ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ပန်းခရေနှင့် သဲဘုစု ပြီးတော့ ကျွန်တော် ရင်ခုန်သံ

Friday 19 October 2012


မနေ့ညက မိုးတိမ်တွေ ပြိုကျပြီး အိမ်ဘေးနားက ခရေပင်ထက် ခရေပန်းတွေဆီ တစ်ပွင့်ပြီး တစ်ပွင့် နမ်းရှိုက်....
အေးစက်တဲ့ အတွေ့အထိမှာ အညှာမခိုင် လေရဲ့ ကြည်စားမှု့ကပါပေါင်းဖက်လာတော့ အညှာက ကင်ဆာမိသလို အဆုံးသတ်
ပင်မြင့်ကို တွယ်ဖက်မထားနိုင်တော့ပဲ လေနဲ့အတူ အပင်ကကြွေပြီး မြေပြင်မှာ ဟိုတစ်ပွင့် ဒီတပွင့် အထီးကျန် မျက်ရည်စက်တွေနဲ့ပေါ့ ။
မချစ်သူတွေရဲ့ ခြေဖ၀ါးအောက်မှာ ရောက်သူကရောက် ပင်ခြေရင်းမှာ တွယ်ကပ်သူကကပ်နဲ့ ဒီမိုးသည်းထဲမှာ အအေးဒဏ်ခံရင်း..
မြတ်နိုးသူတစ်ယောက်များ လာကောက်မလားဆိုတဲ့ အတွေးမျှော်လင့်ချက်နဲ့ မိုးစက်တွေတောင် ဟိုသွား ဒီမျောရင်း ဘယ်ဆီရောက်သွားပြီလဲမသိ  ....
ခရေတွေဖွေးဖွေးကို အတွေးနဲ့မြင်မိပြီး ခရေပင်အောက် ပန်းကောက်ချင်နေမိတယ် အချိန်က နံနက် ၄နာရီ သဲဘုစုတစ်ယောက်အိပ်ပါစေလို့ ဆုတောင်းရင်း
ခရေပန်းရနံ့တွေ နှလုံးသားဆီ စီးဝင်လာတယ် ...လက်မောင်းထက်မှာ ဘုစုကို ချော့သိပ့်ရင်း အိပ်စက်သွားတော့ သူ မနိုးအောင်ဖြေးဖြေးလေးခေါင်းအုံးထက် အိပ်စက်စေပြီး တိတ်တိတ်လေး အိမ်အောက်ဆင်းရင်း
ခရေပင်ဆီ အပြေးလေးလာပြီး မြတ်နိုးသူ့ကို မျှော်လင့်နေတဲ့ ဟိုတစ်ပွင့် ဒီတစ်ပွင့် ခရေးလေးတွေ ငါတစ်ယောက်ထဲကောက်နေမိတယ် ။
ခြေဖ၀ါးအောက်မှာ ၀ပ်ဆင်း ပြားချပ်နေတဲ့ ခရေပန်းလေးတွေကလဲ သူတို့ကို မကောက်မှာ စိုးရိပ်တဲ့ အကြည့်တွေနဲ့ပေါ့ ညင်ညင်သာသာလေးပဲ သူတို့ကိုလဲ ကောက်ယူပြီး
အိတ်ထဲမှာ တော်တော်ရနေတဲ့ ပန်းခရေတွေကို မြတ်မြတ်နိုးနိုးယူဆောင်သွားပြီး အိမ်လေးပေါ် အပြေးတက် အခန်းထဲရောက်တော့
နှစ်ခြိုက်စွာ အိပ်နေတဲ့ သဲဘုစု ခေါင်းအုံးဘေး ခရေပန်းတွေ ခင်းကျင်းလိုက်တော့ ခရေရနံ့က သူမ ကိုလှုပ်နိုး အိပ်ချင်မူးတူးမှာ ရင်ခုန်သံတွေရောထွေးပြီး
ခရေးပန်းတွေကို သဲဘုစုမြတ်နိးလှစွာနမ်းရှိုက်လိုက်တော့ ဒီကမ္ဘာပေါ်မှာ ကျွန်တော်ရယ် ပန်းခရေလေးတွေ ပြိုင်တူ ကြည်နူးပျော်ရွှင်လို့ပေါ့ ။  ။   ။

မှတ်ချက် ။         ။နံနက်စောစော ခရေပန်းမြတ်နိုးတဲ့သဲဘုစုလေး မသိအောင် ခရေပန်းကောက်ရတဲ့ ရင်ခုန်သံလေးပါ ။

လွင်ပြင်လှိုင်းငယ်

16 comments:

Cameron said...

ခရေပန်းကောက်လဲ ..စာတစ်ပုဒ်ဖြစ်တာပဲ....ကြည်နူးရင်ခုန်စရာလေးပါ.....

မြတ်နိုးသူ said...

ပါးပါးမားမားအတွက်နောက်တစ်ခါခရေပန်း
သွားကောက်ရင်သာမီးတို့ကိုလည်းခေါ်အုံးနော်
ကူကောက်ပေးမလို့

စံပယ်ချို said...

ဘုစုသာမီးကလိမ်မာတယ် ပန်းကောက်ကူမယ်တဲ့
သဲဘုစု

လသာည said...

ဟုတ်ပါ့ ကြည်နှုးစရာလေး..။

ကိုလွင်ပြင်၊ မသဲဘုစုလေး
သက်ဆုံးတိုင် ကြင်နာနိုင်ပါစေသားလို့..

မင်းအရိပ် said...

မိုက်လယ်ဂျာ
ဘ၀မှာ အနုပညာနဲ့ နေတာ
ကဗျာနဲ့ နေတာ
တော်တော် စိတ်ချမ်းသာဖို့ ကောင်းမယ်နော်

ဘုန်း၂တောက် said...

ရင်ခုန်သံလေး ကြားယောင်နေသလိုပဲ...
ခင်မင်တဲ့

ဆူးသစ် said...

ချစ်သူအတွက်ဆိုတဲ့စိတ်ကလေးနဲ့လုပ်ပေးတဲ့စိတ်ထားကလှတယ်ကိုလွင်ပြင်။ခင်ဗျားချစ်ခြင်းမေတ္တာကိုပြတာနူးညံ့တယ်။

ချစ်စံအိမ် said...

ကြယ်နူးစရာလေးပဲ..အာ၇ုံနဲ့ ခံစားသွားတယ်.

မိုးသူ(တောင်ကြီး) said...

ကိုလွင်ပြင်တို့ ရဲ့ ချစ်ခြင်းကတော့

စံနမူနာတင်ပါတယ်ဗျာ

တယောက်ကိုတယောက်ကြင်နာယုယမှုတွေက

စာတွေကဗျာတွေထဲမှာပေါ်လွင်နေပါတယ်

အရမ်းကြည်နူးဖို့ ကောင်းလိုက်တာ

ခင်တဲ့
မိုးသူ(တောင်ကြီး)

နွေတေးရှင် (မင်းဧရာ) said...

ကျုပ်လည်း ခရေပန်းကို ကောက်ရတာ ပျော်တယ် ယောက်ခမ ။

နောက်တစ်ခေါက်သွားရင် တူတူသွားမယ်နော် သာမီးကိုလည်း ခေါ်ခဲ့း)။

Unknown said...

မောင်လွင်ပြင်ရဲ.နံနက်စောစောသဲဘုစုအတွက်ခရေပန်း
ကောက်ရင်ခုန်သံလေးနားထောင်သွားပါတယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်

Yoemyaykya said...

မတ်နိုးသူတစ်ယောက်များ လာကောက်မလားဆိုတဲ့ အတွေးမျှော်လင့်ချက်နဲ
အယ်ညလေးမြတ်နိုးသူက လုကောက်နေတာလား ခရေပန်းတွေကို။

khin said...

သဲဘုစုလေးကတော. ကံကောင်းတယ်ကွာ

ချင်းမလေး said...

ကြည်နူးဖွယ်ရာလေးကိုလာရောက်ခံစားသွားပါတယ်..း)

Angelhlaing(May everybody be happy and healthy! said...

ကြည်နူးစရာ မနက်ခင်းလေး...

Thwin said...

ဟုတ်တယ်နော်.. ခရေလေးတွေကလည်း ပျော်မှာပဲ..၊ ကျွန်တော်ဖြစ်တဲ့သူလည်း ပျော်မှာပဲနော်..။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :