အခြေနေမပေးလို့ ဝေးခဲ့ရတာပါ
ပညာတွေမတတ်လို့
ထားခဲ့ရတာပါ
မာန်တွေတက်ပြီး
ထွက်ခဲ့တာလဲ မဟုတ်ပါဘူး....
စုတ်ပြတ်နေတဲ့ ဗလာစာအုပ်နှစ်အုပ်လောက်နဲ့
တိုနှံနှံ ခဲတံငုံတိုလေးတွေက ဟောင်းနွမ်းနေတဲ့
လွယ်အိပ်လေးရဲ့ ဘေးမှ ဟိုတစ ဒီတစနဲ့
အဖြူရောင်ကိုကျော်လွန်နေတဲ့ ၀ါညစ်ညစ်
အစိမ်းရောင်မှာ တွယ်ကပ်နေတဲ့ အပ်ချည်ကြိုး ချူပ်ရိုးကြောင်းနဲ့
ကျောင်းတက်ရမှာကို သေမလောက်ကြောက်(ရှက်)တတ်တဲ့
ညီ ညီမလေးတွေရဲ့ အားကိုးတဲ့ အကြည့်....
မနက်မိုးလင်းလို့ ဆန်အိုးကိုမကြည့်ရဲတဲ့
သားသမီးတွေ စောစောထပြီး
ဗိုက်ဆာလိုက်တာ ဆိုတဲ့အသံကို
မိုးကြိုးအစင်းတစ်ရာပစ်တဲ့အသံထက်
ကြောက်ရွံတတ်တဲ့ အမေ......
စောစောထ သောကတွေနဲ့မျက်နှာသစ်
နေနေပူပူမှာ ဒုက္ခတွေကို ဦးထုပ်လုပ်ပြီး
နေညိုချိန်တောင်မှ ချွေးသီးလေးတွေနဲ့
ကိုယ်လက်သန့်စင်ပြီး အိမ်ပြန်လာရတဲ့ အဖေ.......
ဒီလိုအဖြစ်
ဒီလိုအပျက်
ဒီလိုရက်တွေများခဲ့တော့လဲ
ဒုက္ခတွေကို ကျေားပိုးပြီးတော့
ထွက်ခဲ့ရပေါ့ မြန်မာပြည်.....
တန်ဖိုးမထားလို့မဟုတ်ပါဘူး
ဆန်ဖိုးလေးတောင်ရှာမရခဲ့လို့ပါ
မမြတ်နိုးလို့လဲမဟုတ်ခဲ့ပါဘူး
နှစ်ကျပ်ဖိုးနဲ့ မုန့်စားရတဲ့ ခေတ်ကကုန်ခဲ့ပြီလေ
မခင်တွယ်လို့လဲမဟုတ်ပါဘူး
မြင်ရတဲ့ဒုက္ခတွေက တစ်ရက်ထဲမှမဟုတ်တာ
မမေ့ရက်ပါဘူး
အမိတိုင်းပြည်ကြီးကို
သို့ပေမဲ့လဲ
ဝမ်းတထွာပေါင်းမြောက်များစွာအတွက်
ပြေးရပေါ့ တပါးတိုင်းပြည်.....
ဘာသာစကားတွေ ကွဲပြား
ခြေထောက်နဲ့ စေညွှန်တတ်တဲ့ လူမျိုးခြားတွေရဲ့
အေးစက်တဲ့ ယုံကြည်မှု့မရှိတဲ့ မျက်ဝန်းအကြည့်တွေမှာ
ဝမ်းတစ်ထွာပေါင်းများစွာရဲ့
အစာအိမ်ကို ကူညီပေမဲ့ ငွေဆိုတဲ့ အရိပ်ပါနေတော့
ဘယ်လိုများ ဒေါသထွက်ရမှာလဲ
နားထဲကို ဆူဆူပူပူအသံကြားရင်
သူခိုးလား အဖမ်းအဆီလား လားပေါင်းများစွာနဲ့
အိပ်ယာအောက်က အမေ့ကိုပို့မဲ့ ပိုက်ဆံလေးကို ထုတ်ကြည့်ရင်
အိပ်ရေးပျက်ပေါင်းများခဲ့ပါပြီ
အချိန်တန်လို့ အိပ်ပြန်ကြတဲ့
လေယာဉ်ပျံကြီးကို ငေးကြည့်ရင်း
ဘယ်မှများ
ဒီခရီးကိုဘယ်တော့များမှ ထွက်ရပါ့မလဲ အတွေးပေါင်းများစွာ
စိတ်ကူးကမ္ဘာထဲလဲ
သတိယမိတယ် အမိမြန်မာပြည်ရယ်....................
လွင်ပြင်လှိုင်းငယ်
10 comments:
ကောင်းလိုက်တဲ့စာသားတွေ လွင်ပြင်ရေ။ ပြီးပြည့်စုံမှုမရှိတဲ့ဘဝမှာ ဒုက္ခကိုခါးစည်းခံနေရတဲ့ လူသားတို့အတွက် အမြဲတန်းအမှောင်ကျမနေပါဘူး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာလေးကိုခံစားဖတ်ခဲ့ပါတယ်
ရေးထားတာလေး အရမ်းကောင်းတယ်... ပြောချင်တာလည်း ပေါ်လွင်တယ်... အားပေးနေမယ်နော်.. :D
အားပေးမှု့အတွက်ကျေးဇူးပါ
တစ်ကယ်ပဲ ရင်ကို ထိစေတဲ့ ကဗျာလေးပဲ...
ခံစားအားပေးလျှက်ပါလို့..
မြင်ကွင်းတွေကိုတကယ်ပေါ်လွင်အောင်ရေးသွားနိုင်တယ်
အားပေးလျှက်
မဒိုးကန်
တစ်နေ့နေ့တော့ ပြန်နိုင်မှာပါ။ မိဘကျေးဇူးကို သိတတ်တဲ့သူ၊ မိသားစုအရေးကို နားလည်တဲ့သူ၊ အမိနိုင်ငံကို ချစ်မြတ်နိုးတဲ့သူကို သဘာဝတရားက ပစ်ပယ်မထားပါဘူး။ ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့သစ်လေးတွေကို ရောက်လာဦးမှာပါ။
ဒါနဲ့...
..ဖြေထောက်နဲ့ စေညွှန်တတ်တဲ့ လူမျိုးခြားတွေ..
ဖြေထောက်လား ခြေထောက်လား ကောင်းကောင်း မရှင်းလို့။
ခင်မင်လျှက်
ဒီကဗျာ လေးကိုကြိုက်တယ်ကွာ အားပေးသွားတယ်နော်
အရမ်းထိတဲ့ကဗျာလေးဖတ်ခွင့်ရအောင်လင့်လေးထားပေးခဲ့တာ
ကျေးဇူးပါဗျာ။နောက်လည်းအမြဲလာအားပေးပါ့မယ်။ဘော်ဒါ တစ်ယောက်တိုးလာလို့ဝမ်းသာမိပါတယ်လို့ပြောကြားလိုပါတယ်။
ကဗျာလေးကကောင်းးတယ်နော်...
မြန်မာပြည်ကိုရမ်းချစ်တဲ.သူတယောက်အနေနဲ.လေ...
ခံစားရပါတယ်...
Post a Comment