ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ဒီနေ့ ဒီရက် ဒီည

Wednesday 17 October 2012

ခုန်နေတဲ့ နှလုံးသားဇာတ်ခုံပေါ်မှာ
အချစ်ကိုစတင်ကပြတဲ့ ဒီရက် ။
အသက်ရှူသံမှာ
ရှင်သန်ခြင်း အဓိပ္ပါယ်ကို စတင်သိရှိသည့် ဒီနေ့ ။
မျှော်လင့်ချက်ဆိုတာ
အသက်ဆက်တဲ့ မရှိမဖြစ်လိုအပ်ချက်ဆိုတာ သိလိုက်တဲ့ ဒီရက် ။
လူဆိုတာ
ဘယ်အတွက်ကြောင့်လူဖြစ်တယ်ဆိုတာ သဘောပေါက်လာတဲ့ ဒီနေ့ ။
လမ်းမှားကိုလျှောက်ချင်တဲ့ ခြေတစုံကို
လမ်းမှန်ကိုနင်း ပန်းခင်းလမ်းကို လျှောက်တတ်အောင် သင်ပေးလိုက်တဲ့ ဒီရက် ။
အရာစုံကို ခုံမင်တတ်တဲ့ အတ္တကို
ခန္ဓာကိုယ်မှာ အချစ်အတွက်အတ္တနဲနဲလေးပဲချန် ရှင်းလင်းလိုက်တဲ့ ဒီနေ့ ။
ငါဆိုသောနောက်မှာ သူဆိုတာပါလာတော့
ပတ်ဝန်းကျင် ကမ္ဘာပေါ်မှာ လူတကာကို ငါလို့ မြင်လာတဲ့ ဒီရက် ။
ဒဏ်ရာတွေပြည့်နေတဲ့ ရင်တစုံကို
ကာရံတွေခင်း ကဗျာပန်းတွေ စိုက်ခဲ့တဲ့ ဒီရက် ။
ပြောင်းလဲတတ်တဲ့ အကြောင်းတရားတွေပြည့်နေတဲ့ လောကမှာ
ဟောင်းနွမ်းပေမယ့် အကောင်းတိုင်းရှိနေရမယ့် စိတ်ထားကို နှလုံးသားနံရံမှာ တံဆိပ်ခတ်တဲ့ ဒီရက်
အတိတ်က အိပ်မက်ဟောင်းတွေ ပြတိုက်ပို့
အိပ်မက်သစ်မှာ ဘယ်တော့မှာ မဟောင်းမယ့် အိပ်မက်သစ်တွေဆက်မက်နေမယ့် ဒီည
ဂျီးအထပ်ထပ်တက်နေတဲ့ စိတ်ခန္ဓာကိုယ်ကို 
မေတ္တာရည်ထဲစိမ် အတ္တတွေပါ ကွာကျအောင် နင့်နှလုံးသားနဲ့ တိုက်ချွတ်ပေးတဲ့ ဒီရက်
ခင်မင်မှု့စ
သံယောဇဉ်နှောင်ဖွဲ့မိရင်း
အချစ်မှသည် မေတ္တာ
မေတ္တာမှသည် သစ္စာ
သစ္စာမှသည် နားလည်ပေးမှု့
နားလည်မှု့မှ မျှဝေခံစားရင်း
နှစ်ယောက်သား ကောင်းတူ ဆိုးရင်ပြင်ဆင်ပေးကြရင်းနဲ့
ဘ၀လမ်းကို ရဲရဲလျှောက်နိုင်အောင် ခွန်အားတွေပေးလိုက်တဲ့ ဒီနေ့ ။

17.10.2012 ချစ်သူသက်တမ်း ရနှစ်မြောက် အမှတ်တရ
မှတ်ချက် ။      ။မနေ့ကတင်ရန် သုံးနေသော စက်ပျက်သွားသောကြောင့် ဒီနေ့မှ တင်ဖြစ်ပါတယ်

အားပေးသူအပေါင်း ပျော်ရွှင်ကြည်နူးကြပါစေ

လွင်ပြင်လှိုင်းငယ်




20 comments:

စံပယ်ချို said...

သဲဘုစု ဒီနေ့ဒီရက်လေးကိုအရင်ဖတ်ခဲ့တယ်
ချစ်တတ်တဲ့ ဘုစု

ဆန်းစနေ၀န်း said...

အရမ်းချစ်တတ်တဲ့ ကိုလွင်ပြင်နှင့် မစံပယ်တို့နှစ်ဦး ချစ်သူသက်တမ်း (၇)နှစ်မှ သည် နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွင်ချမ်းမြေ့သော ကဗျာဥယျာဉ်လေးထဲမှာ ကြည်နူးနိုင်ပါစေ...

Yoemyaykya said...

မိုက်တယ်ကွာ။ ဘယ်အတွက်ကြောင့်လူဖြစ်တယ်ဆိုတာ သဘောပေါက်လာတဲ့ ဒီနေ့တဲ့။ အရမ်းမိုက်တယ်။

မြတ်နိုးသူ said...

ခင်မင်မှု့စ
သံယောဇဉ်နှောင်ဖွဲ့မိရင်း
အချစ်မှသည် မေတ္တာ
မေတ္တာမှသည် သစ္စာ
သစ္စာမှသည် နားလည်ပေးမှု့
နားလည်မှု့မှ မျှဝေခံစားရင်း
နှစ်ယောက်သား ကောင်းတူ ဆိုးရင်ပြင်ဆင်ပေးကြရင်းနဲ့
ဘ၀လမ်းကို ရဲရဲလျှောက်နိုင်အောင် ခွန်အားတွေပေးလိုက်တဲ့ ဒီနေ့
မှတည်နောင်နှစ်ပေါင်းတစ်ရာတိုင်အောင်
ဒီထက်မကနားလည်မှုတွေပိုလို့အချစ်တွေတိုးပွားနိုင်
နိင်ပါစေလို့ဆုတောင်းပေးလျက်ချစ်တဲ့သာမီး

Unknown said...

နားလည်မှု့မှ မျှဝေခံစားရင်း
နှစ်ယောက်သား ကောင်းတူ ဆိုးရင်ပြင်ဆင်ပေးကြရင်းနဲ့
ဘ၀လမ်းကို ရဲရဲလျှောက်နိုင်အောင် ခွန်အားတွေပေးလိုက်တဲ့ ဒီနေ့ ။
ဒီနေ့ဒီရက်ဒီညလေးမှစပြီးနောင်နှစ်ပေါင်းတစ်ရာ့နှစ်ဆယ်
တိုင်နားလည်မှုတွေမျှဝေခံစားရင်းသက်ဆုံးတိုင်အချစ်တွေ
ခွန်အားတွေတိုးပွားကြစေသော်.....ဆုတောင်းလျက်
ခင်တဲ့အန်တီလေးမေခင်

တွတ်တွတ် said...

လာမယ့်နှစ် (၈)နှစ်မြောက်မှာ အချိန်မှီတင်နိုင်ဖို့..
ကွန်ပူထှာကောင်းကောင်းလေး.တစ်လုံးလက်ဖွဲ့လက် ဆောင်ပေးပါ့မယ်ဗျာ...(ဒါမှ သဲဘုစုလေးအရင်ဆုံးဖတ်လို့ရအောင်..) :)

roseayemaung said...

သံယောဇဉ်နှောင်ဖွဲ့မိရင်း
အချစ်မှသည် မေတ္တာ
မေတ္တာမှသည် သစ္စာ
သစ္စာမှသည် နားလည်ပေးမှု့
နားလည်မှု့မှ မျှဝေခံစားရင်း
နှစ်ယောက်သား ကောင်းတူ ဆိုးရင်ပြင်ဆင်ပေးကြရင်းနဲ့
...........................နစ်၇၀၀တိုင်.လကတွဲပျော်ရွှင်နိုင်ပါစေ..ဆုတောင်းပေးလိုက်ပါတယ်...

khin said...

နှစ်(၁၀၀)တိုင်ပါစေကွယ်

ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် said...

မေတ္တာရည်ထဲစိမ် အတ္တတွေပါ ကွာကျအောင် နင့်နှလုံးသားနဲ့ တိုက်ချွတ်ပေးတဲ့ ဒီရက်
ခင်မင်မှု့စ
သံယောဇဉ်နှောင်ဖွဲ့မိရင်း
အချစ်မှသည် မေတ္တာ
မေတ္တာမှသည် သစ္စာ
သစ္စာမှသည် နားလည်ပေးမှု့
နားလည်မှု့မှ မျှဝေခံစားရင်း
နှစ်ယောက်သား ကောင်းတူ ဆိုးရင်ပြင်ဆင်ပေးကြရင်းနဲ့
ဘ၀လမ်းကို ရဲရဲလျှောက်နိုင်အောင် ခွန်အားတွေပေးလိုက်တဲ့ ဒီနေ့ ။

အကိုနဲ့အမလည်းနောင်နှစ်ပေါင်း၁၀၀မကတိုင်အောင်ပျော်ရွင်စွာနဲ့အေးချမ်းတဲ့မိသားစုဘဝလေးပိုင်ဆိုင်ပါစေနော်
ဆုတောင်းလျှက်
ခင်တဲ့

ချင်းမလေး said...

ခုန်နေတဲ့ နှလုံးသားဇာတ်ခုံပေါ်မှာ
အချစ်ကိုစတင်ကပြတဲ့ ဒီရက် ။
အသက်ရှူသံမှာ
ရှင်သန်ခြင်း အဓိပ္ပါယ်ကို စတင်သိရှိသည့် ဒီနေ့ ။
မိုက်မှမိုက်..
နှစ်ပေါင်းများစွာ ချစ်ခင်ပေါင်းဖက်နိုင်ပါစေလို့ 
ဆုတောင်းပေးပါတယ်...း)

ချော (အစိမ်းရောင်လွင်ပြင်) said...

ချစ်သူသက်တမ်း ၇နှစ်ပြည့်မှသည်
အိမ်ထောင်သက် ၇နှစ်..
အိမ်ထောင်သက် ၇နှစ်မှသည်
နှစ်ပေါင်းရာထောင် တိုင်ပါစေ...
ချစ်ခြင်း ကြင်နာခြင်း၊ မြတ်နိုးခြင်း၊ လေးစားခြင်းများဖြင့် ကမ္ဘာတည်သရွေ့ တိုင်ပါစေ...

ချစ်စံအိမ် said...

အားကျတယ်ကွယ်.. ပျော်ရွှင်သောဘ၀ကိုသာယာစွာလျှောက်လှမ်းနိုင်ကြပါစေ

မိုးညချမ်း said...

Happy 7th Anniversary ပါ အစ်ကိုနဲ့ မမရေ , :) ကဗျာလေးဖတ်ရင်း ကြည်နူးသွားမိတယ်

Cameron said...

ဘာမှကိုသိပ်ဆုတောင်းပေးစရာမလိုလောက်အောင် ချစ်တတ်ပြီးသားသူတွေပဲလေ...

ရာဇာထွေး said...
This comment has been removed by the author.
ရာဇာထွေး said...

ခင်မင်မှု့စ
သံယောဇဉ်နှောင်ဖွဲ့မိရင်း
အချစ်မှသည် မေတ္တာ
မေတ္တာမှသည် သစ္စာ
သစ္စာမှသည် နားလည်ပေးမှု့
နားလည်မှု့မှ မျှဝေခံစားရင်း
နှစ်ယောက်သား ကောင်းတူ ဆိုးရင်ပြင်ဆင်ပေးကြရင်းနဲ့
ဘ၀လမ်းကို ရဲရဲလျှောက်နိုင်အောင် ခွန်အားတွေပေးလိုက်တဲ့ ဒီနေ့ ။

ကောင်းလိုက်တဲ့အရေးအသားလေးဘဲလွင်ပြင်ရေ...
ကဗျာလေးကိုနှလုံးသားနဲ့ခံစားပြီးဖတ်သွားပါတယ်...
ယနေ့မှစနှစ်တစ်ရာတိုင်အောင် နှစ်ကိုယ်ယှဉ်တွဲချစ်
ပွဲဝင်နိုင်ကြပါစေလို့ သူငယ်ချင်းတို့ဇနီးမောင်နှံအတွက်
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...

ခင်မင်စွာဖြင့်
ရာဇာထွေး(ဖိုးကျော်)

ကေပိုး said...

အားကျမိတယ်.. အကိုနဲ့ အမရေ..

သေတပန်သက်တဆုံး ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ကြပါစေ...

ဆူးသစ် said...

ကောင်းတယ်ဗျာ။စာသားတွေက။တကယ်ခံစားထားတော့တကယ်အနုပညာမြောက်တယ်။ဂုဏ်ယူမိပါတယ်။ကိုလွင်ပြင်ရဲ့မစံပယ်နဲ့အတူဆက်လက်လျှောက်လှမ်းနိုင်ပါစေ။

ညီလင်းနိုင် said...

သိင်္ဂါရနှင်းတွေ စွတ်စိုလဲ့ဖြာနေတဲ့ ကဗျာလေးကို

မျှဝေခံစားခဲ့ပါတယ်ဗျာ ။

ဆက်လက်ထုဆစ်နိုင်ပါစေ ။

San San Htun said...

၇နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာ ကျန်းမာပျော်ရွှင်စွာနဲ့  ကဗျာတွေ အများကြး သီကုံးနိုင်ပါစေ...

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :