ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ထူးထူးခြားခြား လေပေါ်မှာတည်ဆောက်ထားသည့်ရွာ

Sunday 7 October 2012

လှမ်းကြည့်လို့လဲ မမြင် ဖမ်းလို့လဲမမိ အသိတစ်ခုတော့ရှိတယ် သူဟာစွမ်းအားများစွာကိုပိုင်ဆိုင်ထားတယ်ဆိုတာပဲ။
လေထဲမှာ တိုက်ဆောက်ရ မရတော့မသိဘူး လေထဲမှာ ရွာတစ်ရွာတည်ဆောက်ထားတာတော့ ကျွန်တော်တော်သိတယ် ထိုရွာလေးကို မကြာသေးမှီ အချိန်လေးက
ကျွန်တော်ရောက်ဖြစ်သွားခဲ့တယ် ရောက်ရောက်ချင်းပဲ တရားတွေပြတဲ့သူရှိသလို တရားနာတဲ့သူတွေလဲ အပြည့်ပဲ။ကျန်းမာရေးအတွက် ဆေးပေးခန်းတွေရှိသလို
ပညာရှာဖွေလိုသူတွေအတွက် စာကြည့်တိုက်တွေလဲ ဒုနဲ့ဒေးပါပဲ။ ကဗျာဆရာတွေအတွေးနဲ့ ကောင်းကင်ကိုမော့်ကြည့်ပြီး ကာရံရှာနေသလို
သတင်းသမားတွေလဲ ကင်မရာတစ်လုံးနဲ့ မမောမပန်း ဟိုပြေးဒီပြေးရင်း သတင်းရှာနေကြတယ် ။ဗိုက်ဆာလို့ လမ်းဟိုဘက်ဒီဘက်ကြည့်လိုက်တော့
အခမဲ့စားလို့ရတဲ့ စာသောက်ဆိုင်တွေအပြည့်နဲ့ စားသောက်စရာတွေမရိုးအောင်တည်ခင်းထားတာတွေ့တော့ မစားပဲနှင့် ဗိုက်ပြည့်သွားခဲ့တယ် ။
နည်းပညာရှာလိုတွေအတွက်လဲ တတ်သည့်ပညာမနေသာဆိုသလို နည်းပညာတွေ ဒါနလုပ်နေတဲ့သူတွေကလဲ ၇ွာထဲမှာအပြည့်ပါလားနော်
ကြည့်ရင်းနဲ့ ဒီရွာလေးမှာနေချင်စိတ်တွေပေါက်လာခဲ့တယ် ဗဟုသုတတွေ လိုသလောက်ရှာလို့ရတဲ့ ဒီရွာ စေတနာကောင်းကောင်း
စိတ်ရင်းဖြူဖြူတွေနဲ့ ဒီရွာသူတွေ အသက်အရွယ်ရလာပေမယ့် လောကပညာကို ဆရာစားမချန်ပဲ သင်ပေးနေတဲ့ လူကြီးသူမတွေ
ဘ၀မှာမောသမျှကို ခဏတာလေးပဲ ဖြစ်ဖြစ်သောကတွေ ပြေပျောက်အောင်ရီစရာတွေပြောပြတတ်သူတွေလဲရှိတဲ့ဒီရွာ
အလှအပအတွက် အလှပြင်သင်တန်းတွေရှိသလို စိတ်ထားလေးလှဖို့ ဘယ်လိုနေ ဘယ်လိုထိုင် ဘယ်လိုအမူအကျင့်တွေ စိတ်ကို လှအောင်ပြုပြင်ရသလိုဆိုတာကို
သင်ကြားပေးသူတွေလဲရှိတဲ့ ဒီရွာ ။ပန်းချီပညာရှင်တွေရှိသလို ဂီတ၀ါသနာပါသူတွေအတွက် စိတ်ကြိုက်သီချင်းတွေ အခမဲ့ လက်ဆောင်ပေးသူတွေလဲရှိတဲ့ ဒီရွာ
ကမ္ဘာမှာဖြစ်ပျက်သမျှကို မိနစ်မခြားပဲသိရအောင်ဆောင်ရွက်ပေးတဲ့ သတင်းသမားတွေရှိတဲ့ ဒီရွာ။ကောင်းတိုင်ပင် ဆိုးတိုင်ပင်နဲ့ ဘ၀အခက်အခဲတွေကို အတူတူကူညီဖြေရှင်း
တတ်တဲ့ဒီရွာ။
ပျော်စရာတွေအပြည့် ကြည်နူးစရာတွေ ရင်ထဲမဆန့်အောင်ပေးနိုင်စွမ်းရှိတဲ့ ဒီရွာလေးမှာ မပြန်နိုင်အောင်ဖြစ်ပြီး ဒီရွာလေးရဲ့ လွတ်လပ်နေတဲ့နေရာလေးတစ်ခုမှာ
နေထိုင်ရင်း ဘ၀မှာ ပျော်ရွှင်စရာတွေပြည့်ခဲ့တယ် ။ဒီရွာရဲ့ လေကောင်းလေသန့် ရှူရှိုက်ပြီး ဘ၀ကို အသက်ဆက်ချင်တယ်။ဒီရွာလေး စည်စည်ပင်ပင်နဲ့
လောကအကျိုးကို ထာဝရဆောက်ရွက်နေတာကို မြင်ချင်နေမိတယ် ။

မကြာသေးမှီ အချိန်တစ်ခုမှာ ကျွန်တော်သတိပြုမိတာလေးတစ်ခုရှိလာတယ်။ကျွန်တော်တို့ ရွာလေး အရင်လို စည်စည်ကားကားမတွေ့ရတော့သလိုပဲ
ခရီးထွက်သူကထွက် ၀မ်းတစ်ထွာအတွက် အလုပ်လုပ်သူကလုပ် တခြားရွာတွေကို ပြောင်းသူကပြောင်းနဲ့ ရွာကခြောက်ကပ်သလိုဖြစ်လာတယ်။
ရွာဆေးခန်းမှာ ဆေးကုန်သလိုဖြစ်နေပါပြီ စာကြည့်တိုက်မှာလဲ စာအုပ်တွေပဲကျန်ပြီး ဖတ်သူတွေဘယ်ရောက်နေမှန်းမသိတော့ပါဘူး။ကဗျာဆရာတွေ ကာရံပျောက်သလို သတင်းသမားတွေလဲ
ဘယ်ရောက်ကုန်မှန်းမသိတော့ပါဘူး ။ ချက်သံ ပြုတ်သံတွေ အိုးခွက် ပန်းကန်သံတွေ စားသောက်သံတွေ
တိတ်ဆိတ်နေတဲ့ စားသောက်ဆိုင်တွေကလဲ လာမယ့်သူငေးလို့ပေါ့ ။လောကပညာတွေသင်ပေးမယ့်
ပညာရှိတွေလဲ နားထောင် လိုက်နာမည့်သူ မျှော်ငေးရင်းပေါ့ ။
အခုတော့ ဒို့ရွာလေး ခြောက်ကပ်နေပြီ
အခုတော့ ဒို့ရွာလေး တိတ်ဆိတ်နေပြီ
အခုတော့ ဒို့ရွာလေး အရိပ်ပျောက်နေပြီ
အခုတော့ ဒို့ရွာလေး အဖော်မဲ့ နေပြီ
အခုတော့ ဒို့ရွာလေး ငိုကြွေးနေရပြီ
အခုတော့ ဒို့ရွာလေး မှောင်မည်းနေရပြီ
အခုတော့........................
အခုတော့........................
ဘယ်နေရာပဲရောက်ပြန်လာခဲ့ပါ မိတ်ဆွေ
ဘယ်လိုအခက်အခဲပဲရှိရှိ ဒီနေရာလေးမှာ ဆွေးနွေးကြရအောင် မိတ်ဆွေ
ဘယ်အချိန်ပဲဖြစ်ဖြစ် အေးရိပ်လေးမှာ ပျော်ကြရအောင်လား မိတ်ဆွေ
အားလုံးပဲ ဒီရွာလေးကို ပြန်နေကြရအောင်မိတ်ဆွေ ။
 
မှတ်ချက် ။     ။ရင်ဘတ်ထဲက ခံစားသမျှကို ချရေးမိသောကြောင်း အမှားအယွင်းရှိပါက     နားလည်ပေးစေချင်ပါသည်

လွင်ပြင်လှိုင်းငယ်
















18 comments:

mstint said...

ရွာလေးအမြန်ဆုံးပြန်လည်စည်ကားလာနိုင်စေဘို့ တစ်ယောက်တစ်လက် ဝိုင်းဝန်းကြိုးပမ်းကြပါစို့ လွင်ပြင်လေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဘုန်း၂တောက် said...

လိုတရရွာလေး နဂိုရ်အတိုင်း ပြန်ဖြစ်လာပါစေဆိုပြီး ရင်ဘတ်ထဲမှာ တိုးတိတ်စွာ ဆုတောင်းနေမိပါရဲ့ လွင်ပြင်ရေ

ခင်မင်တဲ့

မြတ်နိုးသူ said...

ပါးပါးရေ
ပျော်စရာတွေအပြည့်ကြည်နူးစရာတွေ
ရင်ထဲမဆန့်အောင်ပေးနိုင်စွမ်းရှိတဲ့
၇ွာလေးကိုအလည်ရောက်ခဲ့ပါတယ်
ရွာလေးလည်းအမြန်ဆုံးအရင်လိုလေးပြန်ဖြစ်ပါစေလို့
ဆုတောင်းလျက်တာမီး

ဆန်းစနေ၀န်း said...

ပျော်ရွှင်စရာကောင်းတဲ့ရွာလေးမှာ ပြန်လည်ဆုံဆည်းနိုင်ပါစေ...

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ရွာဆိုတဲ့ အငွေ့အသက်က မြို့ပြမှာနေသည့်တိုင် မြင်ယောင်ကြည့်ရင်ကိုက ငြိမ်းအေးလှပါတယ်.. ရွာလေး အမြန် သာယာလှပပါစေ

မိုးနတ်ကြယ်စင် said...

အကိုရေ...ညလေးရင်ထဲက ခံစားချက်လေးနဲ့
တထပ်တည်းပဲဗျာ..ရမ်းကောင်းတယ်...ဟုတ်ပါ့.
ညလေးလဲ လေပေါ်မှာတည်ဆောက်ထားတဲ့ရွာလေး
အမြန်ဆုံးပြန်လည် သာယာလှပပါစေလို့ ဆုတောင်းနေမိတယ်...အားလုံးနဲ့လဲ တကယ်ပဲဆုံချင်နေမိတယ်လေ......

Anonymous said...

ယောက်ခမရေ သားတို့ ရွာလေးလားဟင်..တိန်

ချစ်စံအိမ် said...

လမင်းကရွာလေးကိုပဲခင်တွတ်ပါတယ်.. ပြန်ရောက်နေပါပြီးအခုရွာလေးထဲမှာယောင်လည်လည်နဲ့ ..ပျင်းနေပါတယ်..:P

Yoemyaykya said...

ဘယ်နေရာရောက်ရောက်ဒီရွာလေးကို အရောက်ပြန်လာပါ့မယ်။ အခမဲ့စားလို့ရတယ်ဆိုတာ တကယ်ကျောတာလား အစ်ကို။ ဂီြဂြီ

ချော(အစိမ်းရောင်လွင်ပြင်) said...

ခုတလော ရွာကလေးထဲ နေရတာ စိတ်မပျော်လက်မပျော်ဖြစ်လာတယ်။
နောက်တော့ ပြန်ပျော်လာမယ် ထင်ပါရဲ့
ပျော်နိုင်အောင် ကြိုးစားနေပါတယ်။

အလွမ်းမြို့ said...

လွင်ပြင်ရေ..
ရွာလေးစည်းကားလာဖို့ ဝိုင်းဝန်းကြိုးစားကြတာပေါ့။
အစည်းအဝေးထိုင်ပြီး ရွာလူကြီး ရှာခန့်ရတော့မယ်
ထင်တယ်နော်...အဟီး....
ရင်ဘတ်ထဲက ခံစားသမျှ ချရေးတာကလည်း
များနေပြီနော်။ အငှားလည်း ခံစားရေးပေးတတ်တယ်။
ဂယ်လည်း ခံစားတတ်တယ်။ အဟင့်. တယ်လည်း
ကျယ်ပြန့်ခံနိုင်ရည်ရှိတဲ့ ရင်ဘတ်...


ခင်တဲ့
အလွမ်း

Unknown said...

ပျော်စရာကြည်နူးစရာ၊စည်းလုံးမှု.အပြည်တွေနဲ.
ရွာကလေးအလည်လာခဲ.မိတယ်
အခုတော......
ရွာလေးအရင်လိုပြန်ဖြစ်ပါစေဆုတောင်းလျှက်
ခင်တဲ.အန်တီလေးမေခင်

roseayemaung said...

.အကိုလွင်ပြင်...ရွာကလေး...
အမြန်သာယာပါစေနော့..

Anonymous said...

လွင်ပြင်ရေ.. ရွာထဲမ၀င်ဖြစ်တာ အတော်ကြာပေါ့...။ သူမျာေးတွလို အလုပ်အကိုင်တစ်ဖက်ကြောင့်တော့ မဟုတ်ပါဘူး...။ ဒီလိုပါပဲလေ...။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

ညီလင်းသစ် said...

ဟုတ်တယ်ဗျ..၊ အခုနောက်ပိုင်း ရွာကလေးက အတော့်ကို ခြောက်ကပ်လာတယ်၊ ရေကြည်ရာ မြက်နုရာ ရှာကြတာလည်း ပါမယ်ထင်ပါရဲ့ဗျာ..၊ အခုလို ရွာကို ခင်တွယ်နေသူတွေ ရှိတုန်းဆိုတာ သိရတာတော့ ဝမ်းသာစရာပါ..၊ ကျနော်တို့ ရွာကလေး ဟိုးအရင်လို ပြန်လည်စည်ကားလာတာကို မြင်ချင်မိပါတယ်...။

မိုးသူ(တောင်ကြီး) said...

မျှော်လင့်ချက်နဲ့အသက်ရှင်တဲ့သူမှန်သမျှ

မျှော်လင့်နေခြင်းနဲ့ အတူ

သက်တမ်းတွေကိုဆွဲဆန့် ထားပြီး

အဲဒီမျှော်လင့်ခြင်းတွေနောက်

ကောက်ကောက်ပါအောင်လိုက်ရင်းနဲ့ 

သံသရာထဲမှာဘ၀တွေတခုပြီးတခု

ကူးပြောင်းနေရအုံးမှာပါ.....

ဆောင်းဦးလှိုင်သီချင်းလေးခဏငှါးပြောချင်ပါတယ်

ကမ္ဘာဟာသူ့ အချိန်တိုင်းသူလည်ပတ်အုံးမှာပါ ....

ခင်တဲ့
မိုးသူ(တောင်ကြီး)

kiim said...

စာလာဖတ်သွားပါတယ်..
အရင်ကလို ရွာလေးသာယာစည်ကားလာပါစေ...

Unknown said...

ကျွန်တော်ရွှာကို သတိရတယ် ဒီထဲကလို
ကျွန်တော်တို့ ရွှာလေ အရင်တိုင်းပဲရှိ့ပမလာ..
လို့ ကျွန်တော်တွေးပူပြီး ဝမ်းနည်းမိပါတယ် ...
မြင်နှိုင်မယ်ဆိုရင် လှမ်းကြည့်လိုက်ချင်တယ်..
ကျွန်တော် အမြဲသတိရနေတဲ့ ကျွန်တော့်....
ရွှာလေး အမြဲစိုပြေပါစေ..လန်းဆစန်းပါစေ..
ထာဝရလှပပါစေ............ာ

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :