ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အိပ်မက်လေး သို့........

Saturday 8 June 2013

မျက်လုံးချင်းနမ်းတတ်တဲ့
ဒို့နှစ်ယောက် အနမ်းမှာ
ကမ္ဘာမြေပြင်ဟာ
ခဏတာလောက် အိပ်စက်သွားပြီး
နှစ်ယောက်တည်း
တကမ္ဘာဖြစ်သွားသလိုပဲ
အိပ်မက်လေးရေ ။

နင့်ရဲ့ အသက်ရှူသံဟာ
ငါ့ရဲ့ အိပ်စက်ခြင်းဂီတမို့
ဂီတသံကြားမှ အိပ်စက်တတ်တဲ့
နှလုံးသားဟာ
နင်နဲ့ ဝေးဝေးနေလို့ ဘယ်ရပါ့မလဲ
အသက်ရှူသံနဲ့ အသက်ဆက်ပေးတဲ့
အိပ်မက်လေးရေ ။

အနမ်းတွေအစား
အလွမ်းတွေထား
မေ့သွားမှာလား
တနေ့တော့လို့
မျည်ရည်လယ်လယ်
နင့်အမေးစကားမှာ
နှလုံးသားမှာ
မခံစားသာလို့
ဝေးရမယ့်အကြောင်း
ကမ္ဘာပျက်ပြီး နောက်ရက်တောင်
မတွေးပါနဲ့လား
အိပ်မက်လေးရေ ။

လွင်ပြင်လှိုင်းငယ်

8 comments:

Thwin said...

အိပ်မက်လေး ရေ..ဝေးရမယ့် အကြောင်းကို ကမ္ဘာပျက်ပြီး နောက်ရက်မှာတောင် မတွေးပါ နဲ့ တဲ့ ကွယ်..။ မတွေးနဲ့ နော်..။

နွေတေးရှင် (မင်းဧရာ) said...

ကမ္ဘာကြီးခြားခြား
စည်းဝါးတွေ မတူတူ
ညှိယူပြီး တီးခတ်
နောက်ဆုံး တစ်ရက်ထိပေါ့ ။

မိုးညချမ်း said...

ကဗျာလှလှလေးကို ဖတ်ပြီး တစ်ကယ့်ကို ကြည်ကြည်နူးနူ ပြုံးသွားမိတယ် အစ်ကိုရေ ... :)

မိုးနတ်ကြယ်စင် said...

အကိုရေးခဲ့သမျှကဗျာတွေထဲမှာ( ပြောရရင် )
မိုးနတ်ဖတ်ဖူးခဲ့သမျှ အကို့ကဗျာတွေထဲမှာ ....
ဒီကဗျာလေးတော့ ဖတ်ပြီးရင်ထဲကို တော်တော်ထိတယ်
အရမ်းကြိုက်တယ် အကိုရေ....:))))
တပုဒ်လုံးကို လွှတ်ကြိုက်ဗျာ :)
စကားလုံးတိုင်းဟာ ရင်ခုန်ချင်စရာအပြည့်နဲ့
နုရွဂွတ်ထနေတာပဲနော် .....လွှတ်မိုက်စ် :)))
ခင်တဲ့....မိုးနတ်

ဆန်းစနေ၀န်း said...

အိပ်မက်လေး...ကို အားပေးသွားပါတယ်

အန်တီလေးမေခင် said...

လွင်ပြင်ရေ
အိမ်မက်လေးသို...ကဗျာလေး
ဖတ်ရှု.အားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်

Yoemyaykya said...

အိမ်အသစ်လေးက ချစ်စရာလေး။ အိမ်တက်မင်္ဂလာလဲလုပ်ဖူး။ မုန့်လေး ဘာလေးဖိတ်ကျွေးပါဦး အစ်ကို
ကဲကဲ မမစပယ်ရေ ဝေးရမယ့်အကြောင်း မတွေးမိစေနဲ့နော်။

ရာဇာထွေး said...

အိမ်မက်လေးကို လာရောက်ခံစားအားပေးသွားပါတယ် ညီလေးလွင်ပြင်ရေ..

ခင်မင်စွာဖြင့်
ရာဇာထွေး

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :