ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ပေးဆပ်ခြင်းလား

Saturday 3 December 2011

ကြင်နာခြင်းတွေ မထားခဲ့ပါနဲ့

နာကျင်ခြင်းတွေနဲ့အတူ

နာကြည်းမှု့တွေပါ တပါတည်း

ခါးသီးမှု ကျောပိုးအိပ်ထဲသိပ့်ထည့်ပြီး

အမုန်းလမ်းမပေါ်အတိုင်း

မင်းမာန ဦးထုပ်ကို

ခပ်ငိုက်ငိုက်ဆောင်းပြီး

အနာဂါတ်ရှိမဲ့ အရပ်ဆီသို့

လှည့်မကြည့်ပဲထွက်သွားပါတော့  ။


ကမ္ဘာပေါ်မှာ မင်းအတွက်

ငါဟာအရက်စက်ဆုံးလူသားဖြစ်ချင်တယ်

အသည်းနှလုံးမရှိတဲ့သူလို့

မင်းပိုးဆိုးပက်စက်ပြောတာလဲ ခံချင်တယ်

မင်းနဲ့ငါရဲ့ ပတ်သက်မှု့ကို

အမုန်းသွေးနဲ့ခြယ်သထားတဲ့

စိတ္တဇ

ပန်းချီကားတချပ်လို မင်းမြင်လိုက်ပါ

မင်းဘ၀လှပဖို့အတွက် လမ်းမှာတွေ့ရင်တောင်

"ထွီး"ဆိုပြီး တံတွေးနဲ့ လှမ်းထွေးလိုက်ပါ


ဘာကြောင့်ငါဒီလို မင်းအပေါ် ရက်စက်တာလဲ???

ဘယ်တော့မှ

မတွေးလိုက်ပါနဲ့

ငါ့ကိုလာမမေးပါနဲ့

မင်းအတွက်အဖြေမရှိလို့ပါ  ။


အား.............ရင်ဘတ်ထဲကအောင့်လိုက်တာ

အနာဂါတ်မဲ့နေတဲ့ ငါ့ခြေလှမ်းတိုင်းဟာ

လေဟာနယ်ထဲရောက်နေသလိုပဲ

ဘာဖြစ်ဖြစ်ပါ

သူ့ကို အရမ်းနဲ့ အနှိုင်းဆမဲ့

ချစ်တယ်ဆိုတာထက်ပိုချစ်လို့

ဒီလို ရက်စက်ခဲ့တယ်ဆိုတာကို

ကျေးဇူးပြုပြီး သူ့ကို ပြန်မပြောကြပါနဲ့နော်

(မှတ်ချက်။    ။ကိုယ်ချစ်မိသော ချစ်သူကို ဘယ်တော့မှ စွန့်ပစ်ဖို့မကြိုးစားပါနဲ့ တကယ်ချစ်လျှင် ဘယ်အရာမဆို အတူတကွရင်ဆိုင်ကျော်ဖြတ်မှသာ အချစ်စစ်ဖြစ်၏ ။မည်သူမှ မရည်ရွယ်ပါ ကျွန်တော်အဖြစ်လဲမဟုတ်ပါ ကဗျာသက်သက်သာဖြစ်ပါသည်)

လွင်ပြင်လှိုင်းငယ်

4 comments:

ချောကလက်ကျူးပစ်လေး said...

ကဗျာလေးကိုခံစားသွားပါတယ်ကိုကြီးရေ
နောက်ဆိုချစ်သူကိုဘယ်တော့မှစွန့်ပစ်ဖို့မကြိုးစားပါဘူး..:P

လမင်းငယ် said...

မှန်တယ် ချစ်သူကိုအကြောင်းပြချက်အမျိုးမျိုးနဲ့
စွန့်သွားတာ သတ္တိမရှိတာပဲ :P

mstint said...

အနှိုင်းမဲ့အချစ်နဲ့ ကိုယ့်ချစ်သူအပေါ်
တန်ဘိုးထားတတ်တဲ့ လွင်ပြင်လေးရေ
ကဗျာကောင်းလေးတစ်ပုဒ် ဖတ်ခွင့်ရတဲ့အတွက်
ကျေးဇူးပါနော်။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

♫♪★လွမ်းပိုင်ရှင်★♪♫ said...

အားပေးခဲ့ပါတယ်ဗျာ

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :