ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

နင့်အတွက်ငါရဲ့ ဆန္ဒမှန်

Monday 19 December 2011

မိုးမြင့်ထက်ဆီ
တိမ်တိုက်တွေ စစ်ခင်းလို့
ရှုံးနိမ့်မှု့ရဲ့ရလဒ်
အက်စစ်မိုးစက်တွေအဖြစ်
ကမ္ဘာမြေပေါ်သို့
မိုးသီးတွေပါ တပါတည်းခေါ်ဆောင်လာပြီး
ခပ်ပြင်းပြင်း အငြိုးကြီးစွာ ရွာချတဲ့ မိုးစက်တွေကို
ကောင်းကင်ကို ငါမော့
မျက်တောင်တစ်ချက်လေးမှ မခတ်ပဲ
စူးစိုက်ပြီး ကြည့်နိုင်ပါတယ် ချစ်သူ  
သို့သော်
ငါ့အတွက်နဲ့ နင်နာကျင်စရာမှသည်
နားကျည်းစရာ ဝေဒနာသို့ကူးပြောင်း
နင့်နှလုံးသားမှာ ခိုအောင်းပြီး
နာကျင်ခြင်းရဲ့ သက်သေ
ဒီမျက်ရည်စက်တွေတော့
အမြင်မျက်လုံးနဲ့မပြောနဲ့
ပုံဖော်ကြည့်ရတဲ့ အတွေးနဲ့တောင်
မကြည့်နိုင်ပါဘူး ချစ်သူ  ။

အရိုးကွဲမတတ်
အေးစက်တဲ့ ဆောင်းညနက်နက်မှာ
ရေခဲတောင်တက် ခရီးဆက်ရဲပေမဲ့
အေးတဲ့ဆောင်းညက
အနွေးဓါတ်ပေးတဲ့
မီးလင်းဖိုဘေးနား
ခပ်ကွေးကွေးလေးအိပ်နေတဲ့မင်းကို
စောင်မှခြုံရဲ့လားလို့
ညညထစမ်းရတာ
ဆောင်းတွင်းရဲ့ ညတိုင်းပါ ချစ်သူ  ။

နွေ နေမင်းရဲ့
အငြိုးကြီးစွာ ကမ္ဘာမြေပြင်ကို
စူးရှရှအကြည့်ရဲ့ဒဏ်
 သဲပြင်တွေမီးထတောက်
အာခေါင်တွေကွဲအက်လည်း
ဒီခရီးကြမ်း ငါလှမ်းရဲပေမယ့်
နင်မရှိတဲ့လမ်း
နင်မရှိနဲ့နေရာ
နင်မပါတဲ့ဘဝ
နတ်ပြည်ကို အုပ်ချူပ်မင်းလုပ်ဖို့
ခေါ်ရင်တောင်
နင်မပါတဲ့ခရီး
အတွေးနဲ့တောင်မလှမ်းချင်ဘူး ချစ်သူ ။

လွင်ပြင်လှိုင်းငယ်

12 comments:

ချောကလက်ကျူးပစ်လေး said...

ကိုကြီးကချစ်သူကိုတော်တော်ချစ်ပုံရတယ်။
စောင်မှခြုံရဲ့လားလို့
ညညထစမ်းဖို့လူရှာဦးမှသားလဲ..ပီားးး

Thameesan said...

သြော်...ချစ်တတ်သူများ.ကျပြန်တော့း))

♫♪★လွမ်းပိုင်ရှင်★♪♫ said...

အားပေးခဲ့တယ်အကိုတော်ရေ ချစ်သူရှာဦးမှပါဗျာ

Angelhlaing(May everybody be happy and healthy! said...

သြော်....အိန်ဂျယ်ချစ်သူများ အဲလောက်ချစ်တက် ဂရုစိုက်တက်ရင် တော်ပါပြီလေ....:):) အားကျတယ်ဗျို့...

Unknown said...

အရမ်းချစ်တတ်တာပဲဗျာ..
မမတော့ အရမ်းကံကောင်းတယ်...
ညည တကယ်ပဲ စောင်ထထ ခြုံပေးရလားဟင်.. ထမင်းလည်း ခွံ့ရသေးလား..ဟိ
နော့်ကိုလည်း အဲ့ဂလို စောင်လာခြုံပေးမယ့်သူ ထမင်းခွံ့မယ်သူ ရှိရင်ကောင်းမှာ.. :P

ချစ်ခင်လျက်
Junemoe

လမင်းငယ် said...

အားကျတယ်ဗျို့
ချစ်တတ်လိုက်ကြတာနော်

မဒမ်ကိုး said...

သေချာလားတကယ်မလိုက်ဘူးဆိုတာ တစ်ဖက် 500 မဟုတ်ဘူးနော် 1000 တဲ့း)

စံပယ်ချို said...

နတ်ပြည်ကို အုပ်ချူပ်မင်းလုပ်ဖို့
ခေါ်ရင်တောင်
နင်မပါတဲ့ခရီး
အတွေးနဲ့တောင်မလှမ်းချင်ဘူး ချစ်သူ----
နတ်ပြည်ထိတော့မသွားပါရစေနဲ့
နတ်သားတွေအများကြီးနဲ့ မနေနိုင်ဘူး
တခြားနေရာသွားပေါ့နော်

လွင်ပြင်လှိုင်းငယ် said...

မသွားပါဘူးဆို သူကတမျိုး

mstint said...

အဲဒီလို ကြည်နူးမှုလေးတွေကို လွမ်းဆွေးတာတွေထက်
ဖတ်ရတာပိုသဘောကျတယ် လွင်ပြင်လေးရေ။
ဇာတ်လမ်းတွေလည်း ပျော်ရွှင်မှုနဲ့အဆုံးသတ်တာမျိုးပဲ
ကြည့်ချင်တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ပိတောက် said...

အယ် အေးလို့ ရှုးများပေါက်ချမလားလို့စမ်းတာလဲဖြစ်နိုင်တာပဲ။

ကိုရင် said...

စမ်းတယ်ဆိုတာကို သံသယဖြစ်တယ်..ဖြစ်ဒယ်..
ဒါ လက်ရောက်မှုပဲ.. :D

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :