အတ္တတွေနဲ့ နိုးထရတဲ့ နံနက်ခင်းတိုင်းမှာ
ဆေးရောင်တွေ ခြယ်သထားတဲ့
လောကကြီးရဲ့ မင်္ဂလာပါဆိုတဲ့ နှုတ်ဆက်သံကြား
ချိုမြနေတဲ့ စကားသံရဲ့
နောက်ဆက်တွဲ မျက်စောင်းက ပိုက်ဆံအိတ်ရဲ့
အထီးကျန်ငိုသံနဲ့အတူ
မာယာရဲ့ လမ်းမကြီးပေါ်မှာ
ဟန်ဆောင်အပြုံးတွေ ခေါင်းမှာဆောင်းပြီး
လူတကာရဲ့ အပူမျက်ရည်နဲ့
အာခေါင်စွတ်ပြီး
မြို့ပြရဲ့ လမ်းမတိုင်းမှာ
အမဲလိုက်နေတဲ့ လောဘမုဆိုးတွေကြား......
ငွေဆိုတဲ့ ရှားပါးစက္ကူတရွက်ရဖို့
သောကတွေထမ်းပိုး
ဒုက္ခတွေ အဖော်လုပ်ရင်း
အပြန်လမ်းကို မျှော်ငေးနေတတ်တဲ့
မိသားစုတွေရဲ့ မျက်ဝန်းမိန်မိန်
ထမင်းအိုရဲ့ အထီးကျန်မဆန်
ဆန် ဆိုးလေးများနဲ့ ကခုန်ချင်တဲ့ ဆန္ဒရင်ခုန်သံကို
ကြားယောင်ရင်
လောဘ မုဆိုးတွေရဲ့
လိမ်ညှာခြင်းမြှားတံမှေ၇ှာင်းကွင်းရင်း
ရိုးသားခြင်း ဖိနပ်တစ်ရံနဲ့
မိသားစုရဲ့ အားကိုးတဲ့ အကြည့်လေးကိုမြင်ရဖို့
လှမ်းလို့ ပြန်ခဲ့ပါ့မယ်......
လွင်ပြင်လှိုင်းငယ်
2 comments:
ကဗျာကောင်းလေးခံစားဖတ်ခဲ့ပါတယ်။
အားပေးသွားတယ် ဗျို့ :P
Post a Comment