ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

မခွဲချင်ပါ သို့သော် သို့သော်

Saturday, 3 December 2011

အွန်လှိုင်းမှာ ကောင်လေးတစ်ယောက်နဲ့ ချက်တင်ထိုင်ရင်းက အဖြစ်အပျက်လေးတစ်ခုပြောပြချင်ပါတယ်
ကောင်လေးတစ်ယောက် ကျွန်တော်တို့ လာအက်ရင်း လက်ခံပြီးစကားရာကနေ မိတ်ဖွဲ့ နာမည် အသက် အိမ်ထောင်ရှိမရှိ ထုံးစံအတိုင်း ဟိုပြော ဒီပြောရင်းနဲ့ ဘယ်မှာ နေတာလဲလို့မေးတော့ အမှန်အတိုင်း မလေးရှားမှာနေတယ်ပေါ့ ဒီမှာတင် ပြဿနာကစတော့တာပဲ သူကဘာပြောလဲဆိုတော့ အကိုတို့က တိုင်းပြည်ကို မချစ်ဘူး သူများတိုင်းပြည်ကို အထင်ကြီးတတ်တဲ့သူတွေပဲတဲ့ ရင်ထဲကိုအောင့်သွားတာပဲ နောက်ထပ်ပြောသေးတယ် မိန်းကလေးတွေကလဲ နိုင်ငံခြားသွားဖြစ်ချင်တိုင်းဖြစ်နေတယ်တဲ့ ဒါနဲ့ ညီလေးကိုယ်တိုင်တွေ့ဖူးလား မိန်းကလေးတွေ ဖြစ်ချင်တိုင်းဖြစ်နေတာလို့ မေးတော့ သူများပြောပြတာတဲ့ ဒါနဲ့သူ့ကို အချိန်ရလားမေးတော့ ရတယ်အကိုလို့ ရည်ရည်မွန်မွန်လေးပဲပြန်ဖြေရှာတယ် ကျွန်တော်သူ့ကို စိတ်လဲမဆိုးပါဘူး သူကမသိလို့ ပြောတာကို ထို့ကြောင့်သူကို ကျွန်တော်ခံစားမိသမျှပြောပြမိပါတယ်  ။
            တိုင်းပြည်ကိုမချစ်လို့ တိုင်းတပါးကိုသွားတာမဟုတ်ပါဘူး အကြောင်ကြောင်းကြောင့်သာ ကိုယ်ချစ်တဲ့မြေ ကိုယ်ချစ်တဲ့ မိဘ  ကိုယ်လေးစားရတဲ့ ဆရာ ဆရာမတွေ  ခင်တွယ်တဲ့သူငယ်ချင်းတွေကို ခွဲခွါပြီး တချို့က ပညာရေးကြောင့် တချို့ လူမှု့ရေးကြောင့် အများအားဖြင့်ကတော့ စီးပွားရေးကြောင့် ကိုယ်နဲ့ ဘာသာစကား ယဉ်ကျေးမှု့စရိုက် အဆင့်အတန်းခွဲခြားတဲ့လူတွေကြားမှာ မပျော်လဲ တော်ရာမှာနေရတဲ့သဘောပါ  ။တိုင်းပြည်ရဲ့ အရိပ်အောက်က အေးမြတဲ့ မိဘအိမ်လေးကို ဘယ်သူကခွဲခွါချင်ပါ့မလဲ မရှိအတူ ရှိအတူနဲ့ စီးပွာရေးပြဿနာဆိုလဲ မိဘကဒိုင်ခံရှင်းပေးနေရဲ့ဘ၀ နိုင်ငံခြားမှာဆို အရာအားလုံးက ကိုယ်တိုင်ဖြေရှင်းရတာလေ ဒါကြောင့် မိဘအိမ်မှာပဲနေချင်ကြတာပေါ့ သို့သော်လည်း ...........
ကိုယ်တိုင်းပြည်မှာ အလုပ်မလုပ်ချင်လို့ထိုင်နေလဲ မိဘကဆူယုံ ဆဲယုံပဲရှိမယ် နိုင်ငံခြားမှာ အလုပ်မလုပ်ရင် အရင်ဆုံး အလုပ်ပြုတ်မယ် အလုပ်မရှိရင်ငတ်မယ် ကူညီမဲ့သူဆိုတာကလဲ အားလုံးဟာ အလုပ်လုပ်နေကြတာဆိုတော့ အလွန်ဆုံးကူညီ တပတ်ပေါ့ ပြီးရင် နေစရာမရှိနဲ့ ဘယ်လောက် ဒုက္ခရောက်မလဲ တွေးကြည့်ပေါ့ ကိုယ်တိုင်းပြည့်မှာ မိဘနဲ့ အဆင်မပြေလဲ သူငယ်ချင်းတို့ အမျိုးတွေအိမ်မှာ တစ်နှစ်လောက်နေလဲ ဘာမှမဖြစ်ဘူး သူများတိုင်းပြည်မှာ နေစရာမရှိလို့ လမ်းဘေးမှာအိပ်ရဲကဖမ်းသွားမှာပဲ
နိုင်ငံခြားရဲ့ အလုပ်ချိန်ကရှည်တယ် အိပ်ချိန်ကတရက်မှ ၆နာရီလောက်ပဲရှိတာ အများအားဖြင့်က အိပ်ချိန်ကနည်းကြပါတယ် ဒီလိုဒုက္ခတွေနဲ့ ဘယ်သူက နိုင်ငံခြားမှာ ပျော်ကြမလဲ  သို့သော်လဲ.......

ကျောင်းတက်တဲ့ ကျောင်းသူကျောင်းသားတွေကကော မြန်မာပြည်မှာလို ဆန်ပေးဆီပေးနဲ့ ပညာသင်လို့ ရတာမဟုတ်ဘူး အားလုံးက ကိုယ်တိုင်ကြိုးစားရတာတွေကြီးပဲ နောက်တစ်ခု ညီလေးမေးတဲ့ နိုင်ငံခြားက မိန်ကလေးတွေက နေချင်သလိုနေ ဖြစ်ချင်သလိုဖြစ်နေတယ်တဲ့ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ မိန်းကလေးတော်တော်များများရှိပါတယ် အားလုံးကိုယ့်အလုပ်နဲ့ကိုယ် ကိုယ့်အိမ်ထောင်နဲ့ကိုယ် ချစ်သူရှိတဲ့သူကလဲ သူ့ချစ်သူနဲ့သူပေါ့ အားလုံး စည်းကမ်းလေးတွေနဲ့ပါပဲ ဒါပေမဲ့ ချွင်းချက်အနေနဲ့ပေါ့ ဘယ်တိုင်းပြည်မှာမဆို ပျက်ဆီးတဲ့သူတော့ရှိတာပါပဲ တစ်ဦးတစ်ယောက်အတွက်နဲ့ အားလုံးကို ၀ါလုံးရှည်နဲ့ရမ်းတာတော့မကောင်းဘူးပေါ့ တစ်ဦးတစ်ယောက်ဆိုတာကကော ဘယ်သူက လူပြောခံပျက်စီးချင်ပါ့မလဲ
 သို့သော်.............
ဒါကြောင့် အားလုံးကတော်ရာမှာနေကြရတာပေါ့ ဒါကို တိုင်းပြည်မချစ်ဘူး သူများတိုင်းပြည်ကို အထင်ကြီးတယ်လို့ပြောတာတော့မကောင်းဘူးပေါ့ ကိုယ့်တိုင်းပြည်သာ တိုးတက်ကြည့်ပါ လူတိုင်း ဟမ်းဖုန်း ၂လုံးလောက်စီ တအိမ်မှာ ကားအနည်ဆုံးတစီနဲ့ တနေ့လုပ်ရင် ၃ရက်လောက်ထိုင်စားလို့ရတဲ့အလုပ် လူတိုင်းမှာရှိပါစေဘယ်သူက သွားမလဲဒီနိုင်ငံခြားကို။ပညာရေးအနေနဲ့ကြည့်မယ်ဆို နိုင်ငံခြားက ကလေးတွေက ရနှစ်၈နှစ်အရွယ်တွေက ရိုးရာဘာသာစကားတောင်သုံးစရာမလိုပဲ အားလုံး အင်္ဂလိပ်လိုပြောနေတာ မနာလိုတောင်ဖြစ်ချင်တယ်
 ထို့ကြောင်း အကိုတို့ နိုင်ငံနေဖြစ်တယ်ဆိုတဲ့အကြောင်း သူ့ကို ရင်နာနာနဲ့ ပြောပြဖြစ်ပါတယ်
သူနားလည်မလည်တော့မသိပါ ကျွန်တော်တော့ တော်တော်လေးမောသွားပါတယ်
(ကဗျာအဟောင်းလေးပါတွဲတင်ပေးလိုက်ပါတယ်)

                       နားလည်ပေးပါ အမိနိုင်ငံ



အခြေနေမပေးလို့ ဝေးခဲ့ရတာပါ
ပညာတွေမတတ်လို့
ထားခဲ့ရတာပါ
မာန်တွေတက်ပြီး
 ထွက်ခဲ့တာလဲ မဟုတ်ပါဘူး....

 စုတ်ပြတ်နေတဲ့ ဗလာစာအုပ်နှစ်အုပ်လောက်နဲ့
  တိုနှံနှံ ခဲတံငုံတိုလေးတွေက ဟောင်းနွမ်းနေတဲ့
 လွယ်အိပ်လေးရဲ့ ဘေးမှ ဟိုတစ ဒီတစနဲ့
   အဖြူရောင်ကိုကျော်လွန်နေတဲ့ ၀ါညစ်ညစ်
အစိမ်းရောင်မှာ တွယ်ကပ်နေတဲ့ အပ်ချည်ကြိုး ချူပ်ရိုးကြောင်းနဲ့
   ကျောင်းတက်ရမှာကို သေမလောက်ကြောက်(ရှက်)တတ်တဲ့
   ညီ ညီမလေးတွေရဲ့ အားကိုးတဲ့ အကြည့်....

  မနက်မိုးလင်းလို့ ဆန်အိုးကိုမကြည့်ရဲတဲ့
  သားသမီးတွေ စောစောထပြီး
   ဗိုက်ဆာလိုက်တာ ဆိုတဲ့အသံကို
    မိုးကြိုးအစင်းတစ်ရာပစ်တဲ့အသံထက်
   ကြောက်ရွံတတ်တဲ့ အမေ......

    စောစောထ သောကတွေနဲ့မျက်နှာသစ်
    နေနေပူပူမှာ ဒုက္ခတွေကို ဦးထုပ်လုပ်ပြီး
     နေညိုချိန်တောင်မှ ချွေးသီးလေးတွေနဲ့
      ကိုယ်လက်သန့်စင်ပြီး အိမ်ပြန်လာရတဲ့ အဖေ။

                           ဒီလိုအဖြစ်                               
                         ဒီလိုအပျက်                                  
    ဒီလိုရက်တွေများခဲ့တော့လဲ
     ဒုက္ခတွေကို ကျေားပိုးပြီးတော့
    ထွက်ခဲ့ရပေါ့ မြန်မာပြည်  ။

     တန်ဖိုးမထားလို့မဟုတ်ပါဘူး
       ဆန်ဖိုးလေးတောင်ရှာမရခဲ့လို့ပါ
   မမြတ်နိုးလို့လဲမဟုတ်ခဲ့ပါဘူး
     နှစ်ကျပ်ဖိုးနဲ့ မုန့်စားရတဲ့ ခေတ်ကကုန်ခဲ့ပြီလေ
     မခင်တွယ်လို့လဲမဟုတ်ပါဘူး
      မြင်ရတဲ့ဒုက္ခတွေက တစ်ရက်ထဲမှမဟုတ်တာ
                မမေ့ရက်ပါဘူး
      အမိတိုင်းပြည်ကြီးကို
        သို့ပေမဲ့လဲ
ဝမ်းတထွာပေါင်းမြောက်များစွာအတွက်
ပြေးရပေါ့ တပါးတိုင်းပြည်.....
ဘာသာစကားတွေ ကွဲပြား
ခြေထောက်နဲ့ စေညွှန်တတ်တဲ့ လူမျိုးခြားတွေရဲ့
အေးစက်တဲ့ ယုံကြည်မှု့မရှိတဲ့ မျက်ဝန်းအကြည့်တွေမှာ
ဝမ်းတစ်ထွာပေါင်းများစွာရဲ့
အစာအိမ်ကို ကူညီပေမဲ့ ငွေဆိုတဲ့ အရိပ်ပါနေတော့
ဘယ်လိုများ ဒေါသထွက်ရမှာလဲ
နားထဲကို ဆူဆူပူပူအသံကြားရင်
သူခိုးလား အဖမ်းအဆီလား လားပေါင်းများစွာနဲ့
အိပ်ယာအောက်က အမေ့ကိုပို့မဲ့ ပိုက်ဆံလေးကို  ထုတ်ကြည့်ရင်
အိပ်ရေးပျက်ပေါင်းများခဲ့ပါပြီ
အချိန်တန်လို့ အိပ်ပြန်ကြတဲ့
လေယာဉ်ပျံကြီးကို ငေးကြည့်ရင်း
ဘယ်မှများ
ဒီခရီးကိုဘယ်တော့များမှ ထွက်ရပါ့မလဲ အတွေးပေါင်းများစွာ
စိတ်ကူးကမ္ဘာထဲလဲ
သတိယမိတယ် အမိမြန်မာပြည်ရယ် ။


လွင်ပြင်လှိုင်းငယ်





11 comments:

chocolatecupidlay said...

ဘယ်သူကကိုယ်နိုင်ထက်ဘယ်နိုင်ငံကိုအထင်ကြီးမှာလဲ
ဘယ်သူကကိုယ့်နိုင်ငံကိုမချစ်မှာလဲ
အဲဒီလိုအမြင်စောင်းနေတဲ့သူတွေ
တစ်ယောက်မကောင်းလို့အားလုံးပါပုံချလိုက်တာမျိုးလုပ်လိုက်တဲ့သူတွေကိုနာလည်ပေးလိုက်ပါကိုကြီးရေ
အမြင်မကျယ်သေးလို့လို့သာမှတ်လိုက်ပါ..:)

လွမ်းပိုင်ရှင် said...

ဒါတို့တိုင်းတို့ပြည်တို့မြန်မာတွေ သိတော့ဝူး

jasmine(တောင်ကြီး) said...

အမလေးတော် ဆားချက်တာပဲကြားဖူးပါတယ်
သူကျမှ ဆားဖြူးသွားတာလေ

ကိုရဲ said...

တကယ်ကောင်းပါတယ်ဗျာ.. ကျွန်တော်လည်း လာပြီး ပညာယူသွားပါတယ် .. ခင်ဗျာ..

Anonymous said...

မပူပါနဲ့ရှင်
မကြာခင်ပြန်လာရတော့မှာပါ
မလာဘူးပြောရင်တောင်
အတင်းခေါ်တော့မှာပါ
အကြောင်းကတော့..
မြန်မာပြည်ကြီး
မကြာခင်
development country ဖြစ်လာတော့မှာ
မို့လို့ပါ :P

Candy said...

အစ်ကိုရေ.. ကဗျာလေးအရမ်းကောင်းတယ်..
အမှန်ပဲအစ်ကိုရေ.. ဒီမှာကျောင်းတက်ရတာ ရန်ကုန်မှာလို မလွယ်ဘူး.. ကိုယ့်ဟာကိုယ်လေ့လာရတာကများတယ်.. ဆရာတွေကလည်း အခန်းတစ်ခန်းကို Slide show လေး 10 slide လောက်သင်တာလေ.. ကျန်တာကိုယ့်ဟာကိုယ်ဖတ်ပဲ >.<

Anonymous said...

ကဗျာလေးလည်းကောင်း.. ရှင်းပြချက်လေးလည်းကောင်းတယ် အကိုရေ..။
ဟုတ်ပါတယ်ဗျာ။ ဘယ်သူက ကိုယ့်ဇာတိနိုင်ငံကို ခွဲနိုင်မှာတုန်း။ အခုဆို ကိုယ်တိုင်က တနယ်တကျေးကို ရောက်နေတော့ ပိုလို့ ကိုယ်ချင်းစာမိတယ်။ ဇာတိမြေ မန်းလေးကို လွမ်းလိုက်တာဗျာ။ ဒီလိုပဲ နိုင်ငံခြားရောက် ရွှေမြန်မာတွေလည်း အကြောင်းအမျိုးမျိုးကြောင့်သာ ခွဲခွာခဲ့ရတာ ကိုယ့်ဇာတိနိုင်ငံကိုတော့ လွမ်းပြီး ပြန်လာချင်ကြတာချည်းပါပဲလေ။

ခင်လျက်
Junemoe

လမင်းငယ် said...

ဟုတ်ပါတယ် လမင်းလည်းအပြောခံနေရပါတယ်
မချစ်လို့တော့မဟုတ်ပါ ခွဲချင်လို့မဟုတ်ပါ
မလွယ်သာလို့ ပါ လို့ :)

ချမ်းမင်းကို(ပဥာက်) said...

အမ်း..ရင်ထဲကိုအောင့်သါားတာပါပြ..အနေအထိုင်မတတ်သူတွေောကာင့် ဘေးလူတွေပါ ထိခိုက်ပါ၇ေ၇ာလား

မဒမ်ကိုး said...

သြော် ပြောလိုက်ပါ အဲကောင်လေးကို
မဒိုးကန်နဲ့သာတွေ့လိုက်ပါလို့
မျက်ရည်တောက်တောက်ကျသွားမယ်
နိုင်ငံခြားမှာဘာကြောင့်နေလဲ ဘာကြောင့်လုပ်သလဲဆိုတာ ပြောပြလိုက်ရင် ထမင်းတောင်မစာနိုင် မျက်ရည်ပင်လယ်ဝေသွားမယ်လို့း)

မြသွေးနီ said...

အကြောင်းကြောင်းကြောင့် ပြည်ပမှာနေနေရပေမယ့် ကိုယ့်အိမ်ကိုယ်ယာကိုယ့်တိုင်းပြည်လောက် နေလို့ ကောင်းတာ မရှိဘူးဆိုတာ ဗမာလူမျိုးတိုင်း သိကြပါတယ်။
Home Sweet Home...
There's no place like home....

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :