလည်မှု့မှ မျှဝေခံစားရင်း
နှစ်ယောက်သား ကောင်းတူ ဆိုးရင်ပြင်ဆင်ပေးကြရင်းနဲ့
ဘ၀လမ်းကို ရဲရဲလျှောက်နိုင်အောင် ခွန်အားတွေပေးလိုက်တဲ့ ဒီနေ့ ။
17.10.2012 ချစ်သူသက်တမ်း ရနှစ်မြောက် အမှတ်တရ
မှတ်ချက် ။ ။မနေ့ကတင်ရန် သုံးနေသော စက်ပျက်သွားသောကြောင့် ဒီနေ့မှ တင်ဖြစ်ပါတယ်
အားပေးသူအပေါင်း ပျော်ရွှင်ကြည်နူးကြပါစေ
လွင်ပြင်လှိုင်းငယ်
Subscribe to:
Post Comments (Atom)
Popular Posts
-
အသက်လေးရယ်ငယ်ငယ် သနပ်ခါး ပါးကွက်ကျားရယ်နဲ့ ဆင်ရင်ထုံးရွှေရင်ဖံုး လုံချည်ရှည်ရှည် ဆံနွယ်နက်နက် ယဉ်ကျေးတဲ့ သမီးပျိုလေးမို့ မိဘတွေ ဂုဏ်ယူ...
-
ရနံ့သင်းထုံ ရောင်သွေးလဲစုံ မြတ်နိုးသူပုံလို့ သူမေမှာမာန်တက်တယ် မထင်ရက် ယုံ ။ အမြင့်မှာမစံ မြေမှာလဲမခ ပန်းတို့ထုံးစံ စုန်ကန်လိ...
-
လွမ်းရိပ်ရယ် ပြို တမ်းတကာငို မှန်းမှန်းဆဆ လွမ်းရပြန်တော့ ဒီမောင့်မှာငို ။ ကြင်နာခြင်းနွမ်း နာကျင်စွာလွမ်း ဝေဒနာလမ်း လှေ...
-
ဘာမှ မပြောချင်တော့ဘူး ဘယ်ကဘယ်လိုရောက်လာမှန်းမသိပေမယ့် မြန်မာမိန်းကလေးဆိုတဲ့အသိ ပြည်မြန်မာက မိဘအိမ်မှာ ချန်ထားခဲ့သလားပဲ မဲပြောင်တဲ့အသားအရော...
-
အမှတ် 420 ဒုစရိုက်လမ်းနေ ဦးဒေါသ +ဒေါ်မောဟ တို့၏သား မောင်မာန်မာနသည် ဒုက္ခဆေးရုံတွင် ကွယ်လွန်သွားပါသြ ဖင့် ယနေ့မွန်းလွဲချိန်တွင် လောဘသုသန်တွင် ...
Popular Posts
-
အချစ် အ လို့ချစ်တာလား ချစ်လို့အတာလား နင်ငါ့ကိုမမေးပါနဲ့ အ လို့ချစ်တာမဟုတ်သလို ချစ် လို့ အ တာလဲမချစ်ဟုတ်ပါဘူး ချစ်လို့ ချစ်တာ အချစ်ပါ ။ လှ...
-
အသက်လေးရယ်ငယ်ငယ် သနပ်ခါး ပါးကွက်ကျားရယ်နဲ့ ဆင်ရင်ထုံးရွှေရင်ဖံုး လုံချည်ရှည်ရှည် ဆံနွယ်နက်နက် ယဉ်ကျေးတဲ့ သမီးပျိုလေးမို့ မိဘတွေ ဂုဏ်ယူ...
-
သုခတွေပေါင်းဆုံ သောကတွေ ကင်းဝေး လိုတရတဲ့ နေရာလေးမို့ လူတိုင်းသွားချင်သည်နေရာ နတ်ပြည်တဲ့လား ။ ဒုက္ခတွေ ရွာသွန်း သောကတွေမစဲ ရဲရဲတောက်တဲ့ မီးတေ...
-
အရိုးကွဲမတတ် ဆောင်းတစ်ညမှာ ချွေးသီးတွေ အဖြိုင်ဖြိုင်ကျပြီး နာကျင်တဲ့ ဝေဒနာ အံ့ကိုတင်းတင်းကျိတ် ချစ်ခြင်းအတွက် အသက်ကိုလောင်းကြေး...
-
လထွက်တတ်တဲ့ဒီညမှာ ကောင်းကင်က တိမ်တွေငိုတော့မှာဆိုတော့ လမင်းလဲဘယ်ဆီရောက်မှန်းမသိ ၇ာသီဥတုကလဲ လေပြေတွေပြေးဆော့နေချိန်မို့ချမ်းစိမ့်စိမ့် နေ့...
-
ချစ်ခင် မြတ်နိုး တွယ်တာ ယုယ ရစ်ပတ်နှောင်ကြိုး သံယောဇဉ်ရဲ့ သခင် အဖိုးမဖြတ်နိုင်တဲ့ ဘုရားရဲ့ လက်ဆောင် သူ့ပုံပန်းက စိတ်ထားကဖြူဖြူ လူ...
-
အသွင်တူမှ အိမ်သူဖြစ်ရမှာလား အိမ်သူဖြစ်ပြီးမှ အသွင်တူအောင် စိတ်တူကိုယ်တူ အေးအတူ ပူမမျှပဲ သူ့ဘ၀နဲ့ ကိုယ့်ဘ၀ ပေါင်းစည်းပြုပြင်ပြီး ထာဝရကြည်...
-
ပင်စည်က ခိုင်ခိုင် ကိုင်းခက်တွေဖြိုင်ဖြိုင်နဲ့ ပင်စည်ဘေး ခုံတန်းတွေချလို့ရယ် အေးမြရိပ်ပေးတဲ့ အပင် ။ တစ်နှစ်မှာတစ်လ တစ်လမှာ တရက် ခက်ခက်ခဲခဲ...
-
နိုးထတဲ့ မနက်တိုင်းမှာ တနေ့တာအလုပ်ကိုတွေးပြီး စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေနဲ့ မျက်နှစ်သစ်တိုင်း ငယ်စဉ်ကလေးဘ၀က မေမေ့ရဲ့ အသံချိုချိုနဲ့ အိပ်...
-
နေ့နေ့ ညည ငါ့ဘ၀က အချိန်တိုင်းမှာ နင်မှနင်ပါ ။ နေ့ရဲ့အလင်း ညရဲ့လမင်း ဘ၀အလင်း နင်မှနင်ပါ ။ ထွက်သက်ဝင်သက် ငါ့ရဲ့သက်က ဘ၀များစွာ နင...
Popular Posts2
-
တောက်ပတဲ့ကြယ်စင် တွေအောက် တင့် တယ်တဲ့ လောကကြီးမှာ မြသွေး ရောင် ခန်းစီးစနဲ့ အစိမ်းရောင် လွင်ပြင် ကျယ်ရဲ့ အလယ်မှာ ငါ့ရင်ထဲကိုကဗျာကိုချစ...
-
အရွယ်လေးက ငယ်ငယ် ကိုယ်ဟန်က သွယ်သွယ် ဆံနွယ်တွေ နက်မှောင်ရှည်နှင့် ယဉ်ပါပေ့ ဆင်ယင်ထုံး ။ ဖျင်ထည်ကကြမ်းပေမယ့် စိတ်ထားကနုသူမို့ ရွှေရင်စေ့မှ ...
-
အိပ်မက်သခင် ဘ၀ရှင်နင်ရေ နင့်အပါးမှာ အမြဲ ခစား နင့်အနားမှာ ထာဝရနေချင်သူမို့ နင်ရှိတဲ့ဘယ်နေရာမဆို သေမင်းတောင် ကြွေဆင်းတဲ့...
-
ဘာမှ မပြောချင်တော့ဘူး ဘယ်ကဘယ်လိုရောက်လာမှန်းမသိပေမယ့် မြန်မာမိန်းကလေးဆိုတဲ့အသိ ပြည်မြန်မာက မိဘအိမ်မှာ ချန်ထားခဲ့သလားပဲ မဲပြောင်တဲ့အသားအရော...
-
ကလေးတစ်ယောက်အလား အိပ်စက်တတ်တဲ့ သူ့ အနားမှာ လေးအေးတွေ ထွေးပွေ့နေမလား ပြေးဆော့နေတဲ့ လေပြည်လေးများ နမ်းရှိုက်မလား ဖွင့်ထားတဲ့ ပန်ကာ လေအားမ...
-
အရိုးကွဲမတတ် ဆောင်းတစ်ညမှာ ချွေးသီးတွေ အဖြိုင်ဖြိုင်ကျပြီး နာကျင်တဲ့ ဝေဒနာ အံ့ကိုတင်းတင်းကျိတ် ချစ်ခြင်းအတွက် အသက်ကိုလောင်းကြေး...
-
ဒီနေ့တော့ ရေးပြီးသား ကဗျာတွေရှိပေမယ့် မတင်ချင် ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ တပတ်လောက်က စိတ်ကူးလေးတစ်ခုရလို့ ဆိုဒ်လေးတွေဖွင့်ပြီး စာရေးချင်...
-
ကောင်းကင်စာပွဲဝိုင်းပေါ်မှာ မောင့်ရဲ့ ချစ်သက်တမ်းရင့်လေလေ ပိုချိုလေလေဖြစ်တဲ့ အချစ်ဝိုင်း တစ်ခွက်ရယ် ၊ဧဒင်ဥယျာဉ်ထဲက ပန်းသီးထက် အရသာရှိမယ်ထင်ရတ...
-
အမြစ်ရှိမှ သစ်ပင်က ရှင်သန်တာ အချစ်ရှိမှ လူ့ဘ၀က ပြည့်စုံတာ မင်းရှိမှ ငါ့ခုန်နေတဲ့ရင်က အသက်ရှင်ဖို့ ဖြစ်လာမှာ ။ လျှောက်တဲ့သူရှိမှ လမ်...
-
အသည်း အသက် ဘ၀အပ်နှင်း ချစ်သူရင်တွင်း နှလုံးသားခြေရင်းမှာ ၀ပ်စင်းရင်းနဲ့ သံသရာဆက်ဆက် ချစ်ပါရစေသား ။ ပုံကို googleမှ ကူးယူပါသည် လွင်ြ...
Popular Posts3
-
အချစ် အ လို့ချစ်တာလား ချစ်လို့အတာလား နင်ငါ့ကိုမမေးပါနဲ့ အ လို့ချစ်တာမဟုတ်သလို ချစ် လို့ အ တာလဲမချစ်ဟုတ်ပါဘူး ချစ်လို့ ချစ်တာ အချစ်ပါ ။ လှ...
-
အသက်လေးရယ်ငယ်ငယ် သနပ်ခါး ပါးကွက်ကျားရယ်နဲ့ ဆင်ရင်ထုံးရွှေရင်ဖံုး လုံချည်ရှည်ရှည် ဆံနွယ်နက်နက် ယဉ်ကျေးတဲ့ သမီးပျိုလေးမို့ မိဘတွေ ဂုဏ်ယူ...
-
သုခတွေပေါင်းဆုံ သောကတွေ ကင်းဝေး လိုတရတဲ့ နေရာလေးမို့ လူတိုင်းသွားချင်သည်နေရာ နတ်ပြည်တဲ့လား ။ ဒုက္ခတွေ ရွာသွန်း သောကတွေမစဲ ရဲရဲတောက်တဲ့ မီးတေ...
-
အရိုးကွဲမတတ် ဆောင်းတစ်ညမှာ ချွေးသီးတွေ အဖြိုင်ဖြိုင်ကျပြီး နာကျင်တဲ့ ဝေဒနာ အံ့ကိုတင်းတင်းကျိတ် ချစ်ခြင်းအတွက် အသက်ကိုလောင်းကြေး...
-
လထွက်တတ်တဲ့ဒီညမှာ ကောင်းကင်က တိမ်တွေငိုတော့မှာဆိုတော့ လမင်းလဲဘယ်ဆီရောက်မှန်းမသိ ၇ာသီဥတုကလဲ လေပြေတွေပြေးဆော့နေချိန်မို့ချမ်းစိမ့်စိမ့် နေ့...
-
ချစ်ခင် မြတ်နိုး တွယ်တာ ယုယ ရစ်ပတ်နှောင်ကြိုး သံယောဇဉ်ရဲ့ သခင် အဖိုးမဖြတ်နိုင်တဲ့ ဘုရားရဲ့ လက်ဆောင် သူ့ပုံပန်းက စိတ်ထားကဖြူဖြူ လူ...
-
အသွင်တူမှ အိမ်သူဖြစ်ရမှာလား အိမ်သူဖြစ်ပြီးမှ အသွင်တူအောင် စိတ်တူကိုယ်တူ အေးအတူ ပူမမျှပဲ သူ့ဘ၀နဲ့ ကိုယ့်ဘ၀ ပေါင်းစည်းပြုပြင်ပြီး ထာဝရကြည်...
-
ပင်စည်က ခိုင်ခိုင် ကိုင်းခက်တွေဖြိုင်ဖြိုင်နဲ့ ပင်စည်ဘေး ခုံတန်းတွေချလို့ရယ် အေးမြရိပ်ပေးတဲ့ အပင် ။ တစ်နှစ်မှာတစ်လ တစ်လမှာ တရက် ခက်ခက်ခဲခဲ...
-
နိုးထတဲ့ မနက်တိုင်းမှာ တနေ့တာအလုပ်ကိုတွေးပြီး စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေနဲ့ မျက်နှစ်သစ်တိုင်း ငယ်စဉ်ကလေးဘ၀က မေမေ့ရဲ့ အသံချိုချိုနဲ့ အိပ်...
-
နေ့နေ့ ညည ငါ့ဘ၀က အချိန်တိုင်းမှာ နင်မှနင်ပါ ။ နေ့ရဲ့အလင်း ညရဲ့လမင်း ဘ၀အလင်း နင်မှနင်ပါ ။ ထွက်သက်ဝင်သက် ငါ့ရဲ့သက်က ဘ၀များစွာ နင...

Myanmar Kyat Converter
20 comments:
သဲဘုစု ဒီနေ့ဒီရက်လေးကိုအရင်ဖတ်ခဲ့တယ်
ချစ်တတ်တဲ့ ဘုစု
အရမ်းချစ်တတ်တဲ့ ကိုလွင်ပြင်နှင့် မစံပယ်တို့နှစ်ဦး ချစ်သူသက်တမ်း (၇)နှစ်မှ သည် နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွင်ချမ်းမြေ့သော ကဗျာဥယျာဉ်လေးထဲမှာ ကြည်နူးနိုင်ပါစေ...
မိုက်တယ်ကွာ။ ဘယ်အတွက်ကြောင့်လူဖြစ်တယ်ဆိုတာ သဘောပေါက်လာတဲ့ ဒီနေ့တဲ့။ အရမ်းမိုက်တယ်။
ခင်မင်မှု့စ
သံယောဇဉ်နှောင်ဖွဲ့မိရင်း
အချစ်မှသည် မေတ္တာ
မေတ္တာမှသည် သစ္စာ
သစ္စာမှသည် နားလည်ပေးမှု့
နားလည်မှု့မှ မျှဝေခံစားရင်း
နှစ်ယောက်သား ကောင်းတူ ဆိုးရင်ပြင်ဆင်ပေးကြရင်းနဲ့
ဘ၀လမ်းကို ရဲရဲလျှောက်နိုင်အောင် ခွန်အားတွေပေးလိုက်တဲ့ ဒီနေ့
မှတည်နောင်နှစ်ပေါင်းတစ်ရာတိုင်အောင်
ဒီထက်မကနားလည်မှုတွေပိုလို့အချစ်တွေတိုးပွားနိုင်
နိင်ပါစေလို့ဆုတောင်းပေးလျက်ချစ်တဲ့သာမီး
နားလည်မှု့မှ မျှဝေခံစားရင်း
နှစ်ယောက်သား ကောင်းတူ ဆိုးရင်ပြင်ဆင်ပေးကြရင်းနဲ့
ဘ၀လမ်းကို ရဲရဲလျှောက်နိုင်အောင် ခွန်အားတွေပေးလိုက်တဲ့ ဒီနေ့ ။
ဒီနေ့ဒီရက်ဒီညလေးမှစပြီးနောင်နှစ်ပေါင်းတစ်ရာ့နှစ်ဆယ်
တိုင်နားလည်မှုတွေမျှဝေခံစားရင်းသက်ဆုံးတိုင်အချစ်တွေ
ခွန်အားတွေတိုးပွားကြစေသော်.....ဆုတောင်းလျက်
ခင်တဲ့အန်တီလေးမေခင်
လာမယ့်နှစ် (၈)နှစ်မြောက်မှာ အချိန်မှီတင်နိုင်ဖို့..
ကွန်ပူထှာကောင်းကောင်းလေး.တစ်လုံးလက်ဖွဲ့လက် ဆောင်ပေးပါ့မယ်ဗျာ...(ဒါမှ သဲဘုစုလေးအရင်ဆုံးဖတ်လို့ရအောင်..) :)
သံယောဇဉ်နှောင်ဖွဲ့မိရင်း
အချစ်မှသည် မေတ္တာ
မေတ္တာမှသည် သစ္စာ
သစ္စာမှသည် နားလည်ပေးမှု့
နားလည်မှု့မှ မျှဝေခံစားရင်း
နှစ်ယောက်သား ကောင်းတူ ဆိုးရင်ပြင်ဆင်ပေးကြရင်းနဲ့
...........................နစ်၇၀၀တိုင်.လကတွဲပျော်ရွှင်နိုင်ပါစေ..ဆုတောင်းပေးလိုက်ပါတယ်...
နှစ်(၁၀၀)တိုင်ပါစေကွယ်
မေတ္တာရည်ထဲစိမ် အတ္တတွေပါ ကွာကျအောင် နင့်နှလုံးသားနဲ့ တိုက်ချွတ်ပေးတဲ့ ဒီရက်
ခင်မင်မှု့စ
သံယောဇဉ်နှောင်ဖွဲ့မိရင်း
အချစ်မှသည် မေတ္တာ
မေတ္တာမှသည် သစ္စာ
သစ္စာမှသည် နားလည်ပေးမှု့
နားလည်မှု့မှ မျှဝေခံစားရင်း
နှစ်ယောက်သား ကောင်းတူ ဆိုးရင်ပြင်ဆင်ပေးကြရင်းနဲ့
ဘ၀လမ်းကို ရဲရဲလျှောက်နိုင်အောင် ခွန်အားတွေပေးလိုက်တဲ့ ဒီနေ့ ။
အကိုနဲ့အမလည်းနောင်နှစ်ပေါင်း၁၀၀မကတိုင်အောင်ပျော်ရွင်စွာနဲ့အေးချမ်းတဲ့မိသားစုဘဝလေးပိုင်ဆိုင်ပါစေနော်
ဆုတောင်းလျှက်
ခင်တဲ့
ခုန်နေတဲ့ နှလုံးသားဇာတ်ခုံပေါ်မှာ
အချစ်ကိုစတင်ကပြတဲ့ ဒီရက် ။
အသက်ရှူသံမှာ
ရှင်သန်ခြင်း အဓိပ္ပါယ်ကို စတင်သိရှိသည့် ဒီနေ့ ။
မိုက်မှမိုက်..
နှစ်ပေါင်းများစွာ ချစ်ခင်ပေါင်းဖက်နိုင်ပါစေလို့ 
ဆုတောင်းပေးပါတယ်...း)
ချစ်သူသက်တမ်း ၇နှစ်ပြည့်မှသည်
အိမ်ထောင်သက် ၇နှစ်..
အိမ်ထောင်သက် ၇နှစ်မှသည်
နှစ်ပေါင်းရာထောင် တိုင်ပါစေ...
ချစ်ခြင်း ကြင်နာခြင်း၊ မြတ်နိုးခြင်း၊ လေးစားခြင်းများဖြင့် ကမ္ဘာတည်သရွေ့ တိုင်ပါစေ...
အားကျတယ်ကွယ်.. ပျော်ရွှင်သောဘ၀ကိုသာယာစွာလျှောက်လှမ်းနိုင်ကြပါစေ
Happy 7th Anniversary ပါ အစ်ကိုနဲ့ မမရေ , :) ကဗျာလေးဖတ်ရင်း ကြည်နူးသွားမိတယ်
ဘာမှကိုသိပ်ဆုတောင်းပေးစရာမလိုလောက်အောင် ချစ်တတ်ပြီးသားသူတွေပဲလေ...
ခင်မင်မှု့စ
သံယောဇဉ်နှောင်ဖွဲ့မိရင်း
အချစ်မှသည် မေတ္တာ
မေတ္တာမှသည် သစ္စာ
သစ္စာမှသည် နားလည်ပေးမှု့
နားလည်မှု့မှ မျှဝေခံစားရင်း
နှစ်ယောက်သား ကောင်းတူ ဆိုးရင်ပြင်ဆင်ပေးကြရင်းနဲ့
ဘ၀လမ်းကို ရဲရဲလျှောက်နိုင်အောင် ခွန်အားတွေပေးလိုက်တဲ့ ဒီနေ့ ။
ကောင်းလိုက်တဲ့အရေးအသားလေးဘဲလွင်ပြင်ရေ...
ကဗျာလေးကိုနှလုံးသားနဲ့ခံစားပြီးဖတ်သွားပါတယ်...
ယနေ့မှစနှစ်တစ်ရာတိုင်အောင် နှစ်ကိုယ်ယှဉ်တွဲချစ်
ပွဲဝင်နိုင်ကြပါစေလို့ သူငယ်ချင်းတို့ဇနီးမောင်နှံအတွက်
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...
ခင်မင်စွာဖြင့်
ရာဇာထွေး(ဖိုးကျော်)
အားကျမိတယ်.. အကိုနဲ့ အမရေ..
သေတပန်သက်တဆုံး ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ကြပါစေ...
ကောင်းတယ်ဗျာ။စာသားတွေက။တကယ်ခံစားထားတော့တကယ်အနုပညာမြောက်တယ်။ဂုဏ်ယူမိပါတယ်။ကိုလွင်ပြင်ရဲ့မစံပယ်နဲ့အတူဆက်လက်လျှောက်လှမ်းနိုင်ပါစေ။
သိင်္ဂါရနှင်းတွေ စွတ်စိုလဲ့ဖြာနေတဲ့ ကဗျာလေးကို
မျှဝေခံစားခဲ့ပါတယ်ဗျာ ။
ဆက်လက်ထုဆစ်နိုင်ပါစေ ။
၇နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာ ကျန်းမာပျော်ရွှင်စွာနဲ့  ကဗျာတွေ အများကြး သီကုံးနိုင်ပါစေ...
Post a Comment